အာယု အခမဲ့ဆေးခန်းသစ် ဖွင့်မည်
ရန်ကုန်၊ ဧပြီ ၎
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ် မြို့တော်အတွင်း ကျန်းမာရေး အခမဲ့ ကုသပေးနိုင်မည့် အာယု (အခမဲ့) ဆေးခန်းသစ်ကို ဧပြီလ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါဆေးခန်း ကော်မတီအတွင်းရေးမှူး ဦးသန်းဇော်က ပြောကြားသည်။
အာယု အခမဲ့ဆေးခန်းသစ်သည် ယုဇနဥယျာဉ်မြို့တော်၊ စီ-ဘလောက် (၈) လမ်းနှင့် စိန်ပန်းလမ်းထောင့်တွင် တည်ရှိပြီး အဆိုပါ ဥယျာဉ်မြို့တော်ကို ဗဟိုပြု၍ ၉၂ နှင့် ၉၃ ရပ်ကွက်နေ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ပေးနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းကပြောဆိုသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းကစ၍ မြေနေရာ မရရှိခြင်းကြောင့် စီ- ဘလောက် အုပ်ချုပ်ရေးရုံးအတွင်း ဖွင့်လှစ်ထားခဲ့ရာမှ ယခုအခါ တစ်ဦးတည်း အဆောက်အအုံ အလှူရှင် ပေါ်ပေါက်လာသဖြင့် ယခုကဲ့သို့ ဆေးခန်း မြေနေရာအသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ဦးသန်းဇော်က ဆက်လက်ရှင်းပြသည်။
အဆိုပါ ဆေးခန်းတွင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များ၌ တိုင်းရင်းဆေး (အရိုးအကြော) ဆိုင်ရာ ရောဂါများကို ကုသပေး၍ အင်္ဂါနှင့် ကြာသပတေးနေ့ များတွင် အနောက်တိုင်းဆေး (အထွေထွေရောဂါ) များကို ကုသမှုပေးမည် ဖြစ်ပြီး နံနက် ၉ နာရီ မှ ညနေ ၃ နာရီအထိ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း အာယု အခမဲ့ဆေးခန်း ကော်မတီထံမှ သိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1ka3WuP
Comments
Post a Comment