Skip to main content

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဘီလီယံအထိရှိ ရန်ကုန်၊ ဧ...



၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဘီလီယံအထိရှိ



ရန်ကုန်၊ ဧပြီ ၎



နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် ဝင်ရောက်နေသည့် မြန်မာနိုင်ငံအတွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပမှ တိုက်ရိုက်ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက The Voice သို့ ပြောကြားသည်။



“ပြည်ပရင်းနှီးမြှုပ်နှံမှုက ၄ ဘီလီယံအတိပါ။ ကဏ္ဍအလိုက် ဆိုရင်တော့ ကုန်ထုတ်လုပ်မှုကဏ္ဍက ထိပ်ဆုံးကပါ။ နောက်ဆက်သွယ်ရေးနဲ့ ဟိုတယ်က ဒုတိယနဲ့ တတိယ အများဆုံးပါ” ဟု ၎င်းကဆိုသည်။



ယခု ဘဏ္ဍာနှစ်သစ်တွင်မူ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏ ၄ ဘီလီယံနှင့် ၅ ဘီလီယံကြား ရှိမည်ဟု ခန့်မှန်းထားပြီး ဆက်သွယ်ရေးကဏ္ဍ၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဟိုတယ်၊ ခရီးသွားလာရေး ကဏ္ဍများတွင် အများဆုံး ဝင်ရောက် ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရှာဖွေပေးနိုင်သည့် ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် Promotion များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။



“ကဏ္ဍအားလုံးမှာ ဗြဲလရမ်းလိုက် ကမ်းလှမ်းနေတာထက်စာရင် ကိုယ့်တိုင်းပြည်နဲ့ သင့်တော်တဲ့ အလားအလာလည်း ကောင်းတဲ့ ကဏ္ဍတွေကို ရွေးချယ်ပြီး Promotion လုပ်သင့်တယ်။ ဥပမာ- ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတို့၊ ကုန်ထုတ်နဲ့ စက်မှုလုပ်ငန်းတို့ပေါ့” ဟု စက်မှုထုတ်ကုန် လုပ်ငန်းတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရန်နောင်က ဆိုသည်။



မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံကမူ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ပတ်ဝန်းကျင်သာ ရှိကြောင်း အာဆီယံဒေသတွင်း နိုင်ငံများ ဖြစ်ကြသည့် စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံများက နိုင်ငံအလိုက်တွင် အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။



မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏ စာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၄ ဘီလီယံကျော် ရှိပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။





from The Voice Weekly's Facebook Wall http://ift.tt/1dWd7MZ

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3