Skip to main content

#emg_opinions အကျင့်ပျက်ခြစားခြင်းမှ လွတ်မြောက်ခြင်း (Freedom from Corruption)...



#emg_opinions



အကျင့်ပျက်ခြစားခြင်းမှ လွတ်မြောက်ခြင်း (Freedom from Corruption)



Written by - ဒေါက်တာခင်မောင်ညို



"ကိုဘသစ် ဒီအပတ် ဘာအကြောင်း ဆွေးနွေးမှာလဲ"



"ကျွန်တော်စဉ်းစား ထားတာကတော့ အကျင့်ပျက်ခြစားခြင်းမှ လွတ်မြောက်ခြင်း (Freedom from Corruption) ဆိုတာကို ဆွေးနွေးချင်ပါတယ်"



အသံလွှင့်ဌာနတစ်ခုမှ ကိုဘသစ်ကို လာရောက်အင်တာဗျူး နေခြင်းဖြစ်သည်။ ထိုအသံလွှင့်ဌာနသည် မကြာသေးမီကမှ မြန်မာပြည်တွင် ရုံးစိုက်ခွင့်ရရှိပြီး စတုတ္ထမဏ္ဍိုင်ဟု ခေါ်သော သတင်းမီဒီယာကို တစ်တပ်တစ်အား ပါဝင်နေခြင်းဖြစ်သည်။



အင်တာဗျူးလုပ်သူက မေးသည်။



"ကိုဘသစ်ခင်ဗျား အကျင့်ပျက်ခြစားခြင်း (Corruption) ကို အဓိပ္ပာယ်ဖွင့်ပေးပါလား"



"အကျင့်ပျက်ခြစားခြင်းဆိုတာ ခိုးတာပါပဲ။ လာဘ်စားတာလည်း ခိုးတာပါပဲ။ အထူးသဖြင့် လုပ်ပိုင်ခွင့်ရှိသူ ဒါမှမဟုတ် အာဏာရှိသူဟာ သူ့လုပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး လာဘ်ရယူတာကို ပြောတာပါ။ ကျွန်တော်တို့ မြန်မာစကားရှိပါတယ်။ ၀န်ကတော်သေတော့ တစ်ကျပ်၊ ၀န်ကြီးသေတော့ တစ်မတ်ဆိုတာ "ကိုဘသစ် ရှင်းပြပါလား"



"၀န်ကတော်သေတဲ့အခါ အသုဘမှာ အကူထည့်တယ်။ ဒီအခါတစ်ကျပ်ထည့်တာပေါ့။ များများထည့်တယ်။ ဘာကြောင့်လဲဆိုတော့ ၀န်ကြီးဟာ ကိုယ့်ကိုတစ်စုံတစ်ခု စွမ်းဆောင်ပေးနိုင်တာကိုး။ ဒါပေမဲ့ ၀န်ကြီးသေတော့ တစ်ကျပ်မထည့်တော့ဘူး။ လေးပုံ တစ်ပုံပဲထည့်တယ်။ ကိုယ့်ကို သူဘာမှ မလုပ်ပေးနိုင်တော့ဘူးလေ။ သူသေပြီပဲ"



"ဒီနေရာမှာ ကျွန်တော်မေးချင်တဲ့ အချက်နှစ်ချက်ရှိတယ်။ ပထမတစ်ခုက ဒါဟာရိုးရာ အစဉ်အလာ မဟုတ်လား။ ဒုတိယအချက်ကတော့ ဒါကို လာဘ်ပေးတယ်လို့ သတ်မှတ်မှာလား၊ လူမှုရေးလို့ပဲ သတ်မှတ်မှာလား"။



"ဒါတော့ရှင်းပါတယ်။ လူမှုရေးပါ။ ဒါပေမဲ့ ရှေးလူကြီးတွေက သေသေချာချာ ပြောသွားတယ်။ ဒီလိုလုပ်တာကိုက အကျင့်ပျက်ခြင်း တစ်မျိုးပဲလို့ ဆိုလိုတာပါ။ ကျွန်တော်ပြောချင် တာဟာလည်း အကျင့်ပျက်ခြစားခြင်းမှ လွတ်မြောက်ခြင်းပါ။ ကျွန်တော်တို့ဟာ ဒီသံသရာထဲမှာ ရောက်နေတယ်။ အဲဒီသံသရာကနေ လွတ်မြောက်ဖို့ ပြောချင်တာပါ"



