Skip to main content

“The Chosen One”စာတန်းကို မန်ယူအသင်း ဖယ်ရှား အောင်သုတ မန်ချက်စတာ၊ ဧပြီ ၂၄။...



“The Chosen One”စာတန်းကို မန်ယူအသင်း ဖယ်ရှား



အောင်သုတ



မန်ချက်စတာ၊ ဧပြီ ၂၄။ ။ မန်ယူအသင်းသည် အသင်းနည်းပြ

ဒေးဗစ်မိုယက်စ်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ၎င်း၏ရုပ်ပုံပါဝင်ကာ ၎င်းကိုရည်ညွှန်း၍ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်ပွဲကြည့်စင်တွင် ချိတ်ဆွဲထားသည့် “The Chosen One” စာတန်းကို ဖယ်ရှားလိုက်ပြီဖြစ်သည်။



မန်ယူအသင်းသည် ဂန္ထ၀င်နည်းပြဟောင်းဖာဂူဆန်၏ထောက်ခံမှုဖြင့် အဲဗာတန်အသင်းနည်းပြဟောင်းဒေးဗစ်မိုယက်စ်ကို အသင်းနည်းပြသစ် အဖြစ်ခန့်အပ်ခဲ့ပြီးနောက်ပိုင်း ပရိသတ်များ၏ ထောက်ခံ အားပေးမှုရရှိစေရန်ရည်ရွယ်ချက်ဖြင့် ၎င်းစာတန်းကို ယခုနှစ်ရာသီအစကတည်းက ချိတ်ဆွဲထားခြင်းဖြစ်သည်။ သို့သော် မန်ယူအသင်းအနေဖြင့် ယခုနှစ်ရာသီတွင် ရလဒ်များတောက်လျှောက်ကျဆင်းခဲ့ကာ နည်းပြမိုယက်စ်အ နေဖြင့် မန်ယူအသင်းကို အောင်မြင်မှုရအောင် မစွမ်းဆောင် ပေးနိုင်ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။



ထို့ကြောင့် မန်ယူအသင်းကို လက်ရှိအချိန်တွင် ၀ါရင့်ကစားသမားရိုင်ယန်ဂစ်က ယာယီနည်းပြအဖြစ်ကိုင်တွယ်နေပြီး စနေနေ့တွင်ကစားမည့် နောဝှစ်ခ်ျအသင်းနှင့် ပွဲမတိုင်မီတွင် “The Chosen One”စာတန်းကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်။



ယင်းစာတန်းချိတ်ဆွဲရန် အကုန်အကျခံထား သည့် အသင်းပရိသတ်အုပ်စုတစ်ခုဖြစ်သော Stretford End Flags အုပ်စုအနေဖြင့် ယင်းနေရာတွင် အသင်း၏ဂန္ထ၀င်နည်းပြကြီးဆာ ဘော်ဘီ ချာလ်တန်ကို ဂုဏ်ပြုသည့်စာတန်းချိတ်ဆွဲရန် စဉ်းစားနေကြသည်။ Stretford End Flags အုပ်စုအနေဖြင့် “The Chosen One”စာတန်းကို မန်ချက်စတာမြို့ရှိ အမျိုးသားဘောလုံးပြတိုက်သို့ လှူဒါန်းရန်ပြင်ဆင်ထားကြောင်းလည်း အုပ်စု၏ပြောရေးဆိုခွင့်ရသူတစ်ဦးက ပြောကြား သည်။





from Mizzima - News in Burmese's Facebook Wall http://ift.tt/1iQD4NM

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...