GFA နှင့်ပွဲ အနိုင်ရလဒ်မှာ ထိုက်တန်ဟု ကမ္ဘောဇနည်းပြဆို
သောကြာ
ရန်ကုန်၊ မတ် ၃၀
ကမ္ဘောဇအသင်းနည်းပြ ဦးမင်းဇော်ဦးကGFA အသင်းကို အနိုင်ရခဲ့သည့်ရလဒ်မှာ အသင်းအတွက် ထိုက် တန်သည့် ရလဒ်တစ်ခု ဖြစ်သည်ဟု ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် နေရှင်နယ်လိဂ်ပွဲစဉ် ၈ ဇေယျာရွှေမြေအသင်းနှင့်ပွဲတွင် ကမ္ဘောဇအသင်းနည်းပြချုပ်အဖြစ် စ တင်ကိုင်တွယ်ခဲ့သည့် နည်းပြဦးမင်းဇော်ဦးသည် ဇေယျာရွှေမြေအသင်းအား အနိုင်ရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့သလို GFA အသင်းကိုလည်း ၂-၁ ဂိုးဖြင့် ထပ်မံအနိုင်ရရှိအောင် လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ GFA အသင်းကို အနိုင်ရရှိခဲ့ခြင်းမှာ နည်းပြဦးမင်းဇော်ဦး၏ ဒုတိယမြောက်နိုင်ပွဲ ဖြစ်လာသည်။
ဦးမင်းဇော်ဦးက “GFA အသင်းကို အနိုင်ရတာ ကစားသမားတွေကြိုးစားခဲ့လို့ ထိုက်ထိုက်တန်တန် အနိုင် ရတာလို့ပဲ မြင်ပါတယ်။ ကစားသမားတွေက ပရော်ဖက်ရှင်နယ်ဆို တဲ့အတိုင်းပဲ အကောင်းဆုံးကြိုးစားပြီး နိုင် ပွဲရရှိခဲ့တာပါ” ဟု ပြောသည်။
ကမ္ဘောဇအသင်းသည် GFA အသင်းကို အနိုင်ရရှိခဲ့သည့်အတွက် ရမှတ် ၁၅ မှတ်ဖြင့် အဆင့် - ၅ နေရာ သို့ ရောက်ရှိလာပြီး လာမည့် ဧပြီ ၆ ရက်တွင် နေရှင်နယ်လိဂ် ပွဲစဉ် -၁၀ အဖြစ် ဆောက်သမ်းအသင်းနှင့် သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCNBQ
Comments
Post a Comment