Skip to main content

ရန်ကုန် စတော့ခ်အိတ်ချိန်း ဝင်ရောက်ရေး အကြိုပြင်ဆင်ရန် MAPCO ခြေလှမ်းစ ရန်ကုန်၊...



ရန်ကုန် စတော့ခ်အိတ်ချိန်း ဝင်ရောက်ရေး အကြိုပြင်ဆင်ရန် MAPCO ခြေလှမ်းစ



ရန်ကုန်၊ မေ ၂၅



လာမည့် ၂၀၁၅ ခုနှစ်တွင် ပြည်တွင်း၌ စတင် ဖော်ဆောင်မည့် ရန်ကုန်စတော့ခ်အိတ်ချိန်း (Yangon Stock Exchange) ဈေးကွက်အတွင်း ဝင်ရောက်နိုင်ရေး အကြိုပြင်ဆင်မှု လုပ်ငန်းများ ခြေလှမ်းစတင်ရန် မြန်မာ့လယ်ယာစီးပွား အများပိုင် ကုမ္ပဏီလီမိတက် (MAPCO) နှင့် Daiwa Securities တို့ မေလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။



လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ရန်ကုန်စတော့ခ်အိတ်ချိန်းတွင် အများပိုင် ကုမ္ပဏီတစ်ခု ပါဝင်နိုင်ရေးအတွက် အကြိုပြင်ဆင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် ယခုကဲ့သို့ လက်မှတ်ရေးထိုးခြင်း ဖြစ်သည်ဟု MAPCO ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ပြောကြားသည်။



အများပိုင်ကုမ္ပဏီများသည် ကုမ္ပဏီ၏ အရှုံး၊ အမြတ် စာရင်းများကို ရှယ်ယာရှင်များသို့ ပွင့်လင်းမြင်သာစွာ တင်ပြသင့်ပြီး အစုရှယ်ယာရှင်များနှင့် ဆက်သွယ်ရေး လမ်းကြောင်းကို ဖွင့်လှစ်၍ မည်သည့် ရှယ်ယာရှင်မဆို ရှယ်ယာ ဝယ်ယူခွင့် ရသင့်ကြောင်း ၎င်းက ပြောကြားသည်။



“လူ ၇၀ လောက်ကပဲ ရှယ်ယာ ဝယ်ခွင့်ရမယ်။ လုပ်ငန်းကြီးတွေကို သူတို့ကပဲ လုပ်နေတယ် ဆိုရင် အများပိုင်ကုမ္ပဏီရဲ့ ဝိသေသနဲ့ မညီဘူးပေါ့” ဟု ပြည်တွင်းအများပိုင် ကုမ္ပဏီများနှင့် ပတ်သက်၍ ၎င်းက မှတ်ချက်ပြုသည်။



MAPCO ကို အများပိုင်ကုမ္ပဏီ နိုင်ငံတကာ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီရန် တည်ဆောက်လျက် ရှိကြောင်း၊ စတော့အိတ်ချိန်းသို့ ဝင်ရောက်ရာတွင် ရှယ်ယာ ဝယ်ယူသူများ၏ ယုံကြည်မှုနှင့် ကုမ္ပဏီများ၏ ရှေ့အလားအလာသည် များစွာ အရေးကြီးကြောင်း အဆိုပါ အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။



“ဟန်ပြ အများပိုင်ဖြစ်လို့ မရဘူး။ စာရင်းအင်းဆိုင်ရာ မှန်ကန်မှုတွေက သတ်မှတ်စံချိန်ညီဖို့ လိုတယ်။ တကယ့်ကို စည်းမျဉ်းနှင့် ညီဖို့လိုတယ်” ဟု ပြည်တွင်းအများပိုင်များ စတော့ခ်အိတ်ပ်ချိန်း ဈေးကွက်သို့ ဝင်ရောက်ရာတွင် အဓိက လိုအပ်ချက်ကို ၎င်းက ထောက်ပြသည်။



မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် အကြီးဆုံးသော ကုမ္ပဏီဖြစ်သည်။

from The Voice Weekly's Facebook Wall http://ift.tt/1guzEBI

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...