Skip to main content

ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် အစိုးရနှင့် KIO ယနေ့ဆွေးနွေးမည်



ရန်ကုန်၊ မေ ၂၇ကချင်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရန်အတွက် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် အစိုးရ ကိုယ်စားလှယ်များနှင့် KIO/KIA မှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ ဖွဲ့ရန် ယနေ့ (မေလ ၂၈ ရက်နေ့) တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ထံမှ သိရသည်။


အဆိုပါ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တွင် ပါဝင်မည့် KIO/KIA အဖွဲ့မှ ဗိုလ်မှူးကြီး မရန်ဇော်တောင် ဦးဆောင်သော စစ်ဘက် အရာရှိလေးဦး၊ နည်းပညာ အကြံပေးရုံးမှ ဝန်ထမ်းတစ်ဦးတို့မှာ အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် မြစ်ကြီးနားမြို့သို့ မေလ ၂၇ ရက်နေ့က ရောက်ရှိနေကြောင်း PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။



ယင်းအဖွဲ့တွင် အစိုးဘက်မှ ကိုယ်စားလှယ်များ အနေနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရှိရသည်။



“အဓိကတော့ ပဋိပက္ခတွေ တကယ်လျှော့ချဖို့ပါ” ဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဆိုသည်။



နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့များ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ထပ်မံဆွေးနွေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ မူဝါဒ အတည်ပြုပြီးမှသာ ပဋိပက္ခ လျှော့ချရေး လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။



မေလ ၁၃ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ကေအိုင်အို အဖွဲ့တို့ မြစ်ကြီးနားမြို့၌ တွေ့ဆုံပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး ပူးတွဲအဖွဲ့တစ်ခု ဖွဲ့စည်းရန် သဘောတူခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် လုပ်ငန်းစတင်ရန် လျာထားသော်လည်း ထပ်မံရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။



မည်သည့် အကြောင်းကြောင့် ရွှေ့ဆိုင်း ရသည်ကိုမူ နှစ်ဖက်လုံးက ပြောဆိုခြင်း မရှိပေ။



ဧပြီလဆန်းက ဖြစ်ပွားသည့် ပဋိပက္ခများမှာ နှစ်ဖက် အဖွဲ့များအကြား ဆွေးနွေး သဘောတူညီမှုကြောင့် လျော့ပါး ခဲ့သော်လည်း မေလ ၂၃ ရက်နေ့က ကချင်ပြည်နယ် မန်ဝိန်းကြီး ရဲစခန်း အတွင်းသို့ ကေအိုင်အေက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးကြောင်း၊ သို့သော် နှစ်ဖက်ညှိနှိုင်း ဖြေရှင်းထားသဖြင့် တိုက်ပွဲအဆင့်သို့ မရောက်ရှိခဲ့ကြောင်း MPC ထံမှ သိရှိရသည်။


{fcomment}





from Voice http://ift.tt/1mou9T3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...