"ကျွန်တော် သဘောပေါက်ပါတယ်။ သမ္မတရုံးက စာထုတ်တယ်လို့ ဂျာနယ်တွေထဲမှာ ပါတာကို ပြောချင်တာ မဟုတ်လား။ သုံးသိန်းတဲ့ကျော်တဲ့ လက်ဆောင်ပစ္စည်းကို လက်ခံတယ်ဆိုရင် လာဘ်ပေးတယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပြောချင်တာပဲ မဟုတ်လား"



"ဒါလည်း ပါပါတယ်။ ကျွန်တော်က အဲဒီသတ်မှတ်ချက်ကို ဆန့်ကျင်ရှုတ်ချတာ မဟုတ်ပါဘူး။ အစိုးရလုပ်သူ အနေနဲ့ အတိုင်းအတာ တစ်ခုကို သတ်မှတ်တာ သူ့အမြင်ပါပဲ။ ဗုဒ္ဓလက်ထက်က သတ်မှတ်ထားတဲ့ တစ်မတ်ထက်ပိုတဲ့ ပစ္စည်းကို ခိုးတယ်၊ ဒါမှမဟုတ် ခိုးတဲ့သဘောဆောင်တဲ့ နေရာရွှေ့ ထားတာမျိုး ပြုလုပ်တယ်ဆိုရင် ရဟန်းဘ၀က ရွေ့လျော့တယ်။ ဒါဟာ အတိုင်းအတာ တစ်ခုကို သတ်မှတ်လိုက်တာပါပဲ"



"ဒီလိုသတ်မှတ်တာ ပြည်သူတွေနဲ့ အချို့ဂျာနယ်လစ်အချို့ လက်မခံနိုင်ဘူးလို့ သိရတယ်"။



"ဟုတ်ပါတယ်။ အစိုးရအနေနဲ့ လုပ်ရကိုင်ရခက်တာတွေ အများကြီးပါပဲ။ ဥပမာ ပြည့်တန်ဆာကိစ္စတွေ၊ အနှိပ်ခန်းကိစ္စတွေနဲ့ ပတ်သက်ရင် တစ်စုံတစ်ရာ သတ်မှတ်မှု မလုပ်နိုင်ဘူး။ ဒီအတွက် ပြည့်တန်ဆာတွေ အနှိပ်ခန်းတွေဟာ ဆက်ကြေးပေး လုပ်နေရတယ်။ ဒါကို အစိုးရသိတယ်။ ဒါတွေကို လိုင်စင်ချပေးလိုက်တဲ့ အခါတွေမှာ ကန့်ကွက်တဲ့သူတွေ အများကြီးရှိမှာပဲ။ အမှန်ကတော့ စင်ကာပူလို နိုင်ငံတွေ၊ အမေရိကန်လို နိုင်ငံတွေမှာလည်း အနှိပ်ခန်းတွေရှိတယ်။ အချို့နိုင်ငံအတော် များများဟာ ပြည့်တန်ဆာတွေကို တရားဝင်ခွင့်ပြုတယ်။ ဒီအတွက် သူတို့ဟာ အာဏာပိုင်တွေရဲ့ မတရားနှိပ်စက်တာ မခံရတော့ဘူးပေါ့။ ဒါပေမဲ့ ဒီ issue ကို ဘယ်လွှတ်တော် ကိုယ်စားလှယ်မှ မတင်ရဲဘူး။ အစိုးရလည်း မထိ မတို့ရဲဘူး။ ခုလက်ဆောင် ကိစ္စတောင် အတော်လေး"ခါ"သွားတာပဲ မဟုတ်လား"



"ဒါဆို ဆရာကိုဘသစ်က သုံးသိန်းအထက် လက်ဆောင်ပစ္စည်း လက်မခံရဘူး ဆိုတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ပြီး သဘောတူတာပေါ့ ဟုတ်လား"။ "လုံးဝသဘောမတူပါဘူး။ စီးပွားရေးသမားတွေဟာ နည်းမျိုးစုံနဲ့ လာဘ်ထိုးကြတယ်။ မိမိမှာလုပ်ပိုင်ခွင့် အာဏာရှိနေတယ်ဆိုရင် စီးပွားရေးသမားတွေ လာတတ်တယ်။ အားလုံးကို ပြောတာတော့ မဟုတ်ပါဘူး။ ကျွန်တော်ကြားဖူးတဲ့ ပုံပြင်လေးပြောပြမယ်"။ "ဟုတ်ကဲ့ဆရာ"



