Skip to main content

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား မယုံကြည်မှုနှင့် သံသယများရှိနေ...



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား မယုံကြည်မှုနှင့် သံသယများရှိနေ၍ အပစ်ရပ်မူကြမ်းပါ တပ်သားသစ် မစုဆောင်းရေးအချက် အပါအ၀င် အချက်အချို့ ညှိနှိုင်းနိုင်ခြင်း မရှိသေး



အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား မယုံကြည်မှုနှင့် သံသယများ ရှိနေသေး၍ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းပါ “တပ်သားသစ် မစုဆောင်းရေး” ဆိုသည့် အချက်အပါအဝင် ဝေါဟာရဆိုင်ရာ အချက်အချို့ကို ညှိနှိုင်းနိုင်ခြင်း မရှိသေးဘဲ ဆက်လက်ညှိနှိုင်းရန် ရွှေ့ဆိုင်းထားရကြောင်း ဩဂုတ် ၁၆ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ အပစ်ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲ ဒုတိယနေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ၏ ရှင်းလင်းပြောကြားမှုများအရ သိရသည်။



ဩဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် UPWCနှင့် NCCT တို့၏ဆွေးနွေးပွဲ ပထမ နေ့သတင်းစာရှင်းလင်းပွဲတွင် အပစ်ရပ်မူကြမ်းပါ အခန်း ခုနစ်ခန်းစလုံးကို ဩဂုတ် ၁၆ ရက် တွင် ပြီးဆုံးအောင် ဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ပြောကြားမှုများရှိခဲ့သော်လည်း ဆွေးနွေးပွဲဒုတိယနေ့တွင် အခန်း(၄) အပစ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့် နည်းလမ်းများဆိုသည့် အခန်းအထိသာ ပြီးဆုံးအောင် ဆွေးနွေးနိုင်ခဲ့သောကြောင့် ဩဂုတ် ၁၇ ရက်တွင် ဆက်လက်ညှိနှိုင်းရန် ရက်ထပ်တိုးလိုက်သည်။



ဩဂုတ် ၁၆ ရက်အထိ UPWC နှင့် NCCT တို့၏ ဆွေးနွေးမှုများအရ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ်မူကြမ်းပါ ဆွေးနွေးအချက် ၁ဝ၃ ချက်အနက် အချက် ၉၁ ချက်ကို ညှိနှိုင်းပြီးဖြစ်ကာ ဆက်လက်ဆွေးနွေးရန် အချက် ၁ဝ ချက်ရှိပြီး နှစ်ဖက်ခေါင်းဆောင်များ၏ သဘောထား ရယူဆုံးဖြတ်ရန် အချက်နှစ်ချက်ရှိကြောင်း သိရသည်။



ဆွေးနွေးပွဲ ဒုတိယနေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် NCCT မှ ပဒိုစောကွယ်ထူးဝင်းက ဆွေးနွေးချက်များအရ ပြည်သူများ စောင့်မျှော်နေသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးသည် ယခင်ကထက်ပို၍ နီးကပ်လာပြီဖြစ်ကြောင်း၊ သို့ရာတွင် “တပ်သားသစ်မစုဆောင်းရေး” ဆိုသည့်အချက်မှာ ဆက်လက်ညှိနှိုင်းရမည်ဟု ပြောကြားသည်။



တပ်သားသစ် မစုဆောင်းရဆိုသည့် အချက်နှင့်ပတ်သက်ပြီးပဒိုစောကွယ်ထူးဝင်းက “နိုင်ငံတော်ဘက်က တင်ပြတာက အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်ပိုင်းမှာ တပ်သားသစ် မစုဆောင်းရ။ ကျွန်တော်တို့ တိုင်းရင်းသားဘက်က တပ်သားသစ်စုဆောင်းတယ် ဆိုတဲ့နေရာမှာ အဓမ္မမစုဆောင်းရင် မစုဆောင်းဘူး။ စိုးရိမ်မှုက ရှင်းရှင်းပြောမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတာနဲ့ တပ်သားသစ်အင်အား တိုးချဲ့ခြင်းအားဖြင့် စစ်ပွဲတွေ အင်အားပြန်ထူထောင်ကြမှာကို။ ဒါကိုနားလည်မှုရှိရှိနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်ပိုင်း တကယ့်ငြိမ်းချမ်းရေး တည်ဆောက်မယ်သွားမယ် သန္နိဋ္ဌာန်နဲ့ လုပ်မယ်ဆိုရင် တပ်သားသစ်စုဆောင်းစရာ မလိုဘူး။ ဒီမယုံကြည်မှု သံသယစိုးရိမ်မှုတွေ ရှိတဲ့အပေါ်မှာ ဒီစကားလုံးတွေ ပြောဆိုနေရတဲ့ကိစ္စ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ နားလည်မှုရှိရှိလုပ်ရင် ဘာမှမလိုအပ်ပါဘူး။ အခုက လောလောဆယ် ဒီအပေါ်မှာပဲ ပြောဆိုနေရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။



