Skip to main content

အင်တာနက်မြန်နှုန်း ကျဆင်းခြင်းကြောင့် လုပ်ငန်းအချို့ ထိခိုက် ရန်ကုန်၊ မေ ၂၇ မြန...



အင်တာနက်မြန်နှုန်း ကျဆင်းခြင်းကြောင့် လုပ်ငန်းအချို့ ထိခိုက်



ရန်ကုန်၊ မေ ၂၇



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများက ဝန်ဆောင်မှု ပေးနေသည့် အင်တာနက်လိုင်းများ၏ အမြန်နှုန်းများ ယခုလအတွင်း တောက်လျှောက် ကျဆင်းနေခြင်းကြောင့် အင်တာနက်လိုင်းကို မှီတည်၍ လုပ်ငန်း လုပ်ကိုင်သူအချို့ ထိခိုက်မှု ကြုံတွေ့ရကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။



၎င်းတို့ ကုမ္ပဏီမှာ အိုင်တီကုမ္ပဏီ ဖြစ်သည့်အတွက် အင်တာနက်လိုင်း ပြတ်တောက်ပါက လုပ်ငန်းနှောင့်နှေးကာ ဖောက်သည်များ၏ အပြစ်တင်မှုများ ရင်ဆိုင်ရကြောင်း Software ကုမ္ပဏီ တစ်ခုဖြစ်သည့် Bagan Innovation Technology မှ အမှုဆောင် ဈေးကွက် ရှာဖွေရေးအရာရှိ ဦးဝင်းထွဋ်ဟန်က ပြောကြားသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အပါအဝင် အင်တာနက် ဝန်ဆောင်မှု ပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီ များကိုလည်း အင်တာနက် မြန်နှုန်း ကျဆင်းမှုကြောင့် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်အပြစ်တင်မှုများ ဖြစ်ပေါ်လျက် ရှိသည်။



“လိုင်းက ဒီရက်ပိုင်း တော်တော်လေးကျတယ်။ တက်လိုက်ကျလိုက်နဲ့။ အဓိက ဖြစ်တာကတော့ MPT လိုင်းကပေါ့” ဟု Rain အင်တာနက်ဆိုင် လုပ်ငန်းရှင် အမျိုးသားက ဆိုသည်။



ယင်းကိစ္စနှင့် ပတ်သက်၍ Red Link ကုမ္ပဏီမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က အင်တာနက်လိုင်း နှေးကွေးမှု ပြဿနာကို ဖြေရှင်းရန် Red Link ကုမ္ပဏီအနေနှင့် Main Bandwidth များ တိုးချဲ့ရန် စီစဉ်ထားကြောင်း ပြောကြားသည်။



“Red Link အသုံးပြုသူတွေ များလာတော့ လိုင်းတွေ ထပ်ချဲ့ရမယ်။ ဒါပေမဲ့ International ထွက်တဲ့လိုင်းမှာ Bandwidth လိုအပ်ချက်တွေ ရှိနေတယ်” ဟု ၎င်းကပြောဆိုသည်။



အင်တာနက်လိုင်း အတက်အကျ မမှန်မှုများကြောင့် လုပ်ငန်း လုပ်ကိုင်ရာတွင် အနှောင့်အယှက် ဖြစ်ကြောင်း လသာမြို့နယ် အတွင်းရှိ RH မိုဘိုင်းလ် ဖုန်းအရောင်းဆိုင်မှ ဆော့ဖ်ဝဲလ် ကျွမ်းကျင်သူ ဦးနိုနိုက ပြောကြားသည်။



“ကျွန်တော် 2 Mbps ယူပြီးတော့ သုံးတယ်ဗျာ။ တကယ် Bandwidth ကကျတော့ ညပိုင်းလောက်မှ 1Mbps လောက်တက်တယ်။ နေ့ခင်းပိုင်း လိုဟာ မျိုးဆိုရင် 0.22 တို့ 0.44 တို့ ဖြစ်နေတယ်။ အင်တာနက်ကို အတက်အကျ ဆိုတာက အမြဲတမ်းကြီး တက်နေရမယ် မဆိုလိုဘူး။ ဒါပေမဲ့ ဒါမျိုးကိုတော့ လက်မခံနိုင်ဘူး။ အဲဒီ Service ရမယ်ဆိုပြီး ရောင်းထားပြီတော့ မပေးနိုင်တဲ့သူတွေကို တရားစွဲပြီးတော့ မှတ်လောက် သားလောက်အောင်ကို လုပ်သင့်တယ်” ဟု Myanmar Cable Network မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအံ့ဖုန်းမြတ်က ပြောဆိုသည်။



ထို့အတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ်ဖုန်း အင်တာနက် ဝန်ဆောင်မှု အမြန်နှုန်းမှာလည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဝန်းကျင်မှစတင်၍ နှေးကွေးနေခြင်း ဖြစ်ပြီး ယခုအခါ သိသိသာသာ ကျဆင်းကြောင်း မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုပြုသူများက ဆိုသည်။



(LC ၊ အောင်ကိုမြင့်)







from The Voice Weekly's Facebook Wall http://ift.tt/1phOZs7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...