Skip to main content

ဆေးကျောင်းသား သေဆုံးသည့် အကြောင်းရင်းမှန် တစ်လကျော်သည်အထိ မသိရသေးဟု မိသားစုဝင်မျ...



ဆေးကျောင်းသား သေဆုံးသည့် အကြောင်းရင်းမှန် တစ်လကျော်သည်အထိ မသိရသေးဟု မိသားစုဝင်များ ပြောကြား



ရန်ကုန်၊ ဇွန် ၁၃



နောက်ဆုံးနှစ် ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သည့် အသက် ၂၀ အရွယ် ကိုဂွန်ဆိုင်းအောင် ဧပြီလ ၂၉ ရက်နေ့က သေဆုံးခဲ့မှုနှင့် ပတ်သက်၍ သေဆုံးသည့် အကြောင်းရင်းမှန်ကို တစ်လကျော်ကြာသည်အထိ မသိရသေးကြောင်း မိသားစုဝင်များက ပြောကြားသည်။



ကိုဂွန်ဆိုင်းအောင်မှာ ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်အတူ ဧပြီလ ၂၈ ရက်နေ့ မော်တော်ယာဉ် ဝယ်ယူခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီခန့်က ကမာရွတ်မြို့နယ် ကျွန်းတောလမ်းရှိ ၎င်း၏ ဦးလေး ပိုင်ဆိုင်သော ကားရေဆေး ဆီထိုးအလုပ်ရုံတွင် ကားရေဆေးခဲ့ပြီး ၎င်း၏ သူငယ်ချင်းနှင့် ကျူရှင်သွားခဲ့ကြောင်း၊ ယင်းသို့ ထွက်သွားစဉ် ၎င်းနှင့်အတူ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ငွေကျပ် ၁၇ သိန်း ပါရှိခဲ့ကြောင်း ၎င်း၏ ဦးလေး ဦးထွန်းခိုင်လတ်က ပြောကြားသည်။



ကိုဂွန်ဆိုင်းအောင်မှာ မသေဆုံးမီ တစ်ရက်အထိ ချစ်သူနှင့် အဆက်အသွယ် ရှိခဲ့ပြီး ၎င်းတို့နှစ်ဦး နောက်ဆုံးတွေ့ဆုံစဉ်က အရက်သောက်ထားခြင်း၊ မူးယစ်ဆေး သုံးစွဲထားခြင်းမျိုး မတွေ့ရကြောင်း၊ ၎င်း၏ ချစ်သူမှာ သူငယ်ချင်းတစ်ဦး၏ အိမ်တွင် ညအိပ်မည် ဖြစ်သည်ကို သိရှိထားပြီး အပြန်အလှန် ပေးပို့စာများအရ ၎င်းတို့ ချစ်သူနှစ်ဦးမှာ ဧပြီ ၂၉ ရက်နေ့ နံနက် ၂ နာရီခွဲခန့်ထိ အဆက်အသွယ် ရှိခဲ့ကြောင်းကို ဂွန်ဆိုင်းအောင်၏ ချစ်သူက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ရဲချုပ်ထံ ပေးပို့သော လက်ရေးမူ ထွက်ဆိုချက်တွင် ဖော်ပြထားသည်။



ဧပြီ ၂၉ ရက်နေ့ နံနက် ၈ နာရီတွင် ၎င်း၏ သူငယ်ချင်းက အိပ်ရာမှထရန် နှိုးရာတွင် ဂွန်ဆိုင်းအောင် သေဆုံးနေသဖြင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း၊ မည်သည့်ရောဂါဖြင့် သေဆုံးသည်ကို ယနေ့အထိ အဖြေတိတိကျကျ မသိရသေးကြောင်း သေဆုံးသူ၏ ဦးလေးတော်စပ်သူ ဦးမင်းသိန်းက ပြောကြားသည်။



“မူးယစ်ဆေးနဲ့ သေတယ်လို့ ဆေးရုံက မပြောပေမယ့် ဘာကြောင့် သေတယ်ဆိုတာ မသိရဘူး။ သေပြီး မကြာဘူး ဂျာနယ်တစ်ခုမှာ မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ လက္ခဏာနဲ့ သေတယ်လို့ ပါလာတယ်။ ကျွန်တော်တို့က ကချင်တွေ ဖြစ်တဲ့အတွက် တစ်ယောက်သိရင် အားလုံးသိတဲ့ သဘောရှိတယ်။ လူတွေက ဘာကြောင့်သေလဲလို့ ဝိုင်းမေးကြတယ်။ ကျွန်တော်တို့ ခေါင်းတောင် မဖော်နိုင်ပါဘူး။ အိမ်ထဲကတောင် မထွက်နိုင်ဘူး။ လူပြန်မရှင်နိုင်တော့ပေမယ့် သေရတဲ့ အကြောင်းရင်းအမှန်ကိုတော့ သိချင်ပါတယ်” ဟု ၎င်းကဆိုသည်။



ဆေးကျောင်းသား သေဆုံးမှုမှာ တစ်လကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ပွင့်လင်းမြင်သာမှုနှင့် မြန်ဆန်တိကျမှု မရှိသည့်အတွက် စစ်ဆေးသူများကို အားမရကြောင်း၊ မိသားစုဝင်များက တောင်းဆိုလိုသည်မှာ သေဆုံးခဲ့ရသည့် အကြောင်းရင်းအမှန်ကို အမြန်ဆုံးသိရှိလိုပြီး ယင်းအမှုကို ဥပဒေအရ အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်း ၎င်း၏ ဦးလေး ဦးထွန်းခိုင်လတ်က ပြောကြားသည်။



ဆေးကျောင်းသား သေဆုံးမှုနှင့် ပတ်သက်၍ လက်တလောတွင် သေဆုံးသူ၏ ဖုန်းအဝင်အထွက်များကို စစ်ဆေးလျက်ရှိကြောင်း ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး မှုခင်းဆေးစာဌာနတွင် ဆေးစာအဖြေ ရရှိမည် ဖြစ်ကြောင်း၊ ဆေးစာအဖြေတွင် သေဆုံးသည့် အကြောင်းရင်းမှန်ကို သိရှိရမည် ဖြစ်သောကြောင့် ဆက်လက်စုံစမ်းသွားမည် ဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1qdAdTv

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...