Skip to main content

တပ်သိမ်းမြေ ပြန်ပေးရန် လျှောက်ထားသူ ၂၅ ဦးတွင် သုံးဦးသာ လယ်မြေအချို့ ပြန်လည်ရရှ...



တပ်သိမ်းမြေ ပြန်ပေးရန် လျှောက်ထားသူ ၂၅ ဦးတွင် သုံးဦးသာ လယ်မြေအချို့ ပြန်လည်ရရှိ



မော်လမြိုင်၊ မတ် ၂၉



မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေမြိုင်သီရိနယ်မြေ မျှော်လင့် (၁) ရပ်ကွက်တွင် တပ်မတော်က သိမ်းယူထားသော လယ်မြေ ၁၈၃ ဧကကို လယ်ပိုင်ရှင်၂၅ ဦးထံ ပြန်လည် ပေးအပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးဌာန ခုနှစ်ခုသို့ တိုင်ကြားထားရာ လယ်သမား သုံးဦးသာ လယ်မြေအချို့ ပြန်လည် ရရှိသေးကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။



သိမ်းဆည်းခံရသည့် လယ်မြေများထဲမှ လယ်ဧက ၇၀ နီးပါကို ငါးကန် ၅၆ ကန် တူးဖော်ထားပြီး ငါးကန်များနှင့် လယ်မြေများကို တပ်မတော်က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ လယ်သမားများ၊ အုတ်လုပ်ငန်းရှင်များနှင့် မွေးမြူရေး လုပ်ငန်းရှင်များကို အငှားချထားပေးခြင်း ဖြစ်ကြောင်း လယ်သမားခေါင်းဆောင် ဦးမောင်မြင့်က ပြောကြားသည်။



သိမ်းယူထားသော လယ်မြေများအနက် တပ်မတော်က လုပ်ကိုင်ခြင်း မရှိတော့သည့် ရွာသစ်ကွင်း လယ်မြေ ၂၃ ဒသမ ၅၉ ဧကို ပြန်လည် ပေးအပ်ရန် မြို့နယ်မြေစာရင်း ဦးစီးဌာနက မတ်လ ၂၅ ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး လယ်မြေ ပြန်လည်ရရှိသူများထဲတွင် လယ်ပြန်လည်ရရှိရေးအတွက် တိုင်ကြားထားသူ လယ်သမား သုံးဦးအပြင် တိုင်ကြားထားခြင်း မရှိသည့် လယ်သမား နှစ်ဦးလည်း ပါဝင်ကြောင်း ရွှေမြိုင်သီရိ နယ်မြေ အုပ်ချုပ်ရေးမှူး ဦးဝင်းမော်က ပြောဆိုသည်။



“အခုလယ်တွေ ပြန်ရလို့ ပျော်ပြီပေါ့။ လယ်ပြန်လုပ်မယ် စိတ်ကူးထားတယ်။ တဲဆောက်ပြီး စပါးစိုက်၊ နွေကျရင် ဟင်းရွက်စိုက်၊ သူတို့သိမ်းတော့ ကိုယ်ဘာလုပ်လို့ ရမှာလဲ။ သိမ်းတော့ ကျွန်တော့်ကို လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော့်လယ် ကျွန်တော်လက်မှတ် ဘယ်ထိုးမလဲ။ သူတို့သိမ်းရင် သိမ်းပေါ့ ဘာတတ်နိုင်မလဲ။ ကျွန်တော် လယ်ရှစ်ဧက ရှိတယ်။ လေးဧကကျော် ပြန်ရတယ်” ဟု သုခဝတီ ၄ လမ်းမှ တပ်သိမ်းလယ်မြေ ပြန်ရရှိသူ ဦးဟုက ဆိုသည်။



ပုလဲနှင့် ငါးလုပ်ငန်းဦးစီးဌာနက ငါးမွေးမြူရန်အတွက် လယ်သမားရှစ်ဦးထံမှ လယ်မြေများကို ပထမအကြိမ် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းဌာနမှ ၁၉၈၄ ခုနှစ်တွင် ငါးမွေးမြူရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့သဖြင့် အဆိုပါ လယ်မြေများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ လွှဲပြောင်းအပ်နှံခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းနောက် တပ်မတော်မှ လုပ်ငန်းကွင်း ဧရိယာ ထပ်မံတိုးချဲ့ရန်အတွက် လယ်သမား ၁၇ ဦးထံမှ လယ်မြေများကို ထပ်မံသိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု လယ်သမား ဒေါ်မြင့်ဝေက ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1hMPxh2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...