Skip to main content

ကျွန်တော်ထိုးတာပဲလူမြင်တယ်၊ ဒိုင်က ကျွန်တော့်ကိုစော်ကားတာ ဘယ်သူမှမသိဘူး . . . ရ...



ကျွန်တော်ထိုးတာပဲလူမြင်တယ်၊ ဒိုင်က ကျွန်တော့်ကိုစော်ကားတာ ဘယ်သူမှမသိဘူး . . .



ရဲရင့်ဋ္ဌေး



မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် (၉)ပွဲ စဉ်တစ်ပွဲဖြစ်တဲ့ ဟံသာဝတီယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက်အသင်း တို့ပွဲစဉ်မှာကွင်းလယ်ဒိုင်ကို ရခိုင်အသင်း တာဝန်ရှိသူတစ်ဦးက ထိုးကြိတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ မြန်မာနေရှင်နယ်လိဂ်မှာ ဒိုင်ကိုကိုယ်ထိလက်ရောက်ကျုးလွန်တဲ့ ဒုတိယမြောက်ဖြစ်ရပ်ဖြစ်ပြီး လူမှုကွန် ရက် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဖေ့ဘုတ်မှာလည်း ဒိုင်ကိုရန်ပြုခဲ့တဲ့ ဗီဒီယိုဖိုင်ကပျံ့နှံ့နေပါတယ်။



ဒီသတင်းတွေကြောင့် ကာယကံရှင် ဦးဖြိုးညီညီစိုးအပါအ၀င် ရခိုင်အသင်းတာဝန်ရှိသူတွေက မတ်လ ၃၀ ရက်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ဖြစ်စဉ်ကိုပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ဒါကြောင့် သတင်းစာရှင်း လင်းပွဲမှာ ဦးဖြိုးညီညီစိုး ပြန်လည်ဖြေရှင်းခဲ့တဲ့စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။



အဲဒီနေ့ကဖြစ်ရပ်မှာ အကို့အနေနဲ့ဘယ်လိုစိတ်ခံစားချက်နဲ့ ဒိုင်ကိုထိုးလိုက်တာလဲဗျ။



ကျွန်တော့်လုပ်ရပ်နဲ့ ပတ်သက်ပြီး သတင်းစာ၊ ဂျာနယ်တွေမှာ သတင်းတွေဖတ်ရပါတယ်။ ဗီဒီယိုဖိုင်တွေ လည်း ဖေ့စ်ဘုတ်မှာတွေ့တယ်။ ကျွန်တော်က ပင်နယ်တီပေးတာ မကျေနပ်လို့ ဒိုင်ကိုထိုးတာလို့ ရေးထား တာတွေဖတ်ရတယ်။ ဖေ့စ်ဘုတ်က မှတ်ချက်တွေမှာလည်း ကျွန်တော်က ရိုင်းတယ်။ ငွေရှိလို့ လုပ်ချင်တာ လုပ်တယ်ဆိုပြီး ရေးထားကြတယ်။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်တာပါ။ ပွဲမှာ ပင်နယ်တီပေးရ တော့ ကစားသမားတွေနဲ့ ဒိုင်တွေ ရုတ်ရုတ်သဲသဲဖြစ်တယ်။ ကျွန်တော် ဘာမှမပြောဘူး။ ကစားသမားတွေ ကိုထိန်းပြီး ပွဲပြန်ကစားဖို့ပြောတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့အသင်းက ကစားသမားတစ်ယောက်ကို အနီကတ်ပြဖို့လုပ်တော့ ပြဿနာထပ်ဖြစ်တယ်။ ကျွန်တော်ဝင်ဆွဲတယ်။ ဒိုင်ကို ကွင်းပြင်သွားဖို့ သတိပေး တော့ မင်းက ဘာအဆင့်ရှိလို့ ငါ့ကိုလာပြောတာလဲ။ ငါက ဒိုင်ကွ။ ဘယ်သူမှ အမိန့်ပေးလို့မရဘူးလို့ ပြန် ပြောတယ်။ ကျွန်တော်လဲ သွေးနဲ့ကိုယ်သားနဲ့ ကိုယ်ပါဗျာ။ ဒေါသထောင်းကနဲဖြစ်ပြီးထိုးလိုက်မိတယ်။ ကျွန်တော်မှားမှန်းသိလိုက်တဲ့အတွက် စတုတ္ထဒိုင်ပြန်ထိုးတာတောင် ဘာမှမလုပ်တော့ဘူး။ ဒီကိစ္စက သူနဲ့ ကျွန်တော် နှစ်ယောက်ထဲသိတာဆိုတော့ ကျန်တဲ့ သူတွေက ဘယ်သိမလဲဗျာ။



အခုဆို ဒီဖြစ်ရပ်အတွက် အရေးယူမှုနဲ့ ရင်ဆိုင်ရတော့မယ်။ အဖွဲ့ချုပ်က ချမှတ်မယ့်ပြစ်ဒဏ် အတွက် အကို့အနေနဲ့ ဘယ်လိုမျှော်လင့်ထားလဲ။



