Skip to main content

ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ရန် လိုအပ်ကြောင်း မြန်မာခေါင်းဆေ...



ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ရန် လိုအပ်ကြောင်း မြန်မာခေါင်းဆောင်များကို ဂျွန်ကယ်ရီသတိပေး



အမေရိကန်နှင့် တိုးတက်နေသော ဆက်ဆံရေးအတွက် မြန်မာနိုင်ငံ၏ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြ§င့် ရန်လိုအပ်မည်ဖြစ်ပြီး လူ့အခွင့်အရေးတိုး တက်စေမည်ဟု ပေးထားသောကတိများ ပျက်ကွက်သည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ဟု အမေရိကန်က ယူဆသည်များကို ရပ်တန့်ရန် လိုအပ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဩဂုတ် ၉ ရက်တွင် မြန်မာခေါင်းဆောင်များကို သတိပေးခဲ့သည်။



မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန်သမ္မတအိုဘားမား လာရောက်လည်ပတ်ခဲ့မှု၊ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအချို့ကို လျှော့ချပေးခဲ့မှုတို့ရှိခဲ့ပြီးနောက် အမေရိကန်က မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများနှင့် သတင်းစာလွတ်လပ်ခွင့်ကို ထိန်းချုပ်မှုများအပါအဝင် လူ့အခွင့်အရေး အခြေအနေများ ဆိုးရွားလာနေကြောင်း သတိပေးခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန် နှင့် ထိပ်တန်းဥပဒေပြုအမတ်များကို တွေ့ဆုံ ခဲ့သောကယ်ရီသည် ယင်းပြဿနာများကို ဆွေးနွေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ ထို့ပြင် လာမည့် နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတပြီး ယုံကြည်စိတ်ချ ရမှုခိုင်မာသော ရွေးကောက်ပွဲများ ဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်း လဲမှုများကို ရှေ့ဆက်ဆောင်ရွက်သွားရန်လည်း မြန်မာခေါင်းဆောင်များကို ဂျွန်ကယ် ရီက တိုက်တွန်းခဲ့သည်။



အမေရိကန်သမ္မတအိုဘားမားသည် အာရှခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေး ပွဲတက်ရောက်ရန် နိုဝင်ဘာ၌ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲသို့ သမ္မတအိုဘားမားတက် ရောက်မည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများ တိုးတက်သည်ကို မမြင်တွေ့ရပါက အမေရိ ကန်သည် ပိတ်ဆို့အရေးယူမှုများ ထပ်မံလျှော့ ချသွားဖွယ်မရှိကြောင်းကို ကယ်ရီ၏တံခါး ပိတ်ဆွေးနွေးပွဲများအား အများပြည်သူသို့ ထုတ်ဖော်ပြောကြားခွင့် မရှိသောကြောင့် အမည်မဖော်လိုသော အမေရိကန်တာဝန်ရှိ သူများက ပြောကြားခဲ့ခြင်းဖြစ်သည်။



အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တက်ရောက်ခဲ့သော ကယ်ရီက ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှု ကာလအတွင်း အခက်အခဲများကို ကျော်ဖြတ်ရန်အတွက် မြန်မာအစိုးရနှင့် အတူတကွဆောင်ရွက်လိုကြောင်း ကယ်ရီက ပြောကြားခဲ့သည်။



“မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရချိန်မှာ အမေရိကန်ရဲ့ ချစ်ခင်ရင်းနှီးမှုနဲ့ ထောက်ခံမှုတွေ ရှိနေတယ်ဆိုတာ မြန်မာပြည်သူတွေကို ကျွန်တော်က သိစေလိုပါ တယ်”ဟု ကယ်ရီက ပြောကြားခဲ့သည်။



လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သော မြန်မာအစိုးရတာဝန်ရှိသူများကို ပိတ်ဆို့ အရေးယူမှုများချမှတ်ရန် အိုဘားမားအစိုးရ ကို ပြီးခဲ့သည့်တစ်ပတ်တွင် အမေရိကန် ဥပဒေပြုအမတ် ၇ဝ ကျော်က တိုက်တွန်းခဲ့ သည်။ သိသာထင်ရှားသော တိုးတက်မှုများ မရရှိလျှင် မြန်မာအစိုးရကို ထပ်မံလိုက်လျော အလျှော့ပေးမှုများကို ဆန့်ကျင်သွား မည်ဖြစ်ကြောင်း ယင်းဥပဒေပြုအမတ်များ က ပြောကြားခဲ့သည်။



