ယခုနှစ် လူငယ်အသင်းပြိုင်ပွဲတွင် အသက်လိမ်ပါက ပြင်းထန်စွာအရေးယူမည်
ရဲရင့်ဌေး
ရန်ကုန်၊ မတ် ၃၀
ယခုနှစ် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်-၂ လူငယ်အမှတ်ပေး ပြိုင်ပွဲများတွင် ကစားသမားများ အသက်လိမ်ကစားပါက နှစ်,နှစ်အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်မည်ဟု မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဒါရိုက်တာ ဦးရဲမျိုးဟိန်းက မဇ်္ဈိမသို့ ပြောသည်။
၂၀၁၄ မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းပြိုင်ပွဲကို အသက် ၂၁ နှစ်အောက် သတ်မှတ်ထားပြီး မြန်မာ နေရှင်နယ်လိဂ်-၂ လူငယ်အသင်းပြိုင်ပွဲကို အသက် ၁၈ နှစ်အောက် သတ်မှတ်ထားသည်။ “ကျွန်တော်တို့ က အသက်လိမ်တယ်၊ မလိမ်ဘူးဆိုတာ မှတ်ပုံတင်ကိုပဲ စစ်လို့ရတယ်။ နောက် ကစားသမားမှတ်တမ်းအရ သူကစားခဲ့တဲ့ ပြည်နယ်၊ တိုင်းဒေသကြီးက အားကစား အဖွဲ့ချုပ်တွေက မှတ်တမ်းတွေနဲ့ တိုက်စစ်လို့ ရမယ်။ ကျန်တာကတော့ သူတို့ရဲ့ ကိုယ်ကျင့်တရားအပေါ် မူတည်ပါတယ်။ ဆေးစစ်ချက်က ဒီအရွယ် ကစားသမားတွေမှာ တစ်နှစ်၊ နှစ်,နှစ်လောက် လိမ်ထားရင် မပေါ် ပါဘူး။ အသက်ကျော် ကစားသမား တွေ့ရင် ပထမဆုံး သူ့ကို နှစ်ရာသီပွဲပယ်မယ်။ နောက်ပိုင်းမှာ အသက်လိမ် ကစားသမားတွေ ထည့်ကစား နေမယ်ဆိုရင် အသင်းကိုလည်း အရေးယူဖို့ရှိပါတယ်” ဟု ဦးရဲမျိုးဟိန်းက ပြောသည်။
မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းပြိုင်ပွဲကို မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၁၁ ဘောလုံးရာသီမှစတင်ကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ လူငယ်အသင်းပြိုင်ပွဲများတွင် အ သက်လိမ်လည်မှုနှင့်ပတ်သက်ပြီး နှစ်စဉ် အငြင်းပွားမှုများ ဖြစ်ပေါ်နေသဖြင့် ယခုနှစ်တွင် ပြင်းပြင်းထန် ထန် အရေးယူရန် လိဂ်ကော်မတီမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1gSnHF2
Comments
Post a Comment