Skip to main content

သြဂုတ်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorials...



သြဂုတ်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



#emg_editorials



တရုတ်၊ အမေရိကန်၊ အာဆီယံနှင့် တောင်တရုတ်ပင်လယ်အရေး



အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပနေစဉ်အတွင်း မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် တရုတ်နှင့် ၎င်းထက် အင်အားပိုမိုနည်းပါးသော အိမ်နီးချင်းနိုင်ငံများအကြား ဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တင်းမာမှုများ လျော့ပါးစေရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။



သို့သော် ယင်းကို တရုတ်တို့ဘက်က တင်းတင်းမာမာ ပြန်လည်တုံ့ပြန်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဩဂုတ် ၉ ရက်က ထိုင်းနိုင်ငံကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “တောင်တရုတ်ပင်လယ်အရေးဟာ ဒီကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ နိုင်ငံတွေကသာ ဖြေရှင်းရမယ့်ကိစ္စပါ” ဟု ပြောကြားခဲ့သည်။



တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ တရုတ်နှင့် အငြင်းပွားနေသော အာဆီယံအဖွဲ့ဝင်နိုင်ငံ လေးနိုင်ငံရှိပြီး ယင်းတို့မှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် မလေးရှားတို့ဖြစ်သည်။ အင်ဒိုနီးရှားသည်လည်း ယင်းအငြင်းပွားမှုအတွင်းသို့ ပါဝင်လာဖွယ်ရှိနေသည်။ တရုတ်တို့အနေဖြင့် ၎င်းထက် အင်အားများစွာသေးငယ်သော အိမ်နီးချင်းနိုင်ငံများအပေါ် အလွယ်တကူ လွှမ်းမိုးနိုင်မည်ဖြစ်သောကြောင့် တစ်နိုင်ငံချင်းအနေဖြင့်သာ ဖြေရှင်းလိုပြီး အာဆီယံတစ်ဖွဲ့လုံးနှင့် ထိပ်တိုက်မတွေ့လိုပေ။



တောင်တရုတ်ပင်လယ်အရေး ဖြစ်ပေါ်နေချိန်တွင် အမေရိကန်ကလည်း အရှေ့တောင်အာရှဒေသသို့ ပြန်လည်ဦးလှည့်လာသည်။ တရုတ်တို့အင်အား ကြီးထွားလာမှုကြောင့် မဟာဗျူဟာအရ စိန်ခေါ်မှုနှင့် ရင်ဆိုင်လာရသော အမေရိကန်သည် သူ၏နိုင်ငံခြားရေး မူဝါဒကို ပြန်လည်ထိန်းညှိရန် ကြိုးပမ်းလာသည်။ ပွင့်လင်းမြင်သာမှုနည်းပါးသော တရုတ်တို့၏ ခြေလှမ်းများကို ကာကွယ်ရန်အတွက် အမေရိကန်က အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများကို အားပေးအားမြှောက် ပြုလာခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ယခုဆွေးနွေးပွဲတွင်လည်း အရှေ့တောင်အာရှမှ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။



အမေရိကန်အာဏာပိုင်များက ကယ်ရီသည် တောင်တရုတ်ပင်လယ်အရေးတွင် ပါဝင်သော တရုတ်နှင့် အခြားနိုင်ငံများကို တင်းမာမှုများလျော့ပါး စေရန်အတွက် ဆောင်ရွက်ကြရန် တောင်းဆိုမည်ဖြစ်ပြီး အငြင်းပွားနေသော နယ်မြေတစ်ဝိုက် ကျင့်ဝတ်ဆိုင်ရာကိစ္စများကို ဆက်လက်ညှိနှိုင်းကြရန်လည်း တောင်းဆိုမည်ဟုဆိုသည်။ အမေရိကန်နှင့် အခြားနိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများ မြင့်မားလာပြီး နိုင်ငံတကာ ရေကြောင်းသွားလာမှု အဟန့်အတား ဖြစ်မည်ကိုလည်းကောင်း၊ ပဋိပက္ခများဆီသို့ ဦးတည်သွားမည်ကိုလည်းကောင်း စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် တရုတ်တို့က တောင်တရုတ်ပင်လယ်အရေးတွင် အင်အားကြီးအမေရိကန် ပါဝင်လာမည်ကို လုံးဝလိုလားခြင်း မရှိပေ။



တောင်တရုတ်ပင်လယ် အရေးတွင် ဝင်ရောက်ဖိအားပေးလာသည့် အမေရိကန်က ယင်းသည် စူပါပါဝါတို့၏ တိုက်ပွဲတစ်ရပ် မဟုတ်ဟု ပြောကြားထားသော်လည်း တရုတ်တို့က အမေရိကန်သည် ဝင်ရောက်ခြေရှုပ်ခြင်း ဖြစ်သည်ဟုလည်းကောင်း သူ၏ဩဇာကြီးမားမှုကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းမှုတစ်ရပ် အဖြစ်လည်းကောင်း ရှုမြင်ထားသည်။ ယင်းကဲ့သို့သော အနေအထားတွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌနေရာကို ရယူကာ ယခုနှစ်၌ အာဆီယံကိုဦးဆောင်နေသည့် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍသည် အရေးပါလှသည်။ သို့သော် နိုင်ငံတွင်းရှိ ကြီးမားသော ပြဿနာများကိုပင် ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံအတွက် တောင်တရုတ်ပင်လယ် အရေးသည် အလွန့်အလွန် ကြီးမားသော စိန်ခေါ်မှုကြီး ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် အာဆီယံကို ဦးဆောင်သူအဖြစ် ယင်းစိန်ခေါ်မှုကို ရှောင်လွှဲ၍ မရသောကြောင့် အာဆီယံနိုင်ငံများနှင့်အတူ ညီညွတ်စွာရပ်တည်လျက် လိမ္မာပါးနပ်စွာ ကူညီဖြေရှင်းပေးနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/1myhSLh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...