Skip to main content

ရတနာပုံ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကို နေပြည်တော်ဦးဆော...



ရတနာပုံ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကို နေပြည်တော်ဦးဆောင်



သောကြာ



ရန်ကုန်၊ မတ် ၃၀



မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၉) ပွဲစဉ် တွေအပြီးမှာ နေပြည်တော်အသင်းက ဆောက်သမ်းအသင်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ ပါတယ်။



နေပြည်တော်အသင်းက ပထမပိုင်းမှာ ငြိမ်းတေဇာဝင်း၊ အောင်ကျော်နိုင်တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပြီး ပွဲအပြီးမှာတော့ ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။



နေပြည်တော်အသင်းက ဆောက်သမ်းကို အနိုင်ရခဲ့တယ်ဆိုပေမယ့် ဒီပွဲမှာ တိုက်စစ်မှူး ဒီပီတီ ပြိုင်ဘက် ကစားသမားနဲ့ ထိခိုက်မိပြီး ဦးခေါင်းကွဲခဲ့လို့ နေပြည်တော် အသင်းအနေနဲ့ လာမယ့် AFC Cup ပွဲနဲ့ မကွေးအသင်းတို့ပွဲစဉ်မှာ ရုန်းကန်ရဖို့ရှိ နေပါတယ်။



အစောပိုင်း ပွဲစဉ်တွေအပြီးမှာ အမှတ်ပေးဇယားကို ဆက်တိုက်ဦးဆောင်လာခဲ့တဲ့ ရတနာပုံအသင်းက မနောမြေအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့လို့ အဆင့် (၂) နေရာကို ဆင်းပေးခဲ့ရပါတယ်။ ရတနာပုံအသင်း က ပြီးခဲ့တဲ့တစ်ပတ်မှာ နေပြည်တော်နဲ့ သရေကျသလို မနောမြေအသင်းနဲ့ ထပ်မံသရေကျခဲ့လို့ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံး ခဲ့ပါတယ်။ ပွဲစဉ် (၉) အခြားပွဲစဉ်တွေမှာ ရန်ကုန်ယူနိုက်တက်အသင်းက ချင်းယူနိုက် တက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့သလို ကမ္ဘောဇအသင်းကလည်း GFA အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရ ရှိခဲ့ကြပါတယ်။ ရန်ကုန်အသင်းက ချင်းယူနိုက်တက်ကို အနိုင်ရခဲ့သလို ရမှတ် ၁၇ မှတ် ရရှိခဲ့ပေမယ့်လည်း အမှတ်ပေးဇယားထိပ်က နေပြည်တော်အသင်းနဲ့ ငါးမှတ်ထိ ကွာဟနေပါတယ်။ အစောပိုင်းပွဲစဉ်တွေမှာ ရလဒ်ဆိုးနေတဲ့ ကမ္ဘောဇအသင်းက GFA အသင်းကို အနိုင်ရခဲ့လို့ ရမှတ် ၁၅ မှတ်ထိ ရလာပြီး အမှတ်ပေး ဇယား အဆင့် (၅) နေရာထိ တက်လှမ်းနိုင်ခဲ့ပါတယ်။



အလားတူ ရာသီအစပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ဧရာဝတီအသင်းက အဝေးကွင်းမှာ အိမ် ရှင်ဇေယျာရွှေမြေ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နေရှင်နယ်လိဂ် ပွဲစဉ် (၉) နောက်ဆုံးပွဲစဉ်ဖြစ် တဲ့ ဇွဲကပင်အသင်းနဲ့ မကွေးအသင်းတို့ ပွဲစဉ်မှာမကွေးအသင်းက ၀-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCNSi

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...