အကယ်၍ ယခုပြုလုပ်နေသည့် UPWC နှင့် NCCT တို့၏ဆွေးနွေးပွဲတွင် အပစ်ရပ်မူကြမ်းကို ရာနှုန်းပြည့် အချောသပ်နိုင်သည့်တိုင်အောင် နှစ်ဖက်အဖွဲ့အစည်းများ၏ ထိပ်ပိုင်းခေါင်းဆောင်များကို တင်ပြရန်၊ စာချုပ်မူကြမ်းကို စာချုပ်ပုံစံပြောင်းရန်နှင့် လက်မှတ်ရေးထိုးရန် ပြင်ဆင်ရမည့် အခြေအနေများကြောင့် မူလကရည်ရွယ်ထားသည့် ယခုနှစ် စက်တင်ဘာအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ခြင်း ရှိမရှိဆိုသည်မှာ မသေချာသေးပေ။



UPWCအလုပ်အဖွဲ့မှ ဦးလှမောင်ရွှေက “နှစ်ဖက်ခေါင်းဆောင်များကတော့ ဒီအစည်းအဝေးကနေ နှစ်ဖက်အချောသပ်နိုင်အောင် ကြိုးစားဖို့ပါပဲ။ ဒါပေမဲ့ အချောမသပ်နိုင်ဘူးဆိုရင်၊ သပ်နိုင်ခဲ့ရင်လည်း NCCT ကSummit တစ်ခုမှာ သူတို့လူကြီးတွေရဲ့ အတည်ပြုချက်လိုပါတယ်။ ကျွန်တော်တို့ ဒီဘက်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဗဟိုကော်မတီကို ပြန်တင်ပြဖို့လိုပါတယ်” ဟု ပြောကြားသည်။



ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မဆောင်ရွက်နိုင်ပါက နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ တစ်ပတ်ပြန်လည်လာနိုင်သည်ဟု သုံးသပ်ပြောကြားမှုများနှင့် ပတ်သက်ပြီး NCCT မှ ဒေါက်တာဆလိုင်းလျန်မှုန်းက “အဲဒါကြောင့်လည်း ကျွန်တော်တို့က အမြန်ဆုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်အောင် ကြိုးစားနေတာပေါ့။ မနေ့ကနဲ့ ဒီနေ့ဆွေးနွေးတာ အင်မတန်အလားအလာကောင်းတယ်။ ဒီလိုကောင်းတဲ့အချိန်မှာ ကျွန်တော်တို့ အကောင်းမြင်ဝါဒရှိရမယ့် အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်က မဖြစ်နိုင်ဘူးဆိုတဲ့ negative sense ဘက်ကနေ လုံးဝ commentလည်း မပေးချင်ဘူး။ စဉ်းလည်း မစဉ်းစားချင်ဘူး။ ကျွန်တော်တို့နှစ်ဖက်စလုံးက ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်မယ့် ကိစ္စဖြစ်ပါတယ်။ မနေ့တုန်းက အဓိက အရေးအကြီးတဲ့ကိစ္စကို သဘောတူပြီးပြီ။ ကျန်တဲ့ကိစ္စကတော့ ကျွန်တော်တို့ ညှိနှိုင်းလို့ရပါတယ်” ဟု ပြောကြားသည်။



ဆွေးနွေးပွဲ ပထမနေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ အဓိကထား တင်ပြခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမူကို အစိုးရဘက်က လက်ခံခဲ့ခြင်းဖြစ်သည်။



အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ဒုက္ခရောက်နေကြရသည့် တိုင်းရင်းသားပြည်သူ သိန်းနှင့်ချီ ရှိနေဆဲဖြစ်ပြီး ၎င်းတို့အား နေရာချထားရေးနှင့် ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် လိုအပ်နေသည်။

from Eleven Media Group's Facebook Wall http://ift.tt/1uH41Kw

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...