Skip to main content

မြန်မာ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေလိုအပ်...



မြန်မာ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေလိုအပ်



နေပြည်တော်၊ ဧပြီ ၎



မြန်မာနိုင်ငံက အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဥက္ကဋ္ဌ သက်တမ်းတစ်နှစ်အတွင်း ဆောင်ရွက်မည့် ကဏ္ဍကြီး ခြောက်ခုကို လက်တွေ့ အကောင်အထည် ဖော်ရန် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများအတွက် ရန်ပုံငွေနှင့် လူသားအရင်းအမြစ် လိုအပ်ချက်များ ရှိနေသေးကြောင်း ကမ္ဘောဒီးယား နိုင်ငံ၏ အာဆီယံ လူမှုယဉ်ကျေးမှုဝန်ကြီး H.E Yuok Ngoy က ပြောကြားသည်။



ဧပြီလ ၄ ရက်နေ့က နေပြည်တော်ရှိ Grand Amara Hotel တွင် ကျင်းပသော အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ (ASCC) ဝန်ကြီးအဆင့် အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။



အာဆီယံနိုင်ငံများအကြား လက်တွေ့ ဆောင်ရွက်မည် ဆိုပါက ငွေကြေးပံ့ပိုးမှုအပြင် ကျွမ်းကျင်မှု (Professional) ပိုင်းအတွက် လူသားအရင်းအမြစ် လိုအပ်ချက်များနှင့် ဒေသတွင်းနိုင်ငံ အချင်းချင်း ပူးပေါင်းမှုများ တိုးမြှင့်ရန် အရေးကြီးကြောင်း H.E Yuok Ngoy က ပြောဆိုသည်။



မြန်မာ အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံစဉ် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ လူမှုဖူလုံရေးနှင့် ကာကွယ် စောင့်ရှောက်ရေး၊ လူမှုအခွင့်အရေးနှင့် တရားမျှတရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ အာဆီယံ ဂုဏ်သိက္ခာ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးမှု ကွာဟချက်များ လျှော့ချရေးကဲ့သို့ ကဏ္ဍကြီး ခြောက်ခုကို ဦးစားပေး ဆောင်ရွက်ရန် လျာထားသည်။



ယင်းကြောင့် ဧပြီလ ၄ ရက်နေ့ အစည်းအဝေးတွင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်ရန် အတည်ပြုခြင်းနှင့် ရွှေ့ပြောင်းလုပ်သား အခွင့်အရေး မူဘောင်ကို ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ်ရန် သဘောတူညီချက်တို့ ရရှိခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။



ယင်းအပြင် အာဆီယံနိုင်ငံများ ယဉ်ကျေးမှုနှင့် သတင်းအချက်အလက်များ စုစည်းထားသော Web Portal တည်ထောင်ရန် ယင်းအစည်းအဝေး တက်ရောက်သူများက သဘောတူညီခဲ့ကြပြီး အဆိုပါ အစည်းအဝေး သဘောတူညီချက် အားလုံးကို လာမည့် အာဆီယံ ထိပ်သီး အစည်းအဝေးများတွင် အတည်ပြုရန် စီစဉ်ထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/OjC8Fl

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...