Skip to main content

" နေပြည်တော် ကြေညာစာတမ်းအောက်က စာပိုဒ်တစ်ခုပဲလား အမျိုးသမီးနှင့် ကလေးသူငယ်အရေး...



" နေပြည်တော် ကြေညာစာတမ်းအောက်က စာပိုဒ်တစ်ခုပဲလား

အမျိုးသမီးနှင့် ကလေးသူငယ်အရေး "



”၂ဝ၁၅ ခုနှစ်လွန် အာဆီယံမျှော်မှန်းချက်များကို စတင်ရေးဆွဲရာမှာ အမျိုးသမီးများနဲ့ ကလေးသူငယ်များရဲ့အခန်းကဏ္ဍကို ပိုမိုမြင့်မားစေမယ့် စီမံချက်တွေကို အလေး ထားပြီး ထည့်သွင်းဖို့ကိုလည်း တိုက်တွန်း အပ်ပါတယ်” နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အသစ်ကြီး၏ အစည်းအဝေးခန်း မတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်းစကားကို (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ အဖွင့်မိန့်ခွန်းအဖြစ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။



အာဆီယံသက်တမ်း နှစ်ပေါင်း ၄ဝ ကြာအပြီး ပထမဆုံးလက်ခံရယူခဲ့ရသည့် အာဆီယံဥက္ကဋ္ဌရာထူးနှင့် ကိုက်ညီမှုရှိစေရန် နေပြည်တော်ကြေညာ ချက်ကိုလည်း မေလ ၁၁ ရက် နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ သဘောတူညီချက် ၂၈ ချက်ပါ ယင်းကြေညာချက်တွင် အမျိုးသမီး၊ ကလေးသူငယ်၊ လူငယ်နှင့်မသန်စွမ်းသူများ၊ အား နည်း သူများ ၏အခန်းကဏ္ဍကို မြှင့်တင်ပေးရန်ဟူသည့် အချက်မှာလည်း တရားဝင်ပါဝင်နေပြန်သည်။



အာဆီယံဥက္ကဋ္ဌ မြန်မာအနေနှင့် အာဆီယံခေါင်းဆောင်များအား အထူးတလည်တိုက်တွန်းချက်များ ရှိနေမည် ဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေးမတိုင်မီ မေလ ၁ဝ ရက်နေ့ကပင် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် က မီဒီယာများနှင့် တွေ့ဆုံစဉ်ကနဦး ပြောကြားထားခဲ့သေးသည်။ သို့သော် အတိအကျကိုမူ ထုတ်ဖော်မပြောသေးချေ။



”သမ္မတအနေနဲ့ ခေါင်းဆောင်တွေကိုပြောပြပြီး သဘော တူညီမှုရှိရင် ကြေညာချက်မှာ ထည့်သွင်းအတည်ပြုမှာပါ”ဟု ၎င်းက အကြိုစကားဆိုခဲ့သည်။ထိပ် သီးအစည်း အဝေးနေ့တွင် သမ္မတအနေနှင့် ဆင်းရဲမှုလျှော့ချရေး၊ လူမှုလုံခြုံရေး ကွန်ရက်ခိုင်မာစေရေး၊ အာဆီယံ သွင်ပြင်လက္ခဏာဖော်ဆောင်ရေး၊ သဟဇာတဖြစ်သည့် လူမှု အသိုက်အဝန်းထူထောင်ရေး၊ ဒေသဖွံ့ဖြိုးမှုရလဒ်တွေ မျှဝေ ရာမှာ အများပါဝင်နိုင်စေရေး စသည့်အချက်များကို နှစ်ဆ တိုးလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။



အထက်ပါအချက်များနှင့် ဆက်စပ်၍ အမျိုးသမီးနှင့် ကလေးများ၏ အခန်းကဏ္ဍကိုလည်း အလေးထားပုံဖော်ရန် တိုက်တွန်းခဲ့ပြန်ရာ ထိုသို့တိုက်တွန်းရသည့် ရည်ရွယ် ချက် မှာ ထောင်စုနှစ်ဖွံ့ဖြိုးမှု ဦးတည်ချက်များ ပြည့်မီရာ ရောက်စေရန် ဖြစ်သည်ဟု သမ္မတက အတိအလင်းကြေညာခဲ့သည်။ သမ္မတအနေနှင့် အာဆီယံဒေ သ တွင်း ခေါ င်းဆောင်များ နှင့်တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည့် အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ကာကွယ်မှု အခွင့်အရေးကိစ္စများ မှာ လက်ရှိပြည် တွင်း၌ ပင် မည်မျှတိုးတက်ပြောင်းလဲမှု ရှိနေပြီကို စောင့်ကြည့်လေ့ လာသင့်ကြောင်း မြန်မာပြည်အခြေစိုက် NGO အဖွဲ့အစည်းများ၊အရပ် ဘက်လူမှုအဖွဲ့ အစည်းအချို့ က ထော က်ပြကြသည်။



”အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အကြမ်းဖက်ခံရ တဲ့ ကိစ္စကတစ်ခုလောက်ဖြစ်နေသေးရင်တောင် ဒါကို မတရားဘူးဖြစ် တယ်လို့ပဲ မြင်တယ်”ဟု အမျိုးသမီး အဖွဲ့ အစည်းများ ကွန်ရက်မှ ဒေါ်ရွှေရွေ စိန်လတ်က ၎င်း၏အတွေးကို သုံးသပ်ပြောကြားသည်။ ထိုသို့ဆိုလျှင် အာဆီယံဥက္ကဋ္ဌ မြန်မာ၏ပြည်တွင်း၌ပင် အမျိုးသမီးနှင့် ကလေး သူငယ်များအတွက် ဦးစားပေးလုပ် ဆောင်ရန် လိုအပ်နေသေးသည်ဟု ထင်ပါသလား။ အခွင့်အရေးကောင်းမွန်စွာရရှိရန်ထက် အခွင့်အရေးမရ သည့် တိုင်အောင် ပင် အေးချမ်းလုံခြုံစွာ နေထိုင်ခွင့်ရရှိရန် ဦး စွာ လိုအပ်ကြောင်း ဒေါ်ရွှေရွှေစိန်လတ်က သူ့အမြင်ကို ဆို သည်။



”အခွင့်အရေး မပေးနိုင်သေးတဲ့တိုင်အောင် သူတို့အခွင့်အရေးတွေကို

ချိုးဖောက်ဖို့ မသင့်တော့ဘူး”



ဒေါ်ရွှေရွှေစိန်လတ်က သူအတွေ့အကြုံနှင့် သူကိုယ်တိုင်လိုက်ပါ ကူညီပေးနေခဲ့ရသည့်အမျိုးသမီးနှင့် ကလေးငယ်များ အပေါ် အကြမ်းဖက်ခံနေရမှု အနေအထားကို ထပ်လောင်း ပြောခြင်း ဖြစ်သည်။ သမ္မတ၏ စကားနှင့် ပြန် လည်နှိုင်းယှဉ်ချိန်ဆကြည့်မည်ဆိုပါက ပိုမိုမြင့်မားစေရေးဟူသည့် တိုက်တွန်းချက် ပါဝင်နေ သော်လည်း အမှန်တ ကယ်ပင်မြင့်မားရေးကိုရှေးရှုနိုင်ပြီလော။



အမျိုးသမီးနှင့် ကလေးကိစ္စဟုဆိုလျှင် အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့်

NGO များကသာ အကောင်အထည် ဖော်မှု များပြားနေပြီး အစိုးရ၏ပူးပေါင်းမှု နည်းပါးနေခြင်းက မိန့်ခွန်းနှင့် သွေဖည်နေဆဲဖြစ်သည်ဟုလည်း သုံးသပ်သည်။ အရေးတကြီးလိုအပ်သည့် အမျိုးသမီးများအား အကြမ်းဖက် မှုမှ ကာကွယ်စောင့်ရှောက်ရေးဥပဒေသည်ပင် ဘယ်မှာလဲ ဟူ၍ ဒေါ်ခွန်ဂျာက မေးခွန်းထုတ်သည်။



ထိုသို့ ထောက်ပြရခြင်းသည်အစိုးရအနေနှင့် အမျိုးသမီး နှင့်ကလေး ငယ်များကို စောင့်ရှောက်ရန်လိုအပ်သည့် မူဝါဒ များချမှတ်ပေးခြင်း အကျုံးမဝင်တော့သည့်မူဝါဒများ ပယ်ဖျက် ပေးခြင်း စသည်တို့ကို မပြုလုပ်ပေးခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။



”ကြေညာချက်ဟာ လေထဲမှာပဲရှိပါတယ်” ဟု



အထက်ပါ စကားများနှင့်ဆက်စပ်၍ ဒေါ်ခွန်ဂျာက ဝေဖန်စကားဆိုလိုက်သည်။



သမ္မတဦးသိန်းစိန်အနေနှင့် အမျိုးသမီးနှင့် ကလေးငယ် များအရေး ပိုမိုမြင့်မားစေရန်၊ အကြမ်းဖက်မှုများ ပပျောက် စေရန် တိုက် တွန်းပြောကြားခဲ့သည်။ အာဆီယံထိပ်သီးအစည်း အဝေးအပြီး ခြောက် ရက်အကြာ မေလ ၁၇ ရပ်နေ့တွင် ကွတ် ခိုင်မြို့ နမ့်ဂွတ်ကျေးရွာ၌ အသက် ၁၄ နှစ်အရွယ်အမျိုးသမီး ငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွားခဲ့သည်။



၎င်းးနေရာသည် မြန်မာ့တပ်မတော်နှင့် .....



အပြည့်အစုံသို့ ► http://ift.tt/1tE2HVU







from Popular Myanmar News Journal's Facebook Wall http://ift.tt/1tE2HVW

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...