Skip to main content

အခြေခံဥပဒေ ပြင်ရန် အချိန်စောသေးကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား ရန်...



အခြေခံဥပဒေ ပြင်ရန် အချိန်စောသေးကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား



ရန်ကုန်၊ မတ် ၂၉



ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံရေးပါတီများက ဆောင်ရွက်နေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်မှာ အချိန်စောနေသေးကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံတွင် ပြုလုပ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြောကြားသည်။



ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ အချိန်စောသေးကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံကြောင့်သာ တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် ရှိနေခြင်း ဖြစ်ပြီး ဆန္ဒစောမိပါက တည်ငြိမ်မှု ပျက်သွားနိုင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခြင်း ဖြစ်ပြီး ယင်းပြောကြားမှုကို နိုင်ငံရေးပါတီ ခေါင်းဆောင်များက သဘောမတူကြောင်း အသီးသီး တုံ့ပြန် ပြောကြားသည်။



ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ယင်းပြောကြားချက်ကို လက်မခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

“အခြေခံဥပဒေ ပြင်ဖို့က စောတယ်၊ နှေးတယ်ဆိုတာ မရှိဘူး။ လိုအပ်တဲ့အချိန် ချက်ချင်းပြင်ရမှာပဲ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။



ရခိုင်အမျိုးသားပါတီ (RNP) ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ကော်မရှင် ဥက္ကဋ္ဌ၏ ပြောကြားချက်ကို လက်မခံဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အဆောတလျင် ပြင်ဆင်ရမည် ဖြစ်ကြောင်း တုံ့ပြန် ပြောကြားသည်။

“ပြည်တွင်းစစ်ကို ရပ်ချင်တယ်ဆိုရင် ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို မပြင်မဖြစ် ပြင်ဖို့ လိုအပ်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။



အလားတူ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) နှင့် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဋ္ဌတို့ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရန် စောသေးကြောင်း ပြောဆိုမှုကို သဘောမတူကြောင်း အသီးသီး ထုတ်ဖော် ပြောကြားခဲ့ပြီး အမြဲတစေ အချုပ်အခြာအာဏာ ဆိုသော အကြောင်းပြချက်ဖြင့် ပြောဆိုမှုမှာ မသင့်တော်ကြောင်း လားဟူပါတီ ဥက္ကဋ္ဌ ဦးယောသပ်က ပြောဆိုသည်။



NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း “သူမပြင်ချင်တာက သူ့ကိစ္စလေ။ သူပြောတာနဲ့ မပြင်ဘဲနေရမှာလား။ အခြေခံဥပဒေမှာလည်း ပြင်ဖို့ရာ အခန်း(၁၂) ဆိုတာ ပါနေတာဘဲ” ဟု မှတ်ချက်ပြုသည်။



ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရာတွင် “မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာ ရှိသလို တစ်ဖက်ကလည်း မိမိတို့အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမူများ ရှိရန်လည်း လိုလားပါသည်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ၏ သဘောထားကို ပြောကြားခဲ့သည်။



၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ NLD ပါတီက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူထုဆန္ဒခံယူပွဲများ ကျင်းပခဲ့ပြီး ဆန္ဒပြုသူ ၈၀ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံထားကြောင်း ကြေညာထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/QtGUCb

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...