Skip to main content

ဘာသာသာသနာကို ဖျက်ဆီးရန် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်း အစိုးရ ထုတ်ပြန်



ရန်ကုန်၊ မေ ၂၇သာသာနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားပြီး လွှတ်တော်သို့ တင်သွင်းမည့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို ဖျက်ဆီးရန် ရည်ရွယ်၍ ကိုးကွယ်ရာဘာသာ ကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်ချမှတ် နိုင်သောပုဒ်မများ ထည့်သွင်း ရေးဆွဲထားကြောင်း ယနေ့ (မေလ ၂၇ ရက်နေ့) ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါ ဥပဒေမူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။


အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်) အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။



“ဥပဒေကြမ်း ရောက်လာတာနဲ့ ကော်မတီထဲမှာ ချက်ချင်း ဆွေးနွေးဖြစ်မှာပါ။ ပြည်သူအများ စိတ်ဝင်စားနေတဲ့ ဥပဒေဖြစ်တာမို့ လွှတ်တော်ထဲကို အမြန်ဆုံး ပို့မှာပါ” ဟု ၎င်းကဆိုသည်။



ထို့အပြင် ကိုးကွယ်ရာ ဘာသာကူးပြောင်းရန် ကြွေးမြီဖြင့် နှောင်ဖွဲ့ ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားသည်။



အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာကူးပြောင်း လိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည် ဖြစ်ပြီး မိမိကိုးကွယ်ရာ ဘာသာမှ အခြားဘာသာသို့ မိမိ၏ သဘောဆန္ဒအတိုင်း ကူးပြောင်းခြင်း ဟုတ် မဟုတ်ကို စိစစ်ပြီးနောက် ကိုးကွယ်ရာ ဘာသာကူးပြောင်ခြင်း ဆိုင်ရာ စိစစ် မှတ်ပုံတင်ရေးအဖွဲ့မှ စိစစ်မည်ဟု ပါရှိသည်။



ထို့အပြင် ဘာသာကူးပြောင်း လိုသူသည် အခြားဘာသာကို လေ့လာနိုင်ရန် ရက်ပေါင်း ၁၈၀ အထိ သတ်မှတ်ထားပြီးနောက် ကူးပြောင်းလိုကြောင်း ဆန္ဒရှိလျှင် မှတ်ပုံတင်ရေးအဖွဲ့က ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ မှတ်ပုံတင်ကို ထုတ်ပေးမည် ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထားသည်။



အဆိုပါ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ကန့်ကွက်စရာ မရှိကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဦးဆောင် ဆရာတော် မန္တလေးတိုင်းဒေသကြီး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။



“မိန်းကလေးတွေအတွက် အသက် ၂၀ ပြည့်ပြီးမှ ဘာသာကူးပြောင်းခွင့် ပေးရမည် ဆိုတာနဲ့ တစ်အိမ်သားလုံး ဘာသာကူးပြောင်းတာကို ထည့်သွင်း ဖြည့်စွက်စေချင်တယ်” ဟု ၎င်းကမိန့်ဆိုသည်။



အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ်စဉ်းစား ပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။



ယင်းသို့ မျိုးစောင့်ဥပဒေကို ကော်မရှင်များ ဖွဲ့စည်းကာ ရေးဆွဲနေခြင်းကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၁၀ ကကန့်ကွက်ကြောင်း အမျိုးသမီး အဖွဲ့အစည်းနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက မေလ ၅ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။



အဆိုပါ မျိုးစောင့်ဥပဒေ ရေးဆွဲရာတွင် အမျိုးသမီးများ အခွင့်အရေးကို ချိုးဖောက်မှု နည်းပါးစေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ နိုင်ငံတော် သံဃမဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီတို့နှင့် တွေ့ဆုံရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ၁၁၀ က ထုတ်ပြန် ပြောကြားထားသည်။


{fcomment}





from Voice http://ift.tt/1moubtV

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...