Skip to main content

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုမှာ သေနတ်...



စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုမှာ သေနတ်လုယူခြင်းကြောင့်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်မင်းဦးက ဒီဗွီဘီသို့ ပြောကြားချက် ဖြစ်စဉ်မှန်နှင့် ကွဲလွဲနေကြောင်း ဒေသခံများပြောကြား



ဩဂုတ် ၁၄ ရက်က စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာဖြစ်စဉ်တွင် ဒေသခံ မစန်းကျင်နုက ရဲတပ်ဖွဲ့ဝင်ထံမှ သေနတ်လုသဖြင့် ကျည်ထွက်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ဒုတိယရဲမှူးကြီးဇော်မင်းဦး၏ ပြောကြားချက်မှာ ဖြစ်စဉ်အမှန်နှင့် လွဲချော်နေကြောင်း ကာယကံရှင်နှင့် ကိုယ်တွေ့ကြုံတွေ့သူများက ပြောကြားသည်။



ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ထိုသို့ပြောကြားသည်ကို ဩဂုတ် ၁၅ ရက်တွင် DVB သတင်းဌာနမှ ထုတ်လွှင့်ခဲ့ပြီးနောက် ကာယကံရှင် ဒေါ်စန်းကျင်နုနှင့်ဒေသခံများက ထိုသို့ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။



“ကျွန်မ မလုပါဘူးရှင်။ သေနတ်ဆိုတာ သေတတ်တဲ့အရာမှန်း သိပါတယ်။ ကျွန်မကို မဟုတ်ကဟုတ်ကပြောတာ ကျွန်မလုံးဝ မကျေနပ်ပါဘူး။ ကျွန်မကသေနတ်လုလည်း ဘာခုခံလို့ရမှာလဲ။ ကျွန်မက အပစ်လည်း ခံရသေးတယ်။ သေနတ်လုတယ်လို့လည်း အပြောခံရသေးတယ်။ သူတို့အပြစ်ကို ကျွန်မအပြစ်လို့ ပြောကြတာပါ” ဟု ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးမြို့ အရိုးအကြော အထူးကုဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော ဒေါ်စန်းကျင်နုကThe Daily Eleven သတင်းစာသို့ ပြောကြားသည်။



အခင်းဖြစ်ပွားသည့်နေ့က ဒေါ်စန်းကျင်နုသည် အလယ်တန်းကျောင်းသို့ သွားရောက်ရာ အဆိုပါအားကစားကွင်း အတွင်းသို့ရောက်စဉ် ဘယ်ဘက်ခြေထောက် သေနတ်မှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်အတူ အခင်းဖြစ်စဉ်က အတူရှိနေခဲ့သော ဒေသခံများထံမှ သိရသည်။



“ကျွန်မရှေ့တွင် မှန်သွားတာပါ။ သူ့ကိုမှန်တော့ ကျွန်မကိုယ်တိုင် သူ့ခေါင်းပေါင်း တဘတ်နဲ့ သူ့ကိုစည်းပေးလိုက်တာပါ။ အစက အသာလေးလို့ ထင်ထားတာ။ ခေါင်းပေါင်းနဲ့ စည်းပေးလိုက်မှ ကျွန်မလက်ကို သူ့အရိုးတွေ ထိသွားမှ ကျွန်မလည်းကြောက်ပြီး အော်တော့တာပါ။ ပြီးတော့ ရွာထဲက အမျိုးသားတွေကိုခေါ်ပြီးတော့ ကျွန်မကိုယ်တိုင် လူနာတင်ယာဉ်ပေါ် တင်ပေးလိုက်တာပါ” ဟု အခင်းဖြစ်ပွားစဉ်က မစန်းကျင်နုနှင့် အတူရှိနေသော ဒေါ်မာမာအေးက ပြောကြားသည်။



ထို့အတူ အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့သူ ဒေသခံဒေါ်မိုးဆွေက “သူက ဆိုင်ကယ်ပေါ်ကဆင်းပြီး ထိုင်နေတာ။ သူတို့ဝင်လာတော့ မတ်တတ်ရပ်ပြီး နောက်လှည့် ပြန်မယ့်အချိန်မှာ ဝင်မှန်သွားတာပါ။ သေနတ်ကိုလည်း မလုပါဘူး။ လုလို့လည်း မရပါဘူး။ ကားပေါ်ကဆင်းပြီး ပစ်ရင်းပစ်ရင်းနဲ့ မနွဲ့ရီတို့ခြံထဲက ပစ်တဲ့အချိန်မှာ မှန်သွားတာ” ဟု ပြောကြားသည်။



အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့စဉ်က ရဲတပ်ဖွဲ့ဝင်များသည်Light Truck ကားနှင့် ဝင်ရောက်လာခဲ့ပြီး ကားပေါ်မှဆင်းဆင်းချင်း မည်သူမှမေးမြန်းခြင်းမပြုဘဲ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ဆိုင်ကယ်များဖြင့် ရဲတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာကြောင်း၊ ထို့နောက် ဦးမောင်အောင်၊ မနွဲ့ရီတို့အိမ်သို့ ဝင်ရောက်ကာ အိမ်အတွင်းမှ ထပ်မံပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က အားကစားအတွင်းတွင် လူခြောက်ဦးခန့်သာရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဦးစွာပစ်ခတ်ပြီးမှသာ ရွာသားများရောက်ရှိလာပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့သူများက ဆိုသည်။



ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက စဥ့်ကူးမြို့နယ်ရဲမှူး အောင်စိုးဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များသည် ညောင်ဝန်းကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုတွင် သေနတ်သံ အနည်းဆုံး အချက် ၃ဝ ခန့် ကြားခဲ့ရကြောင်း၊ ဒေသခံအမျိုးသမီး ငါးဦးဒဏ်ရာရရှိခဲ့ပြီး မစန်းကျင်နုမှာ ခြေထောက်သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ထို့အတူ ဒေသခံများ၏ ပြန်လည်ခုခံမှုကြောင့် ရဲမှူးအောင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သည်။



ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သွားရောက်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံငါးဦးကို စဥ့်ကူးမြို့နယ် လက်ပံလှရဲစခန်းတွင် ဩဂုတ် ၁၅ ရက်က ခေါ်ယူစစ်ဆေးခဲ့သည်။



သြဂုတ် ၁၄ ရက်က ညနေပိုင်းက ဒေသခံတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်းမှုပြုလုပ်နေကြစဉ်







from Eleven Media Group's Facebook Wall http://ift.tt/1uH3ZCt

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3