Skip to main content

မြင်းခြံဒေသတွင် မိုးခေါင်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ ယခုလကုန်အထိ မိုးရွာသွန်းမ...



မြင်းခြံဒေသတွင် မိုးခေါင်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ ယခုလကုန်အထိ မိုးရွာသွန်းမှုမရှိပါက ကျေးရွာများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အခက်ကြုံရမည်



မြင်းခြံဒေသတွင် ယခုနှစ်အတွင်း မိုးခေါင်မှုများဖြစ်ပေါ်လျက်ရှိရာ ဩဂုတ်လကုန်သည်အထိ လုံလောက်သောမိုးရွာသွန်းမှု မရှိပါက ကျေးရွာများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အခက်ကြုံရမည်ဖြစ်ကြောင်း သိရသည်။



ဒေသအတွင်း ယခုနှစ်မိုးဦးကာလနှင့် မိုးလယ်ကာလများတွင် မိုးရွာသွန်းမှုများမရှိဘဲ မိုးခေါင်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး မိုးနှောင်း(မိုးကုန်)ကာလများသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မိုးရွာသွန်းမှု အလွန်နည်းပါးသဖြင့် ကျေးရွာများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အခက်ကြုံနေရ ကြောင်း သိရသည်။ ထို့ပြင် မိုးရွာသွန်းမှုမရှိသည့်အတွက် ကျေးရွာအချို့တွင် ကျွဲနွားများအတွက် သောက်သုံးရန်ရေနှင့် အစားအစာ ရှားပါးမှုများလည်း ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများက ဆိုသည်။



“ဒီနှစ် မိုးခေါင်တဲ့အတွက် လယ်ယာ လုပ်ငန်းခွင်လည်း မဝင်နိုင်ခဲ့ပါဘူး။ မိုးမရွာတဲ့အတွက် စိုက်ပျိုးရေလည်း မရပါဘူး။ မိုးမရွာတဲ့အတွက် ဆည်မြောင်းချောင်းကန်တွေမှာလည်း ရေမရှိတော့ပါဘူး။ အခုဆိုရင် ဝါခေါင်လကုန်ပါတော့မယ်။ အရင်နှစ်က မိုးခေါင်တုန်းကတောင် မိုးအတော်အသင့် ရွာခဲ့တဲ့အတွက် ဒီလိုအချိန်တွေမှာဆို ကန်တွေ၊ ဆည်တွေမှာ ရေပြည့်လုနီးပါး ရှိနေပါပြီ။ ဒီ နှစ်တော့ မိုးခေါင်လွန်းတဲ့နှစ်လို့ သတ်မှတ် လို့ရပါတယ်။ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ကာလတွေရောက်လာတဲ့အထိ မိုးရွာတာ နည်းလွန်းတဲ့အတွက် ရွာမှာတူးဖော်ထားတဲ့ ကန်တွေမှာ ရေက ခန်းလုနီးပါးရှိနေပါပြီ။ ဒီလကုန်တဲ့အထိ မိုးမရွာဘူးဆိုရင်တော့ လာ မယ့်နွေမရောက်ခင်မှာဘဲ သောက်သုံးရေပြတ် လပ်မှုနဲ့ ကျွန်တော်တို့တွေ စတင်ကြုံတွေ့ရ မှာပါ” ဟု တောင်သာမြို့နယ် တမံကြီးကျေး ရွာမှ ဒေသခံတောင်သူများက ဆိုသည်။



မိုးခေါင်သည့်ဖြစ်စဉ်များကြောင့် ဒေသတွင်းအပူချိန်မြင့်တက်မှုများရှိနေပြီး ကန်ရေများနှင့် တွင်းရေများ ဆက်လက်ခန်းခြောက်မှု များရှိနေကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိအချိန်တွင် ကျေးရွာအချို့၌ သောက် သုံးရေပြတ်လပ်မှုများ ဆက်လက်ကြုံတွေ့နေ ရသဖြင့် သောက်သုံးရေအတွက် ရေကန်ကြီး များရှိရာ တစ်မိုင်ကျော်ခန့်အထိ ရေသယ်ယူနေရကြောင်း သိရသည်။



“ရွာမှာတော့ သောက်ရေအတွက် နေ့စဉ် တစ်မိုင်ကျော်ရေသွားခပ်နေရပါပြီ။ ကျွဲ နွားအတွက် သောက်ရေရှားပါး လာတဲ့အတွက် ကျွန်တော်တို့အသုံးပြုပြီးသား ချက်ပြုတ် ထားတဲ့ရေတွေကိုပဲ ကျွဲနွားတွေအတွက် သောက်ရေအဖြစ် ပြန်သုံးနေရပါတယ်။ မိုး ခေါင်လွန်းတဲ့အတွက် အချို့ဆိုရင် ရေရနိုင် မယ့်နေရာတွေကိုတောင် မိသားစုလိုက်ရွှေ့ ပြောင်းတာတွေ လုပ်နေပါပြီ။ ဒီလကုန်တဲ့ အထိမိုးမရွာရင်တော့ လာမယ့်နွေမရောက်ခင် မှာဘဲ သောက်သုံးရေအတွက် အရမ်းခက်ခဲတဲ့ အခြေအနေမျိုးကို စတင်ကြုံတွေ့ရမှာဖြစ်ပါ တယ်။ အပူရှိန်တွေ ဆက်လက်မြင့်တက်နေ တော့ တွင်းရေတွေပါ သောက်သုံးရေအတွက် အချိန်ပေးပြီး ငင်နေရပါတယ်” ဟု စံဦးကျေးရွာမှ လူ့အခွင့်အရေး မြှင့်တင်သူများအဖွဲ့မှ ဦးကျော်မင်းက ဆိုသည်။



မြင်းခြံဒေသသည် အခြားအရပ်ဒေသ များနှင့်မတူညီဘဲ မိုးဦးကျသည့်အချိန်မှာ နယုန်လဆန်း၌စတင်ပြီး မိုးနှောင်းကာလမှာ တော်သလင်းလဆန်း အထိသာဖြစ်ကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်များအရ သိရသည်။ ဝါခေါင်လကုန်သည်အထိ မိုးရွာသွန်းမှုမရှိပါက အဆိုပါဒေသ၌ မိုးရွာသွန်း ခြင်းမရှိတော့ကြောင်း ဒေသခံတောင်သူများက ဆက်လက်ရှင်းပြသည်။



မြင်းခြံဒေသတွင်းရှိ စွန်းလွန်းဆည်မှ ခန်းခြောက်နေသော ရေပေးမြောင်းတစ်ခုအား သြဂုတ်လဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-မိုးဟိန်း)







from Eleven Media Group's Facebook Wall http://ift.tt/1uH3Zm4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...