Skip to main content

တောင်ကုတ်၊ သံတွဲကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးစပေးမည် ရန်ကုန်၊ မေ ၂၇ ရခိုင...



တောင်ကုတ်၊ သံတွဲကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးစပေးမည်



ရန်ကုန်၊ မေ ၂၇



ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့တွင် မဟာဓာတ်အားလိုင်းမှ ဇွန်လမှစတင်ကာ လျှပ်စစ်မီး ၂၄ နာရီ ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဓာတ်အားပို့လွှတ်ရေး စီမံကိန်း (တောင်ပိုင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။



လျှပ်စစ်သုံးစွဲခကို ရန်ကုန်မြို့တော်တွင် ကောက်ခံသည့် နှုန်းထား အတိုင်း ကောက်ယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။



“အမ်း၊ စစ်တွေနဲ့ အခြားမြို့တွေလည်း ဒီနှစ်ထဲမှာ ရနိုင်ခြေရှိတယ်။ ကျန်တဲ့မြို့တွေ ရဖို့အတွက် ဓာတ်အားလိုင်းတွေ တည်ဆောက်နေတုန်းပဲ” ဟု အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။



ရခိုင်ပြည်နယ် မီးလင်းရေး မဟာဓာတ်အားလိုင်း စီမံကိန်းကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး ဥသျှစ်ပင်- တောင်ကုတ် ၂၃၀ ကေဗီဓာတ်အားလိုင်း၊ တောင်ကုတ် (ဘာယေ)-သံတွဲ ၆၆ ကေဗီ ဓာတ်အားလိုင်း၊ တောင်ကုတ် (ဘာယေ)- တောင်ကုတ် ၁၁ ကေဗီ ဓာတ်အားလိုင်းများ တည်ဆောက် ပြီးစီးပြီဖြစ်၍ ဓာတ်အားဖြန့်ဖြူးရန် တောင်ကုတ် (ဘာယေ) ဓာတ်အားခွဲရုံနှင့် သံတွဲ ဓာတ်အားခွဲရုံတို့ တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရှိရသည်။



ကျန်ရှိသည့် တောင်ကုတ်-မအီ၊ မအီ-အမ်း၊ အမ်း- ပုဏ္ဏားကျွန်း မြို့များတွင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် မအီ-ကျောက်ဖြူ ၂၃၀ ကေဗီ နှစ်ထပ် ဓာတ်အားလိုင်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထပ်မံတည်ဆောက်လျက် ရှိသည်။



ရခိုင်ပြည်နယ် မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိသော်လည်း လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ၄၆၀ ကျပ်နှုန်းဖြင့် သုံးစွဲရသဖြင့် အဆင်မပြေကြောင်း၊ အခြားမြို့နယ် များတွင်လည်း နာရီ အကန့်အသတ်ဖြင့်သာ လျှပ်စစ်မီး ရရှိကြသဖြင့် အဆင်မပြေကြောင်း ရခိုင်ပြည်နယ် ဒေသခံများကို မေးမြန်းချက်အရ သိရှိရသည်။



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ကျေးရွာအချို့ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ တရုတ်- မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ၂၄ နာရီ ပေးနေပြီဖြစ်ပြီး လျှပ်စစ်သုံးစွဲခအဖြစ် နေအိမ်သုံး တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ စီပွားရေး လုပ်ငန်းသုံးအတွက် ၇၅ ကျပ်နှုန်းဖြင့် ကောက်ယူနေသည်။



ပြည်ထောင်စု မဟာဓာတ်အားလိုင်းမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ သွယ်တန်းနေသည့် မဟာဓာတ်အားလိုင်း စီမံကိန်း အိန္ဒိယချေးငွေ၊ နိုင်ငံတော် ဘတ်ဂျက်တို့ဖြင့် ၂၀၁၂ ခုနှစ်ပင် စတင်ခဲ့ပြီး ယင်းစီမံကိန်း ပြီးစီးပါက တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေမြို့များနှင့် ဆက်စပ်သည့် မြို့၊ ကျေးရွာများကို လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/RA0cpe

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...