Ooredoo Futsal Cup ဖွင့်ပွဲကို အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်မည်
ရဲရင့်ဌေး
မေလ ၂၇ ရက်တွင် စတင်ကျင်းပမည့် MFF Ooredoo Cup Futsal Cup ဖွင့်ပွဲစဉ်များကို ပရိသတ်များအနေ ဖြင့် ၀င်ကြေးအခမဲ့ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်မည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင်သတင်းထုတ် ပြန်ထားသည်။
MFF Ooredoo Cup Futsal Cup အဖွင့်ပွဲစဉ်များကို မေလ ၂၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်ကာ အမျိုးသား အားကစားရုံ-၁ (သုဝဏ္ဏ)တွင် ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် ပွဲစဉ်ခြောက်ပွဲ ကစားမည် ဖြစ် သည်။ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် လက်ရွေးစင်ဟောင်းများ အသင်းနှင့် အနုပညာရှင်များ ပါဝင်သော Actor Stars အသင်းတို့ သရုပ်ပြပွဲကစားမည် ဖြစ်သည်။ 2014 Ooredoo Cup Futsal Cup ပြိုင်ပွဲတွင် စုစုပေါင်း ၄၂ သင်း အုပ်စုရှစ်စု ခွဲကာ ယှဉ်ပြိုင်ကစားစေမည် ဖြစ်သည်။
ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းမှာ သိန်း ၃၀၊ ဒုတိယရသည့်အသင်း သိန်း ၂၀၊ တတိယအသင်း ၁၀ သိန်း၊ စတုတ္ထရသည့်အသင်း ငါးသိန်းနှင့် အသန့်ရှင်းဆုံးအသင်း ဆုအတွက် လေးသိန်း၊ ချီးမြှင့်မည် ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုအတွက် သုံးသိန်း၊ ဂိုးသွင်းအများဆုံး ကစား သမားဆုအတွက် သုံးသိန်း ချီးမြှင့်မည်ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1hpop8N
Comments
Post a Comment