ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခန်းမြို့၊ ပြည်သူ့စစ် ပန်ဆေးဦးကျော်မြင့်ပိုင်တဲ့ ၈၈၈ စီးကရက် စက်ရုံဝင်းမှာ ဧပြီ ၂၃ ရက် ည ၁၉း၄၅ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါ တယ်။
ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ နမ့်ခန်းမြို့နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းဆိုင်ဝမ်း က ပြောပါတယ်။
“ပန်ဆေး ကျော်မြင့်တို့လုပ်တဲ့ စီးကရက်ရုံ လို့ပဲ ခေါ်ကြတာပေါ့။ ထိခိုက်မှုကတော့ ရဲမှူးပြောတာကတော့ ထိတော့ ထိတယ်တဲ့။ ဆေးရုံမှာ တက်နေတယ်တဲ့။ ဘယ်နှယောက်လဲတော့ မသိဘူး။ မြို့ထဲမှာ လုံခြုံရေးကတော့ ညပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စောင့်ပေးဖို့။ မြို့ထဲမှာ ဗုံးမပေါက်ဖို့ သူတို့ တာဝန်ယူပေးလာတယ်။”
နမ့်ခန်းမြို့တွင် ဗုံးပေါက်ကွဲ၊ တိုက်ပွဲများဖြစ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/ROkf4p
Comments
Post a Comment