◘◘ Popular News PHOTO ESSAY ◘◘
ခိုကိုးရာမဲ့ ဆည်းဆာ
နားလည်ပေးပါ..အိုမင်း မစွမ်းသော ငါ့အား..ထိုထိုသော စကားလုံး တို့ဖြင့် ရေးသား သီကုံးသော စာပေတို့သည် သင်တို့ အိမ်နံရံ တစ်ဖက် တစ်ချက်မှာသာ တွေ့မြင်နိုင်ပေမယ့်...သူတို့ဆီကား ဘယ်သော အခါမျှ လမ်းမှား၍ ရောက်မလာ။
မရေရာ ဖြေစရာတွေ အတွက်..သူ..မလွမ်းဆွေးဝံ့။ နွေးထွေးမှု ကင်းမဲ့သော လူသွားလမ်း ပလက်ဖောင်းထက် မှေးစက် နားခိုသူ အရွယ်လွန် တစ်ဦး အတွက် ခွန်အားမဖြစ်။ အစွန့်ပစ်ခံ အရွယ်လွန် တစ်ဦး၏ ရွေ့ လျားမှုစက်ဝန်းသည် ရာထောင်သော ခြေသံအစုံတွေကြား နေ့တစ်ဖုံ၊ ညတစ်လှည့် မှန်မှန်သာလှည့်ပတ်ရင်း. မီးစာကုန် ဆီခန်း၊ ဤဘဝ လမ်းဆုံးဖို့ အရေး..သူ့အတွေးနဲ့ သူ။
ဓါတ်ပုံ - မောင်သော်အောင်
from Popular Myanmar News Journal's Facebook Wall http://ift.tt/1oF8riA
Comments
Post a Comment