Skip to main content

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုကြောင့် ပြည်တွင်းလုပ်ငန်းများ မထိခိုက်စေရန် ဥပဒေများ...



အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုကြောင့် ပြည်တွင်းလုပ်ငန်းများ မထိခိုက်စေရန် ဥပဒေများ ရေးဆွဲ



ရန်ကုန်၊ ဇွန် ၁၃



အာဆီယံ ဒေသတွင်း နိုင်ငံများမှ လုပ်ငန်းများ ဝင်ရောက်လာချိန်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) ကို လွှမ်းမိုးမှု မရှိစေရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန် အားပေးမည့် ဥပဒေများကို ရေးဆွဲလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံပေး ဒေါက်တာမောင်အောင်က The Voice သို့ ပြောကြားသည်။



ဈေးကွက်အတွင်းသို့ အမှန်တကယ် ရှိသင့်သည့် ဈေးနှုန်းထက် လျော့နည်းသော ကုန်ပစ္စည်းများ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် စုပုံ ကာကွယ်ရေးဥပဒေ (Anti-Dumping Law) နှင့် ပြည်တွင်းလုပ်ငန်းများ လုံခြုံမှုဥပဒေ (Safe Guard Law) တို့ကို ရေးဆွဲလျက်ရှိကြောင်း ၎င်းကဆိုသည်။



အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ကို ၂၀၁၅ ခုနှစ် နှစ်ကုန်တွင် စတင်မည် ဖြစ်ပြီး အာဆီယံနိုင်ငံများမှ လုပ်ငန်းများ လွတ်လပ်စွာ စီးပွားရေး လုပ်ကိုင်နိုင်မည်ဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုးမှု အားကောင်းသည့် စင်ကာပူ၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံတို့မှ လုပ်ငန်းများ လာရောက် လုပ်ကိုင်ကြမည် ဖြစ်သည်။



မြန်မာနိုင်ငံ၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူ နိုင်ငံများတွင် ထိုင်းသည် အဆင့် ၂၊ စင်ကာပူသည် အဆင့် ၄ နှင့် မလေးရှားနိုင်ငံသည် အဆင့် ၇ နေရာတို့တွင် အသီးသီး ရပ်တည်နေသည်။



“နိုင်ငံတိုင်းမှာတော့ Protection (ကာကွယ်မှု) လုပ်ကြတာပါပဲ။ အရမ်းကြီး သိသာထင်ရှားအောင် ကာကွယ်ပေးတာမျိုး မဖြစ်အောင် လိမ္မာပါးနပ်ဖို့တော့ လိုပါတယ်” ဟု ကုန်သည်/စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။



သို့ရာတွင် ပြည်တွင်းလုပ်ငန်းများကို အကာအကွယ် ပေးလွန်းခြင်းသည် ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေသည့်အတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား လုပ်ဆောင်ရန် လိုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။



ပြည်တွင်းလုပ်ငန်းများ မထိခိုက်စေရန် ဥပဒေများနှင့် ကာကွယ်ပေးခြင်းသည် ရေတိုအတွက် အဆင်ပြေသော်လည်း အမှန်တကယ် အားကောင်းဖွံ့ဖြိုး လာစေရန် အစိုးရက အားပေးထောက်ကူရန် လိုကြောင်း ဂျာမနီ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) မှ အကြီးတန်း အကြံပေး ဦးစံသိန်းက ဆိုသည်။

“အစိုးရက အားပေးထောက်ကူမှုတွေ တစ်ဖက်က လုပ်သလို ပြည်တွင်းလုပ်ငန်းတွေ အနေနဲ့လည်း လုပ်ငန်းတူချင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။



ပြည်တွင်းရှိ SME များ ပျောက်ကွယ်မသွားရန် ကာကွယ်ရမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရန် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ရရှိရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ထောက်ပံ့ပေးရန် လိုကြောင်း ဒေါက်တာမောင်မောင်လေးက ဆိုသည်။



မြန်မာနိုင်ငံတွင် ပြည်တွင်း SME လုပ်ငန်းပေါင်း တစ်သိန်းကျော် ရှိပြီး တစ်နိုင်ငံလုံး စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော် ရှိကြောင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဗဟိုဌာနထံမှ စုံစမ်းသိရှိရသည်။



အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ အဓိပ္ပာယ်ကို တိကျစွာ သတ်မှတ်နိုင်ရန် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဥပဒေနှင့် တန်ဖိုးမြှင့်ပို့ကုန် ဥပဒေတို့ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက ရေးဆွဲလျက်ရှိသည်။

from The Voice Weekly's Facebook Wall http://ift.tt/1qK1oCU

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...