သတင်းတိုများ
မေနှင်းကြည် စုစည်းရေးသားသည်။
ရန်ကုန်၊ မတ် ၃၀
ဂရေဟမ်
ဒီနှစ်သင်္ကြန်ပြီးရင် တစ်ကိုယ် တော်စီးရီး ထွက်ဖြစ်မယ်။ သင်္ကြန်စီးရီးတွေမှာတော့ ဒီနှစ် သီချင်းမဆိုထား ဘူး။ သင်္ကြန် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ သီချင်းဆိုမယ်။ နှစ်တိုင်းဆိုနေကျ သင်္ကြန်သီချင်းအဟောင်း တွေကိုပဲ သီဆိုဖြစ်မယ်။
ယုန်လေး
လှိုင်သာယာ ဗစ်တိုးရီးယားမှာ ဧပြီ ၆ ရက် "Hello Music" သင်္ကြန်စီးရီး လက်မှတ်ရေးထိုးပွဲ ရှိတယ်။ နယ်တွေမှာတော့ ပြီးသွားပြီ။ ဒီနှစ်သင်္ကြန်ကို ရန်ကုန်နဲ့ မန္တလေးမှာ သီချင်း ဆိုမယ်။ ပရိသတ်တွေနဲ့ အပေးအယူမျှအောင် ဆိုဖြစ်မှာပါ။
သားစိုး
နှစ်တိုင်း သင်္ကြန်မှာထွက်ဖြစ်တဲ့ ကျွန်တော့်စီးရီး ထွက်မယ်။ ခေါင်းစဉ်ကိုတော့ ထူးခြားအောင် “ရောသမ ပေါင်းချုပ်” လို့ ပေးထားတယ်။ အရင်ထွက်ပြီးတဲ့ စီးရီးတွေကို ပေါင်းချုပ်လုပ်ထားတဲ့ သဘောပါ။ ဒီနှစ် သင်္ကြန်မှာတော့ ကျွန်တော့်ရဲ့စီးရီးအသစ်နဲ့ ပရိသတ်များ ပျော်ရွှင်နိုင်မှာပါ။
ဖူးစုံ
အမေရိကမှာ နှင်းဆီအငြိမ့် ဖျော်ဖြေနေတယ်။ ဧပြီ ၉ ရက်မှာ မြန်မာပြည် ပြန်ရောက်မယ်။ သင်္ကြန် အစီ အစဉ်ကတော့ မဆုံးဖြတ်ရသေးဘူး။ သီချင်း ဆိုဖြစ်မှာလား၊ အိမ်မှာရှိဖြစ်မလား မသေချာဘူး။ သင်္ကြန်ပြီး ရင်တော့ ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းထားတယ်။
သွန်းဆက်
မော်ဒယ်ရှိုး လျှောက်ပေးတယ်။ ဓာတ်ပုံတွေနဲ့ ကြော်ငြာရိုက်ကူးနေတယ်။ သင်္ကြန်မှာ နှစ်တိုင်း သူငယ် ချင်းတွေနဲ့ လည်နေကျ။ ဒီနှစ်တော့ မိသားစုနဲ့အတူ ဘုရားဖူးကုသိုလ်ယူမယ်။ သင်္ကြန်ပြီးရင်တော့ ကြော် ငြာရိုက်ကူးမှုကို စိပ်စိပ်လေး လုပ်သွားမယ်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1gSnCRO
Comments
Post a Comment