ကမ္ဘာ့သတင်းတိုများ
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးချုပ် တိုက်ခိုက်ခံရ
အာဖဂနစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်အတွင်း လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးချုပ်အား တာလီဘန်များက ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်ဟု မတ်လ ၃၀ ရက်က ရိုက်တာ သ တင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြင်သစ်လေယာဉ်ပျက်ကျမှုတွင်ပါဝင်ခဲ့သူများ အကူအညီပေးမည်
၂၀၀၉ ခုနှစ် ပြင်သစ်လေယာဉ် ပျက်ကျမှုအတွင်း ပါဝင်ခဲ့သည့် ခရီးသည်များ၏ကျန်ရှိသော မိသားစုများက ပျောက်ဆုံးနေသော မလေးရှား လေယာဉ် MH370 ခရီးစဉ်အတွင်း လိုက်ပါသွားခဲ့သူများ၏ ကျန်ရစ်သော မိသားစုများကို အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
ပညာရေးအတွက် အကူအညီပေး
ပါကစ္စတန်နိုင်ငံအတွင်း ကျောင်းနေရန် အခက်အခဲဖြစ်နေသည့် ကလေးငယ်ပေါင်း ၆ ဒသမ ၇ သန်းအား ငွေကြေးအကူအညီပေးမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ပညာရေးအဖွဲ့၏ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် ဂေါ်ဒွန်ဘရောင်း ဦးဆောင်သည့်အဖွဲ့က ကြေညာခဲ့သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကလေး ၃၇၀ လူကုန်ကူးခံရ
ဗဟို အမေရိကနိုင်ငံများမှ အများစုပါဝင်သည့် ဒုက္ခသည်ကလေးငယ်ပေါင်း ၃၇၀ ခန့်မှာ မက္ကဆီနိုင်ငံ အ တွင်း သောင်တင်နေကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်ဟု မတ်လ ၃၀ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
၎င်းတို့အား အမေရိကန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကြေးများစွာရယူခဲ့သည့် လူကုန်ကူးသူများ က မက်္ကဆီကိုနိုင်ငံအတွင်း ထားရှိခဲ့ ခြင်း ဖြစ်သည်။
တောင်ဆူဒန် ဒုက္ခသည်တစ်သန်း
နေအိမ်စွန့်ခွာထွက်ပြေးတောင်ဆူဒန်နိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် လူဦးရေ တစ်သန်း ခန့်မှာ နေ့အိမ်မှ စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ်္ဂက ပြောကြားသည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတို့ထဲမှ လူရှစ်သိန်းကျော်မှာ နိုင်ငံအတွင်း နေရာအနှံ့သို့ ပြောင်းရွှေ့ခဲ့ကြပြီး နှစ်သိန်းခွဲခန့်မှာ အိမ်နီး ချင်းနိုင်ငံများသို့ ပြောင်းရွှေ့သွားကြသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1gSnEJs
Comments
Post a Comment