Skip to main content

အိန္ဒိယရွေးကောက်ပွဲတွင် မိုဒီအနိုင်ရပါက အိမ်နီးချင်းနိုင်ငံများနှင့်အားပြိုင်မှုမျ...



အိန္ဒိယရွေးကောက်ပွဲတွင် မိုဒီအနိုင်ရပါက အိမ်နီးချင်းနိုင်ငံများနှင့်အားပြိုင်မှုများ ပိုပြင်းထန်လာနိုင်



အေအက်ဖ်ပီ



နယူးဒေလီ၊ မတ် ၃၀



အိန်္ဒိယနိုင်ငံတွင် လာမည့်အထွေထွေ ရွေးကောက်ပွဲအပြီး မေလတွင် အတိုက်အခံ ခေါင်းဆောင် နာရန် ဒရာမိုဒီ ၀န်ကြီးချုပ် ဖြစ်လာမည်ဆိုပါက အိန္ဒိယ-တရုတ် နယ်မြေပိုင်နက် အငြင်းပွားမှုနှင့် အိန္ဒိယ-ပါကစ္စ တန် အားပြိုင်မှုများတွင် အိန္ဒိယအနေဖြင့် ပိုမိုအင်အားကောင်းလာလိမ့်မည် ဖြစ်ကြောင်း နာရန်ဒရာမိုဒီ၏ လက်ထောက်နှစ်ဦးက ပြောကြားခဲ့သည်ဟု မတ်လ ၃၀ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။



ဧပြီလ ၇ ရက်တွင် စတင်မည့် ငါးပတ်ကြာ အိန္ဒိယရွေးကောက်ပွဲတွင် အနိုင်ရနိုင်သည်ဟု ရေပန်းစားနေ သော ဟိန္ဒူ အမျိုးသားရေးဝါဒီ မိုဒီသည် အထက်ဖော်ပြပါ အိမ်နီးချင်းနှစ်နိုင်ငံအား ရန်လိုသော အသွင် ဆောင်သည့် သဘောမျိုး ပြောခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် “နယ်ချဲ့ ရေးဝါဒသဘောထား” ကိုစွန့်ပစ်ရန် အိန္ဒိယရွေးကောက်ပွဲ မဲဆွယ်မှုတစ်လျှောက်တွင် သူကသတိပေးခဲ့ပြီး အတိတ်ကာလကလည်း အိန္ဒိယတွင် မွတ်စလင်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစ္စလာမ်နိုင်ငံတစ်ခုဖြစ်သော ပါကစ္စတန်ကို သူက ဆန့်ကျင်ပြောဆို ကြိမ်းမောင်းခဲ့သည်။



“ဒီတိုင်းပြည်ကို ကျွန်တော်ကာကွယ်သွားမှာဖြစ်တဲ့အကြောင်း ဒီနယ်မြေရဲ့ နာမည်အောက်မှာ ကျွန်တော် သစ္စာဆိုပါတယ်” ဟု တရုတ်က တောင်းဆိုလျက်ရှိသော ဒေသတစ်ခုဖြစ်သည့် အရူနာချယ်လ်ပရာဒေ့ခ်ျ ပြည်နယ်တွင် ပြီးခဲ့သောလက ကျင်းပခဲ့သည့် လူထုစည်းဝေးပွဲတစ်ခုတွင် မိုဒီက ပြောခဲ့သည်။



အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့အားလုံးမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်သောနိုင်ငံများ ဖြစ်ကြသည်။ ၎င်း နိုင်ငံများသည် အာဖဂန်နစ္စတန်နိုင်ငံတွင် နေရာယူလွှမ်းမိုးနိုင်ရေးအတွက်လည်း အပြိုင် အဆိုင် ကြိုးပမ်းလျက်ရှိကြသည်။ စစ်ဒဏ်ကြောင့် ညက်ညက်ကြေနေသော အာဖဂန်နစ္စတန် နိုင်ငံတွင် အနောက်နိုင်ငံ တပ်ဖွဲ့များသည် ၁၂ နှစ်ကြာ သူပုန်ထမှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် အာဖဂန်မှ စတင် ဆုတ်ခွာနေပြီဖြစ်ရာ အိန္ဒိယ၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့က အာဖဂန်တွင်နေရာယူနိုင်ရေး ကြိုးပမ်းနေ ကြခြင်း ဖြစ်သည်။



အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နှင့် စစ်သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး၊ တရုတ်နိုင်ငံနှင့်လည်း ၁၉၆၂ ခုနှစ်တွင် နယ် စပ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နှင့် စတုတ္ထမြောက်စစ်ပွဲ ဖြစ်ပွား လုနီးပါး အခြေအနေ ဆိုက်ခဲ့ရသော်လည်း ထိုအချိန်မှစ၍ အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒမှာ အများအားဖြင့် ပျော့ပျော့ပြောင်းပြောင်း ရှိလာခဲ့သည်။



အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိအပြီး ၆၇ နှစ်တာကာလတွင် စုစုပေါင်း နှစ်ပေါင်း ၅၀ ကျော် အာဏာရ ယူနိုင်ခဲ့သော ကွန်ဂရက်ပါတီကိုလည်း နိုင်ငံတော် လုံခြုံရေးကိစ္စတွင် အားနည်းလှကြောင်း မိုဒီက၀ဖန် ခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCHdh

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3