Skip to main content

"အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိချမှတ်နိုင်သော ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ...



"အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိချမှတ်နိုင်သော ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းအား လူထုသိရန် အစိုးရချပြ "



တားမြစ်ချက်ကို ဖောက်ဖျက်ပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချ မှတ်နိုင်သော ကိုးကွယ်ရာဘာသာကူး ပြောင်းခြင်းဆိုင်ရာဥပဒေမူကြမ်းကို အများပြည်သူသိရှိနိုင်ရန် အတွက်ဟု ဆို ကာ နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် မေ ၂၇ ရက်နေ့တွင် ဒုတိယရှေ့နေချုပ်ဦး ဆောင်သော ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်မှ ချပြခဲ့သည်။



ဘာသာ၊ သာသနာနှင့်ဆက်စပ် ကာ အကြံပြုပေးပို့လာသော ဥပဒေ ၄ ရပ်နှင့် စပ်လျဉ်းပြီး သာသနာရေးဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနနှင့် ပြည်ေ ထာင်စု တရားလွှတ်တော်ချုပ်တို့က ထိုဥပဒေ များကို လက်ရှိတွင်ရေးဆွဲနေရာ ထိုထဲမှ ဒုတိယရှေ့နေချုပ်ဦးဆောင်သော အဖွဲ့ က ရေးဆွဲသောဥပဒေ နှစ်ခုအနက်မှ တစ်ခုကို ပထမဦးဆုံး လူထုသိရန် ချပြ ခြင်း ဖြစ်သည်။



ထိုဥပဒေမူကြမ်းတွင် အခန်း ၇ ခန်း ပါဝင်ပြီးဥပဒေရေးဆွဲရခြင်းက ကိုးကွယ်ရာဘာသာ

ကို လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်နိုင်ရန်နှင့် ဘာသာကူး ပြောင်းမှုအား ပွင့်လင်း စွာပြုလုပ်နိုင်ရန် ပြဋ္ဌာန်း ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။



ဥပဒေကြမ်းတွင်ဖော်ပြထားသောတားမြစ်ချက်မှာ ဘာသာကူးပြောင်းမှုကို

လွတ်လပ်စွာပြုလုပ်ခွင့်ရှိပြီး၊ ဘာသာကို စော်ကားရန်၊ ဖျက်ဆီးရန် သဘောဖြင့် မကူးပြောင်းစေရဟုရေးသားထားသည်။



ထို့အပြင် ကူးပြောင်းမှုဆိုင်ရာအ ပေါ်တွင်လည်း တစ်စုံတစ်ရာက သွေး ဆောင်ခြင်းနှင့် ခြိမ်းခြောက်တားမြစ်မှု မရှိစေရဟုပါရှိထားသည်။ ဦးဇင်းဦးဝီရသူ က ယင်းဥပဒေမူကြမ်းသည် ဘက်စုံ ထောင့်စုံပြည့်စုံသည်ဟု မိန့်ကြားသည်။



နိုင်ငံတော်သမ္မတရုံးက ပြီးခဲ့သော မတ်လ ၇ ရက်နေ့က ထိုဥပဒေကြမ်းများ ရေးဆွဲနိုင်ရန်

ကော်မရှင်ဖွဲ့ခဲ့ပြီး ၂ ရက် အကြာတွင် ဥပဒေကြမ်းရေးဆွဲဖို့အ တွက် ရဟန်းရှင် လူ ပြည်သူများထံ အ ကြံပြုချက်များတောင်းခံခဲ့သည်။ အကြံ ပြုချက်အချို့ပေးပို့ခဲ့သော ဆရာတော် ဥိးဝီရသူက''ဒါက လူမျိုးရေး၊ ဘာသာရေးကို ဘယ်သူကမှ လွှမ်းမိုးချုပ်ကိုင် အနိုင်ကျင့်လို့မရအောင် ကာကွယ် စောင့်ရှောက်တာဖြစ်တယ်''ဟု မိန့်ကြား သည်။



ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် က ယခုဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး အကြံ ထပ်ပြုနိုင် ပါသေးကြောင်း ပြောဆိုထားသည်။ သာသနာရေးဝန်ကြီးဌာနမှ ဒုတိ ယ ရုံးအဖွဲ့မှူး ဦးစိုးနိုင်က''ကော်မရှင်ထံ အကြံပြုထားတာတွေနဲ့ ဒုတိယ ဝန်ကြီး တွေ၊ ရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေ ပူးပေါင်းရေးဆွဲထားတာကို ချပြတယ်။ ဒါကို ရဟန်းတော်တွေနဲ့ အများပြည်သူ တွေက အကြံထပ်ပြု လို့ရသေးတယ်''ဟု ပြောသည်။



သို့သော်လည်း ယင်းဥပဒေမူကြမ်း နှင့် ပတ်သက်ပြီး အမြင်တစ်ဖက်က လည်း ရှိနေသေးသည်။ ရွှေဝါရောင် ရဟန်းတော်များကွန်ရက်မှ ဆရာတော် ဦးပဏ္ဍဝံသ က''ဘာသာတရားနဲ့ ပတ် သက်ပြီး ဥပဒေတွေ ပြဋ္ဌာန်းတယ်ဆိုတာ ကိုကအပို ပါပဲ။ လိုကိုမလိုတာ။ ဘာသာ တရားဆိုတာ အဆုံးအမနဲ့သွားတာ''ဟု မိန့်သည်။



ထိုသို့သော ဥပဒေပြဋ္ဌာန်းခြင်း သည် ပဋိပက္ခဖြစ်ဖို့ ဖန်တီးခြင်းဟုလို့ စွပ်စွဲချင်ကြောင်း ယင်းဆရာတော်က ဆက်လက် မိန့်ကြားသည်။



PN-051

from Popular Myanmar News Journal's Facebook Wall http://ift.tt/1nz72rq

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...