Skip to main content

ဘူတာကြီး ကညနတွင် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးသူ တစ်ထောင်ကျော်ရှိ ရန်ကုန်၊ မတ...



ဘူတာကြီး ကညနတွင် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးသူ တစ်ထောင်ကျော်ရှိ



ရန်ကုန်၊ မတ် ၂၉



ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (ကညန) က ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး ဆောင်ရွက်ရန် မတ်လဆန်းက အသစ်ဖွင့်လိုက်သည့် ရန်ကုန်ဘူတာကြီးနှင့် ရွာသာကြီးတို့အနက် ရန်ကုန်ဘူတာကြီး သက်တမ်းတိုးရုံးတွင် စတင်ဖွင့်လှစ်သည့် မတ်လ ၄ ရက်မှ ၂၈ ရက်ထိ သက်တမ်းတိုး ဆောင်ရွက်သူ ၁၂၇၃ ဦးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (ကညန) ဒုတိယဦးစီးမှူး ဒေါ်ညွန်ညွန့်ဝင်းက ပြောကြားသည်။



ရန်ကုန်ဘူတာကြီးတွင် ဖွင့်လှစ်ထားသည့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရုံးတွင် မြို့နယ် ၁၁ မြို့နယ်မှ သက်တမ်းတိုးနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



အသစ်ထပ်မံ ဖွင့်လှစ်ထားသည့် သက်တမ်းတိုးသည့် နေရာနှစ်ခုမှာ နယ်ဝင်နယ်ထွက်များ၊ လိုင်စင်ပျောက်ခြင်း၊ ပျက်ခြင်းအတွက် အသစ်ပြုလုပ်ပေးခြင်း မဟုတ်ဘဲ သက်တမ်းတိုးခြင်း သီးသန့်သာ ပြုလုပ်ပေးကြောင်း၊ သက်တမ်းတိုးခြင်းအတွက် အခြားနေရာများကဲ့သို့ လေးရက်ခန့် မစောင့်ရဘဲ ချက်ချင်း ပြုလုပ်ပေးကြောင်း ဒေါ်ညွန့်ညွန့်ဝင်းက ပြောကြားသည်။



ရန်ကုန်ဘူတာကြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရုံးတွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ဒဂုံ၊ ဗဟန်းမြို့နယ် ၁၁ မြို့နယ်တို့မှ သက်တမ်းငါးနှစ် မကျော်သည့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်း ဆောင်ရွက်နိုင်ကြောင်း ရန်ကုန်ဘူတာကြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရုံးထံမှ သိရသည်။



ရွာသာကြီးရှိ ကညန ရုံးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့မှ ယာဉ်မောင်း လိုင်စင်များ သက်တမ်းတိုးနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနက သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1f7ZgkX

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...