Skip to main content

နေပြည်တော် အာဆီယံဆွေးနွေးပွဲ ကာလအတွင်း တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်ဘက...



နေပြည်တော် အာဆီယံဆွေးနွေးပွဲ ကာလအတွင်း တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်ဘက်က တင်းမာစွာတုံ့ပြန်



နေပြည်တော် အာဆီယံဆွေးနွေးပွဲ ကာလအတွင်း တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်ဘက်က တင်းမာစွာတုံ့ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။



ဩဂုတ် ၁ဝ ရက်၌ ပြုလုပ်မည့် အာဆီယံဒေသတွင်းဖိုရမ်ကို အသုံးချပြီး တောင်တရုတ်ပင်လယ်အရေးတွင် အမေရိကန်နိုင်ငံက တရုတ်ကို ဖိအားပေးနိုင်ခြေရှိသည်ဆိုသော သုံးသပ်ချက်များထွက်ပေါ်ခဲ့ပြီးနောက် တရုတ်ဘက်က တင်းမာစွာတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။



“တောင်တရုတ်ပင်လယ်အရေးဟာ ဒီကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ နိုင်ငံတွေကသာ ဖြေရှင်းရမယ့် ကိစ္စပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားသည်။



တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဩဂုတ် ၉ ရက်က ထိုင်းနိုင်ငံကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင် ထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ယင်းသို့ပြောကြား လိုက်ခြင်းဖြစ်သည်။



တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့အကြား ပြီးခဲ့သည့် မေလအတွင်းက တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုရက်ပိုင်းတွင်လည်း တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဗီယက်နမ်၊ ထိုင်ဝမ်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည့် ကျွန်းငါးကျွန်းတွင် မီးပြတိုက်များဆောက်လုပ်မည်ဟု တရုတ်ဘက်က ထုတ်ပြန်ကြေညာရာမှ တင်းမာမှုပြန်လည် စတင်ခဲ့သည်။



တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တောင်တရုတ်ပင်လယ်အရေးကို တစ်စုံတစ်ယောက်က ချဲ့ကားပြောဆိုမှုများ ပြုလုပ်နေသည်ဟု ပြစ်တင်ပြောဆိုခဲ့ပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် တည်ငြိမ်နေပြီဟု ဆိုသည်။



“တောင်တရုတ် ပင်လယ်အရေးကို တစ်စုံတစ်ယောက်က ချဲ့ကားပြောဆိုမှုတွေ လုပ်နေပါတယ်။ ဒါကိုကျွန်တော်တို့ သဘောမတူပါဘူး။ ဒီလိုပြောတဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကိုလည်း လက်မခံနိုင်ပါဘူး။ တောင်တရုတ်ပင်လယ်ကိစ္စကို အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြား ဖြေရှင်းဖို့ နည်းလမ်းရှာတွေ့ပြီးပါပြီ။ အဲဒီအတွက် တောင်တရုတ်ပင်လယ် အခြေအနေဟာ ပြန်လည်တည်ငြိမ်သွားပါပြီ။ တခြားပြဿနာတွေလည်း လတ်တလောဖြစ်တာ မရှိပါဘူး” ဟု မစ္စတာဝမ်ယီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။



မစ္စတာဝမ်ယီ၏ သတင်းစာရှင်းလင်း ပွဲမတိုင်မီ ဩဂုတ် ၈ ရက် ညပိုင်းက တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား သီးခြားတွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ထိုတွေ့ဆုံမှုတွင်လည်း တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။



ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူမစ္စတာ ဖန်ဘင်းမင်းနှင့် ကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့်အဖွဲ့က တွေ့ဆုံချိန်တွင် နိုင်ငံ၏ရေကြောင်းပိုင်နက်နှင့် အကျိုးစီးပွားများ လုံခြုံရေးအတွက် လိုအပ်သမျှကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မစ္စတာဝမ်ယီက အသိပေးပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနဆင်ဟွာ၌ ဖော်ပြထားချက်အရ သိရသည်။



တရုတ်-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပြဿနာများကို နှစ်ဖက်အပြန်အလှန် ဆက်သွယ်ဖြေရှင်းခြင်းဖြင့် လုပ်ကိုင်ကြရမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံတင်းမာမှုကြောင့် ဗီယက်နမ်နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ရိုက်နှက်မှုများ၊ လုယက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများကို အသေအချာကိုင်တွယ် ဖြေရှင်းခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာစေရန် လုပ်ဆောင်ရန်ကိုလည်း မစ္စတာဝမ်ယီက ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။



ထို့ပြင် ရေကြောင်းပိုင်နက်ကိစ္စရပ် များနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ခိုင်မာ သော ရပ်တည်ချက်ကိုလည်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးက အထူးပြုပြောကြားခဲ့ ကြောင်း သိရသည်။



တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲ၌ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ တင်းမာစွာပြောဆိုခဲ့ပြီး နောက်နာရီပိုင်းအကြာတွင် ပြုလုပ်ခဲ့သော အာဆီယံ-အမေရိကန် အစည်းအဝေးအဖွင့်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်သဘောထားတင်းမာမှုကို တုံ့ပြန်သည့် စကားရပ်များ ထည့်သွင်းပြောကြားခဲ့သည်။



“ကျွန်တော်တို့ဟာ အာဆီယံရဲ့ ရေကြောင်းလုံခြုံမှု၊ မဟာမိတ်ဖွဲ့မှုတွေကို လုပ်ဆောင်မှာပါ။ ကျွန်တော်တို့အားလုံးက တောင်တရုတ်ပင်လယ် တင်းမာမှုတွေကို လျှော့ချဖို့၊ ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ဒီဒေသမှာဖြစ်တဲ့အရေးဟာ ဒီဒေသနဲ့သာဆိုင်တာ မဟုတ်ပါဘူး။ အမေရိကန်ရော၊ နိုင်ငံအားလုံးနဲ့ပါ သက်ဆိုင်ပါတယ်” ဟု ဂျွန်ကယ်ရီက ဆိုသည်။



“ကျွန်တော်တို့ တိုက်တွန်းတာကသက်ဆိုင်ရာ နိုင်ငံတွေက အချို့သော အပြုအမူတွေကို မိမိရဲ့ အသိစိတ်ဓာတ်အလျောက် ရှောင်ကြဉ်ဖို့ပါပဲ” ဟု ဂျွန်ကယ်ရီက ဆက်လက် ပြောကြားသည်။

from Eleven Media Group's Facebook Wall http://ift.tt/1kStdL8

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...