သမ္မတဦးသိန်းစိန်နှင့်အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဂျွန်ကယ်ရီတို့ သတ်မှတ်ချိန် ထက် အချိန်ပိုကြာဆွေးနွေးခဲ့ပြီး အရေးယူခံရသော ဂျာနယ်လစ်များအခြေအနေကို ဂျွန်ကယ်ရီက မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။



နေပြည်တော်၌ပြုလုပ်နေသော အာဆီ ယံဒေသတွင်း ဖိုရမ်တက်ရောက်ရန် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သော ဂျွန်ကယ်ရီသည် နေ ပြည်တော်သို့ရောက်ရှိသည့် ဩဂုတ် ၉ ရက် နံနက်ပိုင်းမှာပင် သမ္မတဦးသိန်းစိန်နှင့် သီး ခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။



ထိုသို့ တွေ့ဆုံရာ၌ အချိန်တစ်နာရီသာ ဆွေးနွေးရန် သတ်မှတ်ခဲ့သော်လည်း နံနက် ၁ဝ နာရီမှ ၁၁ နာရီ ၃ဝ မိနစ်အထိ မိနစ် သုံးဆယ်တိုးပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။



“နှစ်ဖက်စလုံးက ရင်းနှီးစွာနဲ့ပွင့်လင်း စွာနဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန် အမြင်ချင်း ဖလှယ်တာကို လုပ်ခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေက နှစ် နိုင်ငံဆက်ဆံရေးတိုးမြ§င့်ဖို့၊ ပြီးလို့ရှိရင် မြန် မာနိုင်ငံမှာ နည်းပညာဆိုင်ရာ အကူအညီ တွေပိုမိုပေးအပ်ဖို့၊ နောက်တစ်ခါ ကျွန်တော် တို့ စီးပွားရေးနဲ့ ကုန်သွယ်ရင်းနှီးမြ§ုပ်နှံမှုတွေ တိုးမြ§င့်ဖို့ဆိုတာတွေ ကျွန်တော်တို့ ဆွေး နွေးခဲ့ပါတယ်”ဟု သမ္မတပြောရေးဆိုခွင့်ရှိ သူဦးရဲထွဋ်က ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းကအာဆီယံအစည်းအဝေးများ ပြုလုပ်နေသည့် MICC ခန်းမရှိ မီဒီယာစင်တာ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသည်။



“အလားတူပဲ ဒီကနေ့ကျွန်တော်တို့ ပြု ပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဖြစ်တဲ့ ရခိုင်ပြည်နယ်ပြဿနာ၊ နောက်တစ်ခါငြိမ်းချမ်းရေး ဆွေးနွေးမှု၊ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး မြ§င့်တင်မှုအခြေအနေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဖြစ်ပါတယ်”ဟု ဦးရဲထွဋ်က ဆက် လက် ပြောကြားသည်။



မစ္စတာ ဂျွန်ကယ်ရီက ဂျာနယ်လစ်များ အရေးယူခံထားရမှုနှင့် ပတ်သက်၍လည်း သိချင်သည်များကို မေးမြန်းခဲ့သည်ဟု ဦးရဲ ထွဋ်က ဆိုသည်။



“မစ္စတာကယ်ရီက တစ်ခုပဲ mention လုပ်ပြီးပြောပါတယ်။ အဲဒါက ယူနတီဂျာ နယ်က သတင်းသမားတွေ အရေးယူခံရတဲ့ အခြေအနေကိုသူမေးပါတယ်။ မေးတဲ့အ တွက် သမ္မတကြီးက အရေးယူဆောင်ရွက် ခဲ့တဲ့အခြေအနေတွေကို ရှင်းပြပါတယ်”ဟု ဂျွန်ကယ်ရီက မေးမြန်းခဲ့သည့် အကြောင်း အရာများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်ဖြေရာ၌ ဦးရဲထွဋ်က ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။



အမေရိကန်အထက်လွှတ်တော်အမတ် များက ပေးပို့ခဲ့သော စာနှင့်ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။