"တစ်ခါက အနောက်တိုင်းနိုင်ငံက ခေါင်းဆောင်ကြီး တစ်ယောက်ဟာ ခရီးလှည့်လည်သွားရင်း ကားကုမ္ပဏီတစ်ခုကို ရောက်သွားတယ်။ အဲဒီကားကုမ္ပဏီဟာ အခွန်ရှောင်လို့ အရေးယူခံရဆဲဆဲပေါ့။ ဒီကိုရောက်လာတဲ့ ခေါင်းဆောင်ကြီးဟာ အခွန်နဲ့ပတ်သက်ပြီး အရေးပါတဲ့သူ ဖြစ်နေတယ်။ ဒီတော့ ကုမ္ပဏီရဲ့ စီအီးအိုက သူတို့ကုမ္ပဏီကထုတ်တဲ့ ဒေါ်လာသုံးသိန်းကျော်တန်တဲ့ ကားသော့ကို လာပေးတယ်။ ဒီအခါ ခေါင်းဆောင်ကြီးက ကျုပ်ယူလို့ ဘယ်ဖြစ်မလဲ၊ ဒါဟာ အကျင့်ပျက် လာဘ်စားတာပဲလို့ ပြောသတဲ့။ ဒီအခါ ကုမ္ပဏီ စီအီးအိုက ဟာ မဟုတ်တာဘဲ။ ဒီကားကို ခေါင်းဆောင်ကြီးကို ရောင်းတာပါ။ ဒေါ်လာ တစ်ရာပဲကျတယ်လို့ ပြောသတဲ့။ ဒီတော့ ခေါင်းဆောင်ကြီးက ဒါဆိုလည်း ကျုပ်ကို နှစ်စီးပေးပါလို့ ပြောလိုက်လေသတဲ့"



"ဟား ဟား..."



"ရယ်မနေပါနဲ့၊ အကျင့်ပျက်တာကြောင့် ပြည်သူတွေ ငိုနေရတယ်။ ရိုဟင်ဂျာကိစ္စ ဆိုရင်လည်း အကျင့်ပျက် ၀န်ထမ်းတွေကြောင့် ဖြစ်ရတယ်လို့ဆိုတယ်။ ဒါဟာ ပြဿနာအကြီးကြီး ဖြစ်နေတယ်ဆိုတာ ခင်ဗျားလည်း သဘောပေါက်မှာပါ။ တစ်ဖက်ကလည်း ၀န်ထမ်းတွေ အကျင့်ပျက်နိုင်ခွင့် ပေးထားသလို ဖြစ်နေတာမျိုးကို ဂရုစိုက်ရမှာပေါ့"



"ဟုတ်ပါတယ် ဆရာ၊ စားဝတ်နေရေး မပြေလည်လို့ ဖြစ်တာမျိုးလို့ အချို့က ထောက်ပြတယ်"။



"စားဝတ်နေရေး မပြေလည်လို့ အကျင့်ပျက်တယ်ဆိုရင် သူခိုးတွေဖြစ်ကုန်မှာပေါ့။ ကျွန်တော်တို့ခေတ်က သုံးကြောင်း ကဗျာတစ်ပုဒ်ရှိတယ်။ ရေးသူက မောင်ယဉ်မွန် ဖြစ်ပါတယ်။



သူခိုးဖမ်းပါ၊ လမ်းကြားမှာလား။ ပန်ကာအောက်မှာ ထိုင်နေသည်တဲ့။



ခံစားချက်တွေကိုပြောတာ အများကြီးပါ။ တကယ်တော့ အားလုံးဟာ ကိုယ့်ကိုယ်ကိုယ်ထိန်းဖို့ လိုတယ်"။



"စတုတ္ထမဏ္ဍိုင် တွေကလည်း ၀င်ထိန်းပေးတယ် မဟုတ်လား"



