Skip to main content

အသည်းရောဂါအမျိုးမျိုးအတွက် အစွမ်းထက်ဆေးပင်များ







မိတ်ဆွေတို့ရေ.. အသည်းရောင် ရောဂါတွေ အဖြစ်များကြတယ်နော်။

A B C အဆင့် ၃ ဆင့် ခွဲထားပြီး A အဆင့်က လပိုင်းနဲ့ ကုသပျောက်ကင်းနိုင်ပေမယ့် B နဲ့ C အဆင့်တွေကတော့ အသက်သေဆုံးရတဲ့အထိပါ ပြင်းထန်တယ်ဆိုတာ သိကြပြီးသားပါ။ လူ လူချင်း ရောဂါကူးစက်ပုံတွေကလဲ တဆင့်နဲ့ တဆင့် ကွဲပြားခြားနားကြပါတယ်။

ဒီရောဂါအဆင့်အလိုက် ပညာပေးရှင်းပြထားတာတွေလဲ အများကြီး ရှိပြီးသားပါ။ ရောဂါအဆင့်လိုက် ဆောင်ရန်၊ရှောင်ရန်၊ ဆေးဝါး၊ ကုသပုံတွေလဲ အမျိုးမျိုး ရှိနေပါတယ်။ ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျ ကနေ အသည်းရောဂါတွေ မဖြစ်သေးခင် ကြိုတင်ကာကွယ်နိုင်မယ့် လက်တကမ်းဆေးပင်ဆေးရွက်လေးတွေ သိရအောင် ဝေမျှပေးလိုက်ပါရစေ။ ပစ္စည်းအမျိုး ၂၀ တောင် တွေ့ရတယ်ဆိုတော့ တနည်းမဟုတ် တနည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။


(၁) Artichoke လို့ခေါ်တဲ့ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် တိုးတက်လုပ်ဆောင်ပေးနိုင်တဲ့ ဂေါ်ဖီထုပ်လို အရွက်ထုပ်ဟင်းပင် တစ်မျိုး စားပေးပါနော်။ မမြင်ဖူးရင်လဲ ဓာတ်ပုံလေးပါ တွဲပြီး တင်ပေးထားပါတယ်။ ဒီအပင်မျိုး ပတ်ဝန်းကျင်မှာ ရှာတွေ့ဖို့ ခက်နေရင် မပူပါနဲ့။ တခြားနည်းလမ်းတွေ အများကြီး အောက်မှာ ဆက်ကြည့်ပါ။


(၂) အသည်းရဲ့ဆဲလ်တွေကို စွမ်းရည်မြှင့်ပေးတဲ့ ဟင်းသီးဟင်းရွက် တစ်ခုကတော့ Beet ဆိုတဲ့ သကြားမုန်လာပါပဲ။ ဒါကတော့ အာယုဗေဒ သဘာဝဆေးနည်းအရလို့ ဆိုပါတယ်။


(၃) Burdock လို့ သိကြတဲ့ ကပ်စေးနည်းပင်တစ်မျိုးနဲ့ dandelion ဆိုတဲ့ ဒုဓလီပင်တို့ကလဲ အသည်းကို စင်ကြယ်စေပြီး သွေးစီးဆင်းမှုအတွက် အရေးကြီးတဲ့ အပင်တွေပါ။ နိုင်ငံခြားဈေးကွက်ထဲမှာတော့ ဒီ ၂ မျိုးကို ပေါင်းစပ်ပြီး ဆေးရည်ပုလင်း လုပ်ထားတဲ့ တံဆိပ်တွေလဲ အမျိုးမျိုး ရှိနေပါတယ်။


(၄) Licorice သို့ Liquorice ဆိုတဲ့ နွယ်ချိုပါ။ အသည်းရောင်တာနဲ့ ဆက်နွယ်တဲ့ ရောဂါတွေ၊ အထူးသဖြင့် chronic active hepatitis ဆိုတဲ့ နာတာရှည် အသည်းရောင်ရောဂါအတွက် ကုသရာမှာ သိပ်ကို ထိရောက်တယ် ဆိုတဲ့ အထောက်အထားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အထူးသတိပြုစရာအချက်ကတော့ နွယ်ချိုကို နေ့စဉ်ရက်ဆက် ၇ ရက်ဆက်တိုက် မစားသုံးရပါဘူး။ High Blood Pressure ဆိုတဲ့ သွေးတိုး ရှိနေရင်တော့ လုံးဝ ရှောင်လိုက်ပါ။ တော်ကြာ အသည်းကြောင့် မဟုတ်ပဲ သွေးတိုးတက်လို့ ဒုက္ခ ရောက်နေပါဦးမယ်။


(၅) Ligustrum japonicum လို့ခေါ်တဲ့ ဖယောင်းရွက် Japanese privet ပါ။ ဒီအပင်က အသည်းရောင်ရမ်းနာတွေကို သက်သာစေပြီး နဂိုအတိုင်း ပြန်ကောင်းစေဖို့ အစွမ်းထက် ဆေးပင်ပါတဲ့။


(၆) ကိုယ်တွင်းကလီစာ ရောဂါတော်တော်များများ ပျောက်စေတဲ့ Milk thistle ဆေးပင်ပါ။ အသည်းမှာဖြစ်တဲ့ အနာကို သက်သာ ကောင်းမွန်စေတဲ့ Silybum marin ဆိုတဲ့ flavonoid ဓာတ် ပါဝင်ပါတယ်။ ဆေးတောင့်ပုံစံနဲ့ ထုတ်လုပ်ထားပြီး တစ်နေ့ကို ၂၀၀ မီလီဂရမ်ကနေ ၄၀၀ မီလီဂရမ်အထိ တစ်နေ့ ၃ ကြိမ် သောက်သုံးပေးရပါတယ်။


(၇) သံလွင်ရွက်ကတော့ အသည်းမှိုတက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အစွမ်းထက် ဆေးရွက်ဖြစ်ပါတယ်။


လောလောဆယ် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေဦးနော်။ အပင်အရွက် အခေါ်အဝေါ်တွေက အင်္ဂလိပ်အမည်နဲ့ မြန်မာအမည်တွေ မကိုက်ညီပေမယ့် ဓာတ်ပုံမြင်ရင် သိမယ် ထင်ပါတယ်။


ဦးစောနွဲ့နေဆိုင် (ပူတာအို)

ကျန်းမာရေးသတင်းများ





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1EQ8yNB

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...