ဂျနီဖာလိုပက်ဇ် ဒူဘိုင်းရှိုးပွဲတွင် ပရိသတ် အကြိုက်နည်းခဲ့
မဇ္ဈိမ ခိုင်ဖူး စုစည်းရေးသားသည်။
နယူးယောက်၊ မတ် ၃၀
ရှိုးပွဲများတွင် အမျိုးသမီးများ အားကျလောက်သည့် ခန္ဓာကိုယ်ကောက်ကြောင်း အလှကို ထူးထူးခြားခြား ပေါ် လွင်အောင် ပြသလေ့ရှိသည့် ဂျနီဖာလိုပက်ဇ်သည် မတ် ၂၉ ရက်ည၌ ဒူဘိုင်း ကမ္ဘာ့ဖလားပွဲအပြီး ၎င်း၏ပင် ကိုယ်ဟန်အတိုင်း သီချင်းများကို သီဆိုဖျော်ဖြေခဲ့သော်လည်း ပရိသတ်များ စိတ်ဝင်စားမှု လျော့နည်းခဲ့သည်။
အသက် ၄၄နှစ်ရှိပြီဖြစ်သည့် ကလေး နှစ်ယောက်မိခင်ဖြစ်သူ ဂျနီဖာသည် ၎င်း၏ ခန္ဓာကိုယ် တောင့်တင်း ခိုင်မာမှု လျော့ကျခြင်းမရှိသည်ကို ယင်းပွဲ၌ တွေ့ရသည်။ ၎င်းသည် ဒူဘိုင်းမြို့၊ Meydan Racecourse ဖျော်ဖြေပွဲတွင် ကိုယ်နှင့်ကပ်နေသည့် တစ်ဆက်တည်း ဂျင်းဝတ်စုံတိုကို ရင်ဘတ်နား အတွင်းခံ ငွေမင် ရောင် အင်္ကျီပေါ်လွင်အောင် ၀တ်ဆင်ထားပြီး သီဆိုဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။
အမေရိကန် Idol အဆိုပြိုင်ပွဲ၏ ဒိုင် လူကြီးတစ်ဦးဖြစ်သည့် ဂျနီဖာလိုပက်ဇ်သည် ပြိုင်ပွဲအပြီးတွင် ဖျော်ဖြေ ပွဲကို လာရောက်ခဲ့ကြသည့် “ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းင်းတွစ်တာပေါ်၌ ရေးသား ခဲ့သည်။
အကတွင် အလွန်ထူးခြား ပြောင်မြောက်လှသည့် ဂျနီဖာလိုပက်ဖ်သည် လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က "That’s The Love Goes"တေးအယ်လ်ဘမ်နှင့် အလွန်အောင်မြင် ကျော်ကြားခဲ့သူဖြစ်ပြီး လတ်တလော တွင် ပီရာတို့စ်ကာဒို၊ ဂျက်ဆီကာဆန်းချက်၊ အယ်လစ်ဆင်အိုင်ယာဟီတာတိုနှင့်အတူ အမေရိကန်Idolအဆိုပြိုင်ပွဲ၏ ဒိုင်လူကြီးအဖြစ် ပူးတွဲတာဝန်ယူဆောင်ရွက်လျက် ရှိသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1gSnDVV
Comments
Post a Comment