မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပ်ပုန်းမြို့နယ်ရှိ မြန်မာများ နေထိုင်သော တိုက်ခန်းများတွင် တရားမ၀င်နေထိုင်သူများကိုမလေးရှားရဲတပ်ဖွဲ့များ ၀င်ရောက်ဖမ်းဆီးရာ ရခိုင်အမျိုးသားတစ်ဦး သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သတင်းရရှိသည်။
မေလ ၂၅ ရက် ညတွင် မလေးရှားရဲ ၁၅ ဦးခန့်က ရခိုင် အမျိုးသား ကိုအောင်စိုးလင်း၏ တိုက်ခန်းသို့ လာရောက်ပြီး တရားဝင်နေထိုင်ခြင်းရှိ၊ မရှိလာ ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ကိုအောင်စိုးလင်းမှာ ကြောက်လန့်၍ ၎င်း၏ တိုက်ခန်းရှိ ရေပိုက်လုံးမှတစ်ဆင့်အောက်သို့ ဆင်းရာ ရေပိုက်လုံး ပြုတ်ကျကာ ဒဏ်ရာများရရှိ၍ ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်းမေလ ၂၆ရက်တွင် ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။
မလေးရှားတွင် မြန်မာများနေသော တိုက်ခန်းသို့ ရဲများဝင်ရှာရာမှ အမျိုးသားတစ်ဦး တိုက်ပေ�
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1nzbczL
Comments
Post a Comment