“ပြည်ပရင်းနှီးမြှုပ်နှံမှုက ၄ ဘီလီယံအတိပါ။ ကဏ္ဍအလိုက် ဆိုရင်တော့ ကုန်ထုတ်လုပ်မှုကဏ္ဍက ထိပ်ဆုံးကပါ။ နောက်ဆက်သွယ်ရေးနဲ့ ဟိုတယ်က ဒုတိယနဲ့ တတိယ အများဆုံးပါ” ဟု ၎င်းကဆိုသည်။
ယခု ဘဏ္ဍာနှစ်သစ်တွင်မူ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏ ၄ ဘီလီယံနှင့် ၅ ဘီလီယံကြား ရှိမည်ဟု ခန့်မှန်းထားပြီး ဆက်သွယ်ရေးကဏ္ဍ၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဟိုတယ်၊ ခရီးသွားလာရေး ကဏ္ဍများတွင် အများဆုံး ဝင်ရောက် ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရှာဖွေပေးနိုင်သည့် ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် Promotion များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကဏ္ဍအားလုံးမှာ ဗြဲလရမ်းလိုက် ကမ်းလှမ်းနေတာထက်စာရင် ကိုယ့်တိုင်းပြည်နဲ့ သင့်တော်တဲ့ အလားအလာလည်း ကောင်းတဲ့ ကဏ္ဍတွေကို ရွေးချယ်ပြီး Promotion လုပ်သင့်တယ်။ ဥပမာ- ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတို့၊ ကုန်ထုတ်နဲ့ စက်မှုလုပ်ငန်းတို့ပေါ့” ဟု စက်မှုထုတ်ကုန် လုပ်ငန်းတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရန်နောင်က ဆိုသည်။
မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံကမူ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ပတ်ဝန်းကျင်သာ ရှိကြောင်း အာဆီယံဒေသတွင်း နိုင်ငံများ ဖြစ်ကြသည့် စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံများက နိုင်ငံအလိုက်တွင် အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏ စာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၄ ဘီလီယံကျော် ရှိပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။
{fcomment}
from Voice http://ift.tt/1ka4G3j
Comments
Post a Comment