"မှန်ပါတယ်။ စတုတ္ထမဏ္ဍိုင်တွေကို အချို့က Watch Dog လို့ခေါ်တယ်။ အိမ်စောင့်ခွေးပေါ့။ သူတို့ဟာ သူတို့နိုင်ငံကြီးကို မပျက်စီးအောင် စောင့်ရှောက်သူတွေပါပဲ။ ဒါပေမဲ့ ခင်ဗျားလည်း သိနေပါတယ်။ ကျွန်တော်တို့ဟာ အမှန်တရားနဲ့ သွေဖည်လုပ်ကိုင်လာတာ ကြာလှပြီပဲ။ ဒီတော့ အကျင့်ပါနေတယ်။ Habit Forming ဖြစ်နေတယ်။ ဒီအကျင့်ကြီးကို ကိုယ့်ဆီကို မရောက်အောင် မူလကတည်းက ကာကွယ်ရမယ်။ တို့ဆီမှာ ဘာသာတရားနဲ့ ထိန်းခဲ့တာပဲ"



"ဘယ်လိုမျိုးလဲ"၊



"မင်းတုန်းမင်းနဲ့ ငါး ခြောက်ပြားကို ဖတ်ဖူးမှာပေါ့။ မင်းဖြစ်မယ့် သူကိုဆုံးမတာပါ။ ငယ်ငယ်ကတည်းက ဘာ မှတန်ဖိုးမရှိတဲ့ငါးခြောက်ပြားကို မခိုးစားဖို့ ဆုံးမတဲ့ဘုန်းကြီးနဲ့တွေ့လို့ မောင်လွင်ဟာ မင်းတုန်းမင်းကြီးဖြစ်လာတာပါ"။



"အလေ့အကျင့်ကို တည်ဆောက်ရတာပေါ့နော် ဆရာ"



"ဟုတ်ပါတယ်။ ကျွန်တော် Quality ကိုမြင့်ထွန်းရေးတဲ့ စာထဲမှာ ဖတ်ဖူးတယ်။ ကြာတော့ကြပါပြီ။ သူငယ်ငယ်က ကစားရင်းနဲ့ ဆိုင်တစ်ဆိုင်ဘေးမှာ ဆပ်ပြာခွက် အသစ်လေးကိုတွေ့တယ်။ ဒါဟာ ဆိုင်ရှင်တွေ သိမ်းဖို့မေ့နေတာပဲလို့ သူသိတယ်။ ဒါပေမဲ့ သူက၀ှက်ပြီး ပုဆိုးထဲထည့်သွားတယ်။ ဒါကိုဘေးက သူတို့အသိ အဘိုးကြီးတစ်ယောက်က မြင်သွားတယ်။ အဘိုးကြီးက အိမ်ကိုလိုက်သွားပြီး သူ့အမေကိုတိုင်တယ်။ ဒီအခါ အမေက "ကလေးပဲ၊ ကျနေလို့ယူတာဖြစ်မှာပေါ့" လို့ သားဘက်က ကာကွယ်ပြောဆိုတယ်။ ဒါပေမဲ့ သူတို့အသိ အဘိုးကြီးက "သားလေးကို ဆုံးမပါ။ ဒါဟာ အကျင့်စာရိတ္တ ပျက်စီးတာပါလို့ ဖျောင်းဖျပြောဆိုတယ်တဲ့"။



"ဟုတ်ကဲ့ဆရာ၊ ငယ်စဉ်က အကျင့်စာရိတ္တ ပြုပြင်တဲ့ပုံပြင်တွေ အများကြီးရှိပါတယ်ဆရာ။ ကြီးမှသာ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ကြတာကို တွေ့နေရတယ်ဆရာ"။



"အေး၊ မင်းပြောတာလည်း မှန်တာပါပဲ။ တို့နိုင်ငံတိုးတက်ဖို့ဆိုတာ အကျင့်ပျက်ခြင်းမှ ကင်းဝေးမှဖြစ်မယ်။ သိက္ခာရှိတဲ့ နိုင်ငံတော်ကို သိက္ခာရှိတဲ့ နိုင်ငံရေးသမားများ၊ သိက္ခာရှိသူ ခေါင်းဆောင်များနဲ့၊ သိက္ခာရှိတဲ့ ပြည်သူများနဲ့ တည်ဆောက်မှရမှာပါ"၊



"ဆရာကို ဘသစ်အနေနဲ့ ပရိသတ်ကို ဘာလက်ဆောင် စကားမှာကြားချင်သေးလဲ"



"ဆုတောင်းပေးချင်ပါတယ်။ အကျင့်ပျက်ခြစားခြင်းမှ လွတ်မြောက်ကြပါစေလို့"

from Eleven Media Group's Facebook Wall http://ift.tt/1fEJaiV

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...