ထိုင်းတွင် အထက်လွှတ်တော် ရွေးကောက်ပွဲကျင်းပ
အေအက်ဖ်ပီ
ဘန်ကောက်၊ မတ် ၃၀
ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ယင်လပ် အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်နိုင်မည့် အထက်လွှတ်တော်အမတ်များ ရွေးကောက်တင်မြှောက်မည့် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
လမ်းမများအပေါ် လနှင့်ချီ ဆန္ဒပြမှု များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၀န်ကြီးချုပ်ယင်လပ်သည် ၀တ္တရားပျက် ကွက်မှု စွဲချက်များကို ရင်ဆိုင် ဖြေရှင်းနေရသည်။ လွှတ်တော်အမတ် ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက် အလိုတွင် သောင်းနှင့်ချီသည့် လူအုပ်ကြီးက လမ်းပေါ်ထွက်ဆန္ဒပြပြီး ၀န်ကြီးချုပ်ယင်လပ် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
အကျင့်ပျက် ခြစားမှုများကို ကိုင်တွယ်ရန်အတွက် ပြုပြင်ပြောင်းလဲရေးကို ဦးစွာလုပ်သင့်သည်ဟုပြောဆို သော ဆန္ဒပြသူများက အဆိုပါရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခဲ့ကြသည်။ သို့သော် တနင်္ဂနွေနေ့ လွှတ်တော်ရွေးကောက်ပွဲများကိုမူ အစိုးရ ဆန့်ကျင်သူများက အနှောင့်အယှက်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။ ၂၀၀၆ ခုနှစ်ကတည်းကထိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCJSC
Comments
Post a Comment