ပြိုင်ကားမောင်းသမား ၀က်ဘာ မောင်းလာတဲ့ ပေါ်ရှေးပြိုင်ကားနဲ့ အီတလီက မတ်တီအို ခရီဆိုနီ မောင်းနှင်တဲ့ ဖယ်ရာရီပြိုင်ကားတို့ အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်ခဲ့တာပါ။
၁ နာရီ ကီလိုမီတာ ၃၀၀ လောက်အရှိန်နဲ့ မောင်းနှင်လာတဲ့ ပြိုင်ကား ၂ စီး တိုက်မိပြီး ကွန်ကရစ် အရံအတားတွေကို ထပ်မံ ၀င်တိုက်ကာ မီးစွဲလောင်သွားခဲ့တာကို ရုပ်သံဗွီဒီယိုတွေမှာ မြင်တွေ့ရ ဖြစ်ပါတယ်။
ကားမောင်းသူ ၂ ဦးစလုံးကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ကနဦးဆေးစစ်ချက်တွေအရ သူတို့နှစ်ဦးဟာ ကျေနပ်စရာ အခြေအနေ ရှိနေတယ်လို့ ပြိုင်ပွဲစီစဉ်တဲ့ အုပ်ချုပ်ရေးအဖွဲ့က က ပြောပါတယ်။
အသက် ၃၈ နှစ် အရွယ် ၀က်ဘာဟာ ဖော်မြူလာဝမ်းပြိုင်ပွဲတွေမှာ ၁၂ နှစ်ကြာ ပါဝင်ခဲ့ပြီးနောက် မနှစ်ကမှ အနားယူခဲ့တာပါ။
By ဒီဗွီဘီ
http://ift.tt/1ysYxmz
ဓာတ်ပုံ – Mark Webber FB |
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1y6qzS8
Comments
Post a Comment