ဆံကေသာ အလှမပျက်ဘဲ ဆိုးဆေးများ သတိထားဆိုးစေချင်
ပန်းမြတ်ဇော်
ရန်ကုန်၊ မတ် ၃၀
ဆံကေသာဆိုတာ လူတိုင်းမြတ်နိုးတတ်တဲ့ အရာတစ်ခုပါပဲ။ ဒါ့အပြင် လူတစ်ယောက်အတွက်တော့ ဒုတိယမျက်နှာလို့ဆိုရင် မှားမယ်လို့ မထင်ပါဘူး။ ပိတုန်းရောင်ကေသာလို့ ဆိုနေကြတဲ့ ယခင်က ပျိုမေ တို့ရဲ့ဆံသားတွေက အခုချိန်မှာ ပိတုန်းရောင်ဆံကေသာက ရှားမှရှား ဖြစ်လို့နေပါ ပြီ။ ယနေ့ခေတ်မှာ ပျိုမေများရဲ့ အလှအပတွေက နေ့စဉ်နေ့တိုင်း၊ နှစ်စဉ်နှစ်တိုင်း ခေတ်နဲ့အညီ ပေါ်နေတာကြောင့် ဆံပင်နဲ့ ပတ်သက်ပြီးလည်း အမျိုးမျိုးပေါ်လို့ နေပါတော့တယ်။ အခုနောက်ပိုင်းမှာ ပျိုမေ အများစုက ဆံကေသာကို အမျိုးမျိုးလှပအောင် ပြုလုပ်လာကြတာကဖြင့် အရောင်အမျိုးမျိုး ဆေးတွေဆိုးလာကြတာကို တွေ့မြင်နေရ ပါတယ်။ ဒီလိုဆံပင်အရောင်တွေ ဆိုးလာမှုနဲ့အတူ နောက်ဆက်တွဲပြဿနာ တွေက ဆံပင်ဆိုးပြီး တစ်လ လောက်အချိန်မှာ ဆံကေသာ ပိုမိုလှပစေဖို့ ဖြောင့်ကြတဲ့အခါမှာ ဆိုးဆေးနဲ့ ဖြောင့်ဆေး ပေါင်းမိတော့ ဆံပင်တွေ ကြေမွသွားတာကို တချို့ ကြုံတွေ့ကြရမှာပါပဲ။
ဒီလိုဆေးနှစ်ခု ပေါင်းစပ်ခြင်းမှာတော့ ဆိုးဆေးထက် ဖြောင့်ဆေးဟာ ပိုမိုထိခိုက်မှု တွေရှိလာနိုင်ပါတယ်။ ဒါဟာ ဆံကေသာကို ပြုပြင်ပေးသူက မလုပ်တတ်ရင်တော့ အခုလို ဆိုးကျိုးများကို ခံစားရမှာပါ။ အခုလို ပြုပြင်မှုတွေ လုပ်ချင်ရင်တော့ အမှန်တကယ် ကျွမ်းကျင်တဲ့ ဆံကေသာပညာရှင်တွေကို သေချာမေးမြန်း ပြီးမှ ပြုပြင်သင့်ပါတယ်။
ဆံပင်ဆေးဆိုးပြီးတဲ့အခါမှာလည်း ထိန်းသိမ်းဖို့ လိုအပ်သလို ခေါင်းလျှော်ရည်ကိုလည်း ဆံပင်ဆိုးထားတဲ့ ဆံသားအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုသာ အသုံးပြုသင့်ပါတယ်။ Hair code ကိုလည်း ပုံမှန်အသုံးပြုသင့်သလို Hair code မလိမ်းချင်သူများအနေနဲ့ ခေါင်းလျှော်ရည်ကောင်းကောင်းကို အသုံး ပြုသင့်တာပေါ့။
အခုလို ခရမ်းလွန်ရောင်ခြည် ပိုမိုပူပြင်းလာတဲ့အချိန်မှာတော့ နေဒဏ်လေဒဏ်တို့ကြောင့် ဆံသားနှစ်ခွဖြစ် ခြင်းတွေ၊ ပျက်စီးမှုတွေ ကြုံတွေ့ရမှာကြောင့် ဆံသားကို ကာကွယ်ပေးမယ့် ထီး၊ဦးထုပ်တွေကို ယူဆောင် ပြီး အသုံးပြုသင့်ပါတယ်။
ပျိုမေတွေရဲ့ဆံသားတွေ ထာဝရ ကောင်းမွန်စေဖို့အတွက် ဆံပင်အရောင်ဆိုးရင် ဈေးပေါတဲ့ဆိုးဆေးများ မသုံးသင့်သလို ဖြောင့်စင်းလှပတဲ့ဆံကေသာကို ထပ်မံ ပြုပြင်မယ်ဆိုရင် ဆံကေသာပြုပြင်ပေးသူ နဲ့သာ သေချာတိုင်ပင်သင့်ပြီး ဈေးပေါတဲ့ ဆိုးဆေးထက် ကောင်းမွန်တဲ့ဆေးကောင်းကိုသာ အသုံးပြုသင့်တယ် လို့ ဆိုလိုက်ပါရစေ။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1gSnD8k
Comments
Post a Comment