Skip to main content

၁၀ နှစ်အတွင်း သစ်မှောင်ခိုတန်ချိန် သန်းချီရှိနိုင်ပြီး ယခုနှစ်ပိုင်းများအတွင်း သ...



၁၀ နှစ်အတွင်း သစ်မှောင်ခိုတန်ချိန် သန်းချီရှိနိုင်ပြီး ယခုနှစ်ပိုင်းများအတွင်း သစ်မှောင်ခိုမှု ပြန်လည်မြင့်တက်နေ



လွန်ခဲ့သော ၁ဝ နှစ်မှ လက်ရှိအချိန်ထိ ရှောင်တခင်စစ်ဆေးမှုဖြင့်သာ ဖမ်းဆီး ရမိခဲ့သော သစ်မှောင်ခိုတန်ချိန်မှာ သိန်းနှင့် ချီရှိနေပြီး အမှန်တကယ် မှောင်ခိုသစ်တန် ချိန်မှာ သန်းနှင့်ချီရှိနိုင်ကြောင်း သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။



ယင်းအပြင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း သစ်မှောင်ခိုထုတ်ယူမှုမှာ ပြန်လည်မြင့်တက် လာနေသော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးပိတ်ဆို့ရန် တိကျသည့်အစီအစဉ်များ မရှိသေးကြောင်း သစ်တောဝန်ကြီးဌာနမှ သိရသည်။



သစ်တောဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အဓိက,ကတော့ ရှောင်တခင်အရနဲ့သာ စစ်ဆေးနေရတာတွေဖြစ်တယ်။ အမှန်တကယ်က ကားတစ်စီးစီ၊ ယာဉ်တစ်ခုချင်းစီကို စစ်ဆေးရမှာ။ ဒါပေမဲ့ မြန်မာ-တရုတ် နယ်စပ်မှာက တိုးဂိတ်တွေများတယ်လေ။ တစ်စီးဂျန့်ဖြစ်ရင် ဆယ်ငါးမိနစ် နာရီဝက်လောက်နဲ့ ကားအစီး ၂ဝဝ လောက်ဖြစ်ပြီး လမ်းပိတ်တာတွေဖြစ်နေတယ်။ အဲဒီအတွက် သတင်းပေးပို့မှုတွေကနေပြီးတော့ပဲ ရှောင်တခင်စစ်ဆေးနေရ တာတွေဖြစ်ပါတယ်” ဟု ပြောကြားသည်။



မှောင်ခိုထုတ်ယူသည့်သစ်များမှာ တရုတ်နိုင်ငံဘက်သို့ အဓိကသွားရောက်နေခြင်းဖြစ်ပြီး ဖမ်းဆီးပိတ်ဆို့မှုအတွက် စနစ်ကျသည့် နည်းလမ်းများ မရှိသေးမှုမှာလည်း သစ်မှောင်ခိုထုတ်ယူခြင်းကို မြင့်တက်လာစေခြင်းဖြစ်ကြောင်း သိရသည်။



မြန်မာနိုင်ငံမှ သစ်နှင့် အခြားသယံဇာတခိုးထုတ်သူ တရုတ်နိုင်ငံသားများအား ထိရောက်သည့်ပြစ်ဒဏ် ချမှတ်မှုမရှိသောကြောင့် သစ်ခိုးထုတ်မှုများ များပြားနေခြင်း ဖြစ်ကြောင်း လေ့လာသူတစ်ဦးက သုံးသပ်ခဲ့သည်။



“သူတို့က ၁၂ ဘီးကားနဲ့ တရုတ်ဘက် ကိုသွားမယ်ဗျာ။ ၁၂ ဘီးကားတွေဟာ အ နည်းဆုံးနှစ်တန်လောက် အသာလေးသယ် နိုင်တယ်။ ဒါပေမဲ့ တစ်နေ့ကို ယာဉ်ဖြတ် သန်းမှုသောင်းဂဏန်းရှိတဲ့ လမ်းပိုင်းမှာ တစ်စီးရပ်သွားရင် အပြစ်ဆိုတိုင်ကြားမှုတွေ ကရှိလာတော့ အဓိကပါပဲ” ဟု သစ်တောဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။



သစ်မှောင်ခိုထုတ်ယူခဲ့ခြင်းအတွက် မြန်မာနိုင်ငံအတွင်း သစ်တောပြုန်းတီးမှုမှာ ပိုမိုခဲ့သည့်အပြင် နိုင်ငံဘဏ္ဍာငွေ အများအပြားကိုလည်း ထိခိုက်စေနိုင်ခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက သုံးသပ်ပြောကြားသည်။



၁ဝ နှစ်တာအတွင်း သစ်မှောင်ခို တန်ချိန် ၄၂၈၂၁၂ ကို ဖမ်းဆီးရမိခဲ့ပြီး ကျွန်းတန်ချိန်မှာ တစ်သိန်းခုနစ်သောင်းကျော်ဖြင့် အများဆုံးပါဝင်ခဲ့ပြီး အခြားအဖိုးတန်နှင့် သစ်မာများလည်း သောင်းနှင့်ချီပါဝင်ကြောင်း သစ်တောဦးစီးဌာနမှရရှိသော အချက်အလက်များမှ သိရသည်။



သစ်မှောင်ခိုလုပ်ငန်းများအတွင်း တရုတ်နိုင်ငံသားများ ၂ဝ၁၂ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာပြီး၊ ၁ဝဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကာ ပြည်နှင်ဒဏ်ပေးခြင်း၊ စက်ပစ္စည်းများ သိမ်းယူခြင်းနှင့် ထောင်ဒဏ် ခြောက်လအထိ အမြင့်ဆုံးချမှတ်ခဲ့ကြောင်း သိရသည်။



ပြည်တွင်းသစ်မှောင်ခိုလုပ်ကိုင်သူ နှစ်သောင်းကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး သစ်လုံးတင်ကားများနှင့် လုပ်ငန်းသုံးကား အစီးရေ နှစ်ထောင်ကျော်ရှိကြောင်း၊ သစ်ဖြတ်စက်အင် ဂျင်များ၊ မှောင်ခိုလုပ်ငန်း သစ်စက်ပစ္စည်း နှစ်ထောင်ခန့်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဝန်ကြီးဌာနမှ သိရသည်။



တရားဝင်လုပ်ကိုင်လျက်ရှိသည့် မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန လွိုင်ကော်သစ်ဆိပ်အား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်







from Eleven Media Group's Facebook Wall http://ift.tt/1myhRa9

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...