“ပြန်ဆုံတိုင်း” စီးရီး ကာရာအိုကေ ထွက်ရန်ကြိုးစားနေသည့် ဆင်ပေါက်
မေနှင်းကြည်
ရန်ကုန်၊ မတ် ၃၀
သီချင်းအေးအေးများ သီဆိုထားသည့် ဆင်ပေါက်သည် ၎င်း၏ “ပြန်ဆုံတိုင်း” စီးရီးကာရာအိုကေ ထွက်ရှိ ရန် အမြန်ဆုံး စီစဉ်နေသည်ဟု မဇ္ဈိမသို့ ပြောသည်။
“ကျွန်တော့်စီးရီးကို အမြန်ဆုံးထွက်ဖြစ်အောင် စီစဉ်နေတယ်။ ဒီနှစ်ထဲထွက် နိုင်ရင်တော့ အကောင်းဆုံး ပေါ့” ဟု ၎င်းက ပြောသည်။ အဆိုပါစီးရီးတွင် ရိုက်ကူးမှု ပုံစံများ ပါဝင်မည်မဟုတ်ဘဲ ၎င်း၏သီချင်းများနှင့် လိုက်ဖက်သည့် ရိုက်ကူးမှုပုံစံများသာ ပါဝင်မည်ဖြစ်သည်။ ၎င်းသည် “ပြန်ဆုံတိုင်း” စီးရီးကို၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ထွက်ရှိခဲ့ပြီး ပေါ့ပ်သီချင်းအများအပြား ပါဝင်ကာ ယင်းစီးရီးကို လူငယ်ပရိသတ်များက ကြိုက်နှစ်သက်စွာ အားပေးခြင်းကို ခံရသူဖြစ်သည်။
“အောင်မြင်ဖို့အတွက် အနုပညာ အလုပ်လုပ်တာထက် ပရိသတ်ရင်ထဲမှာ အောင်မြင်သူ တစ်ယောက် ဖြစ်အောင် ကြိုးစားသင့်ပါတယ်” ဟု ဆင်ပေါက်က ပြောသည်။ လက်ရှိတွင် အဆိုပြိုင်ပွဲ အများအပြား ထွက်ရှိလာခြင်းကြောင့် မျိုးဆက်သစ်များအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်အတွက် ၎င်းက သုံးသပ်ပြော ကြားခဲ့ခြင်း ဖြစ်သည်။ အဆိုတော်ဆင်ပေါက်သည် ယနေ့အချိန်ထိ ပရိသတ်လက်ခံသည့် အောင်မြင် ကျော်ကြားနေသည့် အနုပညာရှင်တစ်ဦး ဖြစ်သည်။
အဆိုတော်ဆင်ပေါက်သည် ၂၀၀၂ ခုနှစ်တွင် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး “မင်းတစ်ယောက် ထဲ” ၊ “အင်းလျားသို့”၊ “အကြည့်တစ်ချက်” သီချင်းများဖြင့် ပရိသတ် သိခဲ့သူဖြစ်သည်။ လက်ရှိတွင် နယ် ရှိုးများ သီချင်းသီဆိုမှု မရှိသော်လည်း သီချင်းများကို ရေးစပ်နေသည်။ ၎င်းသည် “ကလေး တစ်ယောင်ရဲ့ ဗီဇ”၊ “အကြည့်တစ်ချက်” နှင့် “ပြန်ဆုံတိုင်း” စီးရီးသုံးခုကို ထွက်ရှိခဲ့သူ ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCIOy
Comments
Post a Comment