ကံတရားကြောင့် AFC Challenge Cup ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဟု အေဗရာမိုဗစ်ဆင်ခြေပေး
ရဲရင့်ဌေး
AFC Challenge Cup ပြိုင်ပွဲ အုပ်စုအဆင့်မှ မြန်မာ့လက်ရွေးစင်အသင်း ထွက်ခဲ့ရခြင်းမှာ ကံမကောင်းသောကြောင့်ဟု နည်းပြချုပ် အေဗရာမိုဗစ်က ပြောကြားခဲ့သည်။
မြန်မာအသင်းမှာ AFC Challenge Cup အုပ်စု(က)တွင် အိမ်ရှင်မော်လ်ဒိုက်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင် ရခဲ့သော်လည်း ပါလက်စတိုင်းအသင်းကို ၀-၂ ဂိုး၊ ကာဂျစ္စတန်အသင်းကို ၀-၁ ဂိုးတို့ဖြင့် ရှုံးနိမ့်ကာ ရမှတ် သုံးမှတ်သာရခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း ဖြစ်သည်။
“ကစားခဲ့တဲ့ပွဲတွေကို ပြန်ကြည့်ရင် ကစားသမားတွေအနေနဲ့ ပွဲတိုင်းမှာ ၁၀၀ ရာခိုင်နှုန်းအပြည့် အားထုတ် ကစားခဲ့ပါတယ်။ ကျွန်တော်တို့ ဆီမီးဖိုင်နယ် တက်သင့်ပေမယ့် ကံမကောင်းတာကြောင့် ပြိုင်ပွဲကထွက်ခဲ့ ရတာပါ။ ကာဂျစ္စတန်နဲ့ပွဲမှာဆိုရင် ကျွန်တော်တို့ အကောင်းဆုံးကစားပြီး သရေကျဖို့ အခွင့်အရေးတွေ ရခဲ့ ပေမယ့် ဂိုးဖြစ် မလာခဲ့ဘူး။ ကျွန်တော်တို့အသင်းဟာ ဆီမီးဖိုင်နယ်နဲ့ ထိုက်တန်ပါတယ်” ဟု အေဗရာမို ဗစ်က ဆိုသည်။
မြန်မာအသင်းအနေဖြင့် ယခုတစ်ကြိမ် AFC Challenge Cup ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ၂၀၀၈ နှင့် ၂၀၁၀ ခုနှစ်ပြိုင်ပွဲများတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ AFC Challenge Cup ပြိုင်ပွဲ အုပ်စု(က)တွင် အိမ်ရှင်မော်လ်ဒိုက်နှင့် ပါလက်စတိုင်းအသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ပြီး မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်းတို့မှာ ရမှတ်သုံးမှတ်စီဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ AFC Challenge Cup ပြိုင်ပွဲမှာ မြန်မာနည်းပြသစ် အေဗရာမိုဗစ်လက်ထက် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ယခုနှစ်အတွင်းAFC Challenge Cup ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် လည်း ရှိသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1hpoppi
Comments
Post a Comment