Skip to main content

နိုင်ငံခြားဘဏ်များကို အရေအတွက် ကန့်သတ်ချက်ဖြင့်သာ ခွင့်ပြုမည်ဟုဆို ရန်ကုန်၊ မတ်...



နိုင်ငံခြားဘဏ်များကို အရေအတွက် ကန့်သတ်ချက်ဖြင့်သာ ခွင့်ပြုမည်ဟုဆို



ရန်ကုန်၊ မတ် ၂၆



ပြည်တွင်းတွင် နိုင်ငံခြားဘဏ် လုပ်ငန်းများ အပြည့်အဝ လုပ်ကိုင်ခွင့်ပြုရာတွင် လက်ရှိ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ထားသည့် ဘဏ်များအနက်မှ ရွေးချယ် ကောက်နုတ် ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။



နိုင်ငံခြားဘဏ် အားလုံးကို လုပ်ကိုင်ခွင့် မပြုခြင်းသည် အဆိုပါ ဘဏ်များကို ကြီးကြပ်ကွပ်ကဲရာတွင် အခက်အခဲ ဖြစ်နိုင်သည့်အတွက် အဆိုပြုလာသည့် ဘဏ်များအနက်မှ အရည်အချင်း သတ်မှတ်ချက် ပြည့်မီသော၊ ကြီးကြပ် ကွပ်ကဲရန် အဆင်ပြေနိုင်သော အရေအတွက်အထိသာ ခွင့်ပြုရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။



“နိုင်ငံခြားဘဏ် အားလုံးကို ခွင့်ပြုမယ်ဆိုရင် ဒီမှာရှိတဲ့ လူတွေနဲ့ ကြီးကြပ်ကွပ်ကဲဖို့ ခက်ခဲနိုင်တယ်လို့ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့) ကလည်း အကြံပေးတာကြောင့် အဆိုပြုသူတွေထဲက Selective ပုံစံနဲ့ ခွင့်ပြုသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။



နိုင်ငံခြားဘဏ် ၁၀ ခုခန့်အထိ ရွေးချယ်ခွင့်ပြုရန် ဆောင်ရွက်လျက် ရှိသည်ဟု ဗဟိုဘဏ် သတင်းရင်းမြစ်များကို ကိုးကား၍ Bangkok Post သတင်းစာကလည်း ရေးသားထားသည်။



“ဘဏ်ဘယ်နှစ်ခုကို ရွေးချယ်ခွင့် ပြုမယ် ဆိုတာကိုတော့ အတိအကျ ပြောဖို့ မလွယ်သေးဘူး” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဆိုသည်။



နိုင်ငံခြားဘဏ်များကို ပြည်တွင်းတွင် လုပ်ကိုင်ခွင့် ပြုခြင်းကို ကြိုဆိုပြီး မြန်မာ့ဘဏ်လုပ်ငန်း ပိုမိုကောင်းမွန်လာနိုင်ကြောင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာက ပြောကြားသည်။



“နိုင်ငံခြားဘဏ်ကို တကယ်တမ်း ခွင့်ပြုဖို့ လုပ်ချိန်မှာ သူတို့ (ပြည်တွင်း ပုဂ္ဂလိကဘဏ်များ) တွေက စိုးရိမ်မှုတွေ ရှိနေတယ်။ နိုင်ငံခြားဘဏ်တွေက လွှမ်းမိုးသွားမှာကို သူတို့ စိုးရိမ်နေကြတယ်” ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။



နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့်ပြုရန် နိုင်ငံတကာ အကြံပေး ကုမ္ပဏီ ခေါ်ယူကာ ဆောင်ရွက်သွားမည် ဖြစ်ပြီး မည်သည့် အချိန်တွင် တင်ဒါ ခေါ်ယူမည်ကို မသိရှိရသေးပေ။



နိုင်ငံခြားဘဏ်များကို ခွင့်ပြုရာတွင် ပြည်တွင်းဘဏ်နှင့် ပြည်ပဘဏ် ဖက်စပ် လုပ်ကိုင်စေပြီး ကုမ္ပဏီ အသစ်တစ်ခု တည်ထောင်ခြင်းနှင့် အပြည့်အဝ ရင်းနှီးမြှုပ်နှံခွင့် ပြုခြင်းတို့သည် နိုင်ငံအတွက် ပိုမို အကျိုးရှိစေမည် ဖြစ်ကြောင်း သမဝါယမဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ဆိုသည်။



နိုင်ငံခြားဘဏ်များကို ခွင့်ပြုရာတွင် ကန့်သတ်ချက်များဖြင့် ခွင့်ပြုမည် ဖြစ်ပြီး ဘဏ်တစ်ခုလျှင် ဘဏ်ခွဲတစ်ခုသာ လုပ်ကိုင်ခွင့် ပြုခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဆိုသည်။





from The Voice Weekly's Facebook Wall http://ift.tt/1g2PpJc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...