Skip to main content

[ Voice of the Day ] “မြန်မာအတိုက်အခံ ခေါင်းဆောင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစု...



[ Voice of the Day ]



“မြန်မာအတိုက်အခံ ခေါင်းဆောင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာရဟန်းတော် ဦးဉာဏိဿရ၏ စစ်ကိုင်းချောင် ဟူသော အရပ်၌ ရာသက်ပန် မယ်သီလရှင် ဝတ်သွားပြီ ဖြစ်ကြောင်း၊ ပါတီ၏ ကိစ္စအဝဝအား ဟစ်ဟော့အဆိုတော် အောက်လွှတ်တော်အမတ်ကြီး ဇေယျာသော်ထံ လွှဲအပ်ခဲ့ကြောင်း၊ ထိုကိစ္စကို မကျေနပ်၍ ပါတီ ဝါရင့်ခေါင်းဆောင် ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဗမာသွေး တစ်မတ်သားသာ ပါသော တရုတ်ကပြား ဦးဉာဏ်ဝင်းတို့သည် ပါတီမှ နုတ်ထွက်ကာ ပါတီအသစ် ထောင်လိုက်ကြပြီး ပါတီ၏ အမည်ကို အမျိုးသား လူအိုကရေစီအဖွဲ့ချုပ်ဟု အမည်ပေးလိုက်ကြောင်း၊ သူတို့ပါတီ၏ ဌာနချုပ်ကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၌ ယာယီ ဖွင့်လှစ်ထားပြီး ယခုပင်လျှင် လူအိုရုံရှိ အင်အားဖြင့် ပါတီဝင် အတော်အတန် စုဆောင်းမိနေပြီ ဖြစ်ကြောင်း”

“မြန်မာထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်သည် ယခင် တပ်မတော် အကြီးအကဲက ခိုင်းတာနည်းနည်း၊ သူအပိုလုပ်မိတာ များများ ဖြစ်ခဲ့သည်ဟု ဝန်ခံ ပြောကြားလိုက်ကြောင်း”

“ကမ္ဘာ့ ပွင့်လင်းလူ့အဖွဲ့အစည်း တည်ထောင်သူ သူဌေးကြီး ဂျော့ဆိုးရော့က မြန်မာ့ ပွင့်လင်းလူ့အဖွဲ့အစည်း လူငယ်အုပ်စု များကို မပွင့်မလင်း ထောက်ပံ့ခဲ့သော ဒေါ်လာငွေများ စာရင်းကို ထုတ်ပြန် ကြေညာလိုက်ကြောင်း”



မတ်လ ၂၈ ရက်နေ့ထုတ် Hot News ဂျာနယ်ပါ

“ဦးလှဆွေ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) ရေးသားသော နောက်ဆုံးနေ့ပေါက်ကွဲမှု” ဆောင်းပါးမှ ကောက်နုတ်ချက်



[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

from The Voice Weekly's Facebook Wall http://ift.tt/1gLXlo9

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...