Skip to main content

အိန္ဒိယကုန်တင်လေယာဉ် ပျက်ကျ၊ အမှုထမ်း ငါးဦးလုံးသေဆုံး အေအက်ဖ်ပီ နယူးဒေလီ၊ မတ် ၃...



အိန္ဒိယကုန်တင်လေယာဉ် ပျက်ကျ၊ အမှုထမ်း ငါးဦးလုံးသေဆုံး



အေအက်ဖ်ပီ



နယူးဒေလီ၊ မတ် ၃၀



အိန္ဒိယလေတပ်၏ ကုန်တင်လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ ထိုလေယာဉ်ပေါ်ရှိ အမှုထမ်းငါးဦး သေဆုံး သွားခဲ့သည်ဟု မတ်လ ၂၉ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



အိန္ဒိယစစ်တပ်တွင် မတော်တဆမှု ထိခိုက်များ ဆက်တိုက်လိုလို ဖြစ်ပွားနေခြင်းက အိန္ဒိယစစ်တပ်၏ ဘေး ကင်းလုံခြုံ ရေးအဆင့်အတန်း နိမ့်ကျနေမှုကို မီးမောင်းထိုး ညွှန်ပြနေသည်။



လွန်ခဲ့သောလကလည်း၊ အိန္ဒိယ ရေတပ်အတွင်း မတော်တဆ ထိခိုက်မှုများကို တာဝန်ယူသည့်အနေဖြင့် အိန္ဒိယ ရေတပ်အကြီးအကဲ နုတ်ထွက်သွားခဲ့သည်။ ရေငုပ် သင်္ဘောမတော်တဆမှုတွင် မီးခိုးမွှန်၍ အရာ ရှိနှစ်ဦး သေဆုံးသွားခဲ့ကြောင်း အတည်ပြုသည့်နေ့တွင်ပင် အိန္ဒိယရေတပ်အကြီးအကဲ နုတ်ထွက်သွား ခဲ့ခြင်း ဖြစ်သည်။



ယခု လေယာဉ်မတော်တဆမှုမှာ အမေရိကန်လုပ် C-130 J Hercules လေယာဉ်သည် အိန္ဒိယနိုင်ငံ အလယ်ပိုင်း မက်ဟေပရာဒက်ခ်ျ ပြည်နယ်ရှိ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ပျက်ကျသွားခဲ့ခြင်းဖြစ် ပြီး၊ ပုံမှန်လေ့ကျင့်ရေးတာဝန် ထမ်းဆောင်နေစဉ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။



လေယာဉ်ပေါ်တွင် လိုက်ပါလာသူ အမှုထမ်းငါးဦးလုံး သေဆုံးသွားခဲ့သည်ဟု အိန္ဒိယလေတပ် ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီးဂျရတ်ဂေဝေက ဆိုသည်။



လေယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားပြီး ဖြစ် ကြောင်း အိန္ဒိယကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။



လော့ဟိမာတင်ကော်ပိုရေးရှင်းမှ ထုတ်လုပ်ခဲ့သောလေယာဉ်မှာ အိန္ဒိယလေတပ်အတွက် ၂၀၁၁ ခုနှစ် ဒေါ်လာ ၉၆၂ သန်း ဖြင့် ၀ယ်ယူခဲ့သော လေယာဉ်ခြောက်စင်းအနက်တစ်စင်းဖြစ်သည်။



လေယာဉ်မှာ အိန္ဒိယတွင် ကျော်ကြားလှသော တဂ်ျမဟာ သမိုင်းဝင် အဆောက်အအုံတည်ရှိရာ အက်ရာ မြို့မှ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဂွါလွာမြို့၏ အနောက်ဘက် တွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCKpz

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3