“နိုင်ငံခြားရေးဝန်ကြီးက မြန်မာနဲ့ပတ်သက်ပြီး ကွန်ဂရက် အမတ်တွေ စိုးရိမ် နေတဲ့ကိစ္စကို ပြောဆိုခဲ့ပါတယ်။ မြန်မာ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်က အတော်လေး စိတ်ဝင်တစားရှိတဲ့အ ကြောင်းကို ပြောကြားပါတယ်။ ဒါပေမဲ့ ပို့ လိုက်တဲ့စာကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် ကိုတော့ မပြောခဲ့ပါဘူး။ သူပြောသွားတာ မှာ စိုးရိမ်မှုရှိနေတယ်ဆိုတာရယ်။ မြန်မာ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုတွေကို နီးကပ်စွာ စောင့်ကြည့်နေတယ်ဆိုတာရယ် ပြောဆိုခဲ့ ပါတယ်”ဟု ဦးရဲထွဋ်က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောဆိုခဲ့သည်။



လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီးလည်း လုပ်ဆောင်သင့်သည်များ ကို ဂျွန်ကယ်ရီကပြောကြားခဲ့ပြီး မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ဆို သည်ကို အသေးစိတ်ပြောကြား၍ မရနိုင် ကြောင်း ဦးရဲထွဋ်က ဆိုသည်။



ရခိုင်ပြည်နယ်အရေးကိစ္စ အတွက်ကိုလည်း ဂျွန်ကယ်ရီဘက်က ပြောကြားမှုများ ရှိခဲ့သည်။



“သူကတော့ ပြဿနာတွေရှိတယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ ဆိုတဲ့ဟာနဲ့ပဲပြောတာပါ။ အပြစ်တင်တာမဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရခိုင်ပြဿနာက စိန်ခေါ်မှုတစ်ခု ဖြစ်နေတယ်။ ဒီစိန်ခေါ်မှုကို ဖြေရှင်းနိုင်ဖို့အတွက် ဘယ်လိုကိစ္စလေးတွေကိုတော့ကိုင်တွယ်ရင် ကောင်းမယ်ဆိုတာပြောတာ။ အသေးစိတ်တော့ ပြောလို့မရဘူး” ဟု ဦးရဲထွဋ်က ပြောကြားသည်။



မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးကို ပြောဆိုရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဆိုင်ရာကိစ္စမှာ အကြောင်းအရာတစ် ရပ်အနေဖြင့် ပါဝင်ခဲ့ကြောင်း သိရသည်။ “ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ တော့ ခြုံငုံပြီးတော့ ပြောသွားတာရှိပါတယ်။ ဒါကတော့ အကြောင်းအရာတစ်ခုအနေနဲ့ ပါတာပေါ့။ ဒါက ကျွန်တော်တို့လုပ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာလည်း ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ လွှတ်တော် က ဆောင်ရွက်နေတဲ့ကိစ္စတွေလည်း ပါတာ ပေါ့”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ The Daily Eleven က မေးမြန်းခဲ့သော မေးခွန်းကို ပြန် ဖြေရာ၌ ဦးရဲထွဋ်ကပြောကြားသည်။



ဆွေးနွေးမှုကာလအတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နောက်ကြောင်းပြန်လည့်ရန်မရှိဟု ပြောကြားခဲ့ကြောင်း သိရသည်။



“ဆွေးနွေးပွဲအတွင်းမှာတော့ သမ္မတ ကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ နောက်ကြောင်းပြန်လှည့်ဖို့ မရှိဘူး။ ရှေ့ကို ပဲဆက်သွားဖို့ရှိတယ်။ ဒီလိုရှေ့ဆက်သွား နိုင်အောင်လည်း အမေရိကန် အပါအဝင် နိုင်ငံတကာက ပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မှုကို သူတို့အနေနဲ့ ချီးလည်းချီးကျူးတယ်။ အသိအမှတ်လည်းပြုရတယ်။ တစ်ဖက်ကလည်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေရှိနေတဲ့ အတွက်ကြောင့် ဒီရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်နိုင်ငံအနေနဲ့လည်း တတ်နိုင်သမျှကူညီဆောင် ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်”ဟု ဦး ရဲထွဋ်က ပြောကြားသည်။



နေပြည်တော်သို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဩဂုတ် ၁ဝ ရက် ညနေပိုင်းတွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်သည်။



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် သမ္မတဦးသိန်းစိန်တို့ သြဂုတ် ၉ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ် (Photo: AFP)







from Eleven Media Group's Facebook Wall http://ift.tt/1kStdLe

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...