Skip to main content

#emg_opinions ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု (Written by: ဒေါက်တာအောင်က...



#emg_opinions



ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု



(Written by: ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ))



နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အဓိကစီးပွားရေး ကဏ္ဍကြီးများဖြစ်သော လယ်ယာသားငါးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍတို့သည် အပြန်အလှန် သဟဇာတရှိရှိ အချိတ်အဆက်မိမိ (အပြန်အလှန် အထောက်အကူပြု ပံ့ပိုးပေးနိုင်သော) ဖွံ့ဖြိုးတိုးတက်မှုရှိရန် လိုအပ်ပေမည်။



ဆိုလိုသည်မှာ ဤစီးပွားရေးကဏ္ဍကြီး သုံးခုလုံးသည် အရေးကြီးပြီး နိုင်ငံနှင့် နိုင်ငံသားတို့၏ ၀င်ငွေဖြစ်တည်မှု (Income Generations) နှင့် သာယာဝပြောမှု (Welfarce) တို့ကို ပံ့ပိုးပေးသောကြောင့်ပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ ဤကဏ္ဍကြီးသုံးခု ဖွံ့ဖြိုးတိုးတက်မှုသည် ဤကဏ္ဍကြီးများ၏ အဓိကလိုအပ်သော သွင်းအားစုများ၏ အရေအတွက်နှင့် အရည်အသွေး မြင့်မားအောင် (ပို၍ပို၍ မြင့်မားအောင်) ဆောင်ကြဉ်းပေးရန်လည်း လိုအပ်ပေမည်။



ဤတွင် အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော (က) မည်သည့်ကုန်ပစ္စည်း အမျိုးအမည်များကို (ခ) မည်သည့်သွင်းအားစုများကို (ဂ) မည်သို့ပေါင်းစပ်ကာ (ဃ) မည်ရွှေ့မည်မျှ ထုတ်လုပ်ပြီး (င) မည်သည့်ဈေးကွက်များ (ပြည်တွင်း/ပြည်ပ ဈေးကွက်များ)တွင် ထုတ်လုပ်တင်ပို့ ရောင်းချမည်နည်းဆိုသည်ကို ရှေးဦးစွာ စဉ်းစားသုံးသပ် တွက်ချက်ရပေလိမ့်မည်။



ဈေးကွက်စီးပွားရေးစနစ်၏ သဘောတရားသည် ဈေးကွက်၏ အခြေအနေကို သိရှိရန် လိုအပ်ခြင်းနှင့်အတူ မိမိတို့၏ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်မှု အခြေအနေကို သိရှိရန် လိုအပ်ခြင်းဟူသော အခြေခံ အကြောင်းတရားများကို မသိရှိလျှင် မည်သည့်ကုန်စည်မဆို ရောင်းချရန် မလွယ်ကူတတ်ပေ။



သဘာဝပတ်ဝန်းကျင်ကို အဓိကထိခိုက် ပျက်စီးစေနိုင်သော ကုန်ထုတ်လုပ်မှုများနှင့် ယင်းကုန်စည်များသည် နိုင်ငံနှင့် နိုင်ငံသားတို့၏ ကျန်းမာရေး၊ စီးပွားရေးသာမက အမျိုးသားလုံခြုံရေးကိုပါ သွယ်ဝိုက်ထိခိုက်စေနိုင်သည် ဆိုသည်ကိုလည်း တွေ့ရှိနိုင်သည်။



ဤစီးပွားရေး ကဏ္ဍကြီးများကို ထုတ်လုပ်၊ တင်ပို့ (သယ်ယူပို့ဆောင်)၊ ရောင်းချရာတွင် ထုတ်လုပ်မှုကို စတင်သည့်အဆင့် (သို့မဟုတ်) ထုတ်လုပ်မှုကို မစတင်မီအဆင့်မှစ၍ အထက်တွင် ဆိုခဲ့သကဲ့သို့ ထုတ်လုပ်မှုပုံစံ၊ တင်ပို့မှုပုံစံ၊ ရောင်းချမှုပုံစံ အစရှိသည်တို့ကို ပြင်ဆင်ရပြီး သိုလှောင်ထားရှိမှု ပုံစံနှင့် အခြားအခြားသော ပြိုင်ဘက်နိုင်ငံများ၏ ဈေးကွက်ထိုးဖောက်မှုပုံစံ အစရှိသည်တို့ကိုလည်း လေ့လာထားရန် လိုအပ်ပေမည်။



ဤစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုသည် အပြန်အလှန် အထောက်အပံ့ပြုစေရန်အတွက် လိုအပ်သောဘဏ်နှင့် ငွေလဲနှုန်းစနစ်များ၊ ၀င်ငွေလည်ပတ် စီးဆင်းမှုကို ကောင်းမွန်စေသော အခွန်ကောက်စနစ်များ၊ နိုင်ငံသားတို့၏၀င်ငွေ (Incomes)၊ စုဆောင်းမှုများ (Savings) နှင့် ရင်းနှီးမြှုပ်နှံမှုများ (Investments) သည် အတူတကွ မြင့်မားတိုးမြင့်စေမည့် အစီအမံများဖြင့် ထိန်းကျောင်းသွားရလေ့ ရှိသည်။



ကုန်ပစ္စည်းအမျိုးအမည် အားလုံးကို ထုတ်လုပ်ခြင်းထက် မိမိနိုင်ငံ၏ လက်ရှိပကတိ နည်းပညာနှင့် အရင်းအနှီး ပမာဏကို အခြေခံကာ ထုတ်လုပ်ခြင်းအားဖြင့် မိမိနိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုများကို အကျိုးရှိစွာ ခွဲဝေသုံးစွဲနိုင်သည်။ ၎င်းအပြင် မိမိနိုင်ငံ၏ ကုန်ထုတ်လုပ်နိုင်မှု နေရာဒေသနှင့် ထုတ်လုပ်နိုင်မှု စွမ်းရည်ကို ဈေးကွက် (ပြည်တွင်း/ပြည်ပ)များ၏ ၀ယ်လိုအားပမာဏ၊ ခရီးအကွာအဝေး၊ တစ်ယူနစ်ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်စရိတ် စသည်တို့ကို သိရှိပါက ယင်းကုန်စည်တို့၏ အကျိုးအရှိဆုံးသော ကုန်ထုတ်လုပ်မှု ပမာဏကို အကြမ်းဖျင်း တိုင်းတာသိရှိနိုင်သည်။



လယ်ယာသားငါးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍကြီးဟူသော ကဏ္ဍကြီးသုံးခုကို အကြမ်းဖျင်းစဉ်းစားလျှင် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကျန်ကဏ္ဍကြီးများနှင့် ချိတ်ဆက်နေနိုင်ရန် လိုအပ်နေကြောင်းနှင့် မိမိနိုင်ငံ မိမိနိုင်ငံသားတို့၏ လူနေမှုဘ၀ မြင့်မားမှု (လူမှုစီးပွား အဆင့်အတန်း မြင့်မားတိုးတက်မှု)အတွက် အရေးကြီးလှသည်။

from Eleven Media Group's Facebook Wall http://ift.tt/1k3xDth

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...