ကျွန်တော်ပရော်ဖက်ရှင်နယ် ဘောလုံးလောကကို ဥဿာယူနိုက်တက် (ယခု ဟံသာဝတီယူနိုက်တက်) အ သင်းနဲ့အတူ ၀င်လာတာပါ။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း နှစ်ခါပြစ်ဒဏ်ကျခံဖူးပါ တယ်။ တစ်ခါမှ စောဒကမတက်ခဲ့ပါဘူး။ အခုဖြစ်ရပ်အတွက် အားလုံးကိုလည်း တောင်းပန်ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လူငယ်အသင်းပြိုင်ပွဲမှာ ဒိုင်ကြီးကြပ်က ကျွန်တော့်ရင်ဘတ်ကိုဆောင့်တွန်းပြီးထိုးတယ်။ ကျွန်တော် ဘာမှပြန်မပြောပါဘူး။ ဒါကို တောင်သုံးပွဲပယ်နဲ့ ဒဏ်ငွေငါးသိန်းဆောင်လိုက်ရတယ်။ အခုလဲ စည်းကမ်းထိန်းသိမ်းရေးရဲ့ပြစ်ဒဏ်ကို ကျွန်တော်ယုံကြည်ပါတယ်။ ဘာပြစ်ဒဏ်ပဲဖြစ်ဖြစ်လက်ခံမှာပါ။ အသင်းကလည်း ကျွန်တော့်ကို ပြစ်ဒဏ်ပေးမယ်လို့ပြောပါတယ်။



ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လိုအပ်ရင် တရားဥပဒေအရ အရေးယူ မယ် လို့ ပြောထားတာရှိပါတယ်။ တကယ်လို့များ တစ်ဖက်က ဥပဒေကြောင်းအရ လုပ်လာရင် အစ်ကို့ အနေနဲ့ရော ဘယ်လိုများတုံ့ပြန်သွားပါမလဲ။



ကျွန်တော်တစ်ခုပြောချင်တာက အဲ့ဒီနေ့က ဦးထွန်းလှအောင်မရှိပါဘူး။ ပွဲပြီးမှသူလာတာပါ။ ပရိသတ်တွေ ပြောတော့ ဒိုင်မှန်တယ်လို့ ပြောပါတယ်။ သူပြောတဲ့ ပရိသတ်တွေဆိုတာ သူလာတဲ့အချိန်မှာ ဟံသာဝတီ ပရိသတ်တွေပဲရှိတော့တယ်။ ပြီးတော့ ကျွန်တော်ပြောချင်တာ MNL-2 ပွဲတွေမှာ ဗီဒီယိုမှတ်တမ်းလုံးဝမရှိ ဘူး။ အဲဒီနေ့ကတောင် မဇ္ဈိမ မီဒီယာက ရုပ်သံလာရိုက်လို့မှတ်တမ်းရတာ။ သူတို့မှာ မှတ်တမ်းတောင် မရှိ ဘူး။ နောက်ပြီး တရားစွဲမယ်ဆိုတာကလည်း ဖီဖာဥပဒေအရ ကွင်းထဲမှာဖြစ်တဲ့ပြဿနာက အရပ်ဘက်ဥပဒေ နဲ့မဆိုင်ပါဘူး။ ဖီဖာဥပဒေ အတိုင်းပဲသွားရမှာပါ။ တရားစွဲလာမယ်ဆိုရင်လဲ ကျွန်တော့်ဘက်ကတော့ ပြင် ဆင်ပြီးရင်ဆိုင်ရမှာပေါ့။



အစ်ကို့ရဲ့လုပ်ရပ်အတွက် အခုအချိန်မှာရော ဘယ်လိုခံစားနေရပါသလဲ။



ကျွန်တော် သူ့ကိုထိုးပြီးကတည်းက ဘာခံစားချက်မှ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်လုပ်ရပ်အတွက် တာဝန်ယူမှာပါ။ ကျွန်တော်ဘောလုံးကိုဝါသနာပါလို့ ဒီအလုပ်လုပ်နေတာ။ ဒါပေမဲ့ ကျွန်တော်အခု ဒီ အလုပ်ကနေ နုတ်ထွက်ပါတော့မယ်။ ကျွန်တော်ပြောချင်တာက အချင်းချင်း လေးစားမှုပေးပါ။ ဒိုင်တွေဆို တာ ကွင်းထဲမှာ အခရာပါ။ ကျွန်တော်ဖြစ်သွားတဲ့ဖြစ်ရပ်က တစ်ပွဲစာတည်းက ခံစားချက် မဟုတ်ပါဘူး။ ကျွန်တော့်ကို ဒိုင်တွေနှိမ်လာတာ အတော်ကြာပါပြီ။ ခံစားချက်တွေများပြီး ပေါက်ကွဲသွားတဲ့သဘောပါ။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCO8S

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...