Skip to main content

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနလေးခုတို့တွင် မောင်းနှင်နေသော ယာဉ်အတွင်းပိုင်းအား...



မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနလေးခုတို့တွင် မောင်းနှင်နေသော ယာဉ်အတွင်းပိုင်းအား မြင်နိုင်သည့် နည်းပညာမြင့် လုံခြုံရေးစက်များ အပါအ၀င် ဆက်သွယ်ရေး ကိရိယာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးမြှင့်အသုံးပြုသွားမည်



ပြည်ထဲရေးဝန်ကြီးလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ဌာနငါးခုတို့တွင် မောင်းနှင်နေသော ယာဉ်အတွင်းပိုင်းအား မြင်နိုင်သည့် နည်းပညာမြင့် လုံခြုံရေးအတွက် စစ်ဆေးနိုင်မည့် စက်ကိရိယာများနှင့် ဆက်သွယ်ရေးကိရိယာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးမြှင့်အသုံးပြုသွား တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ထောက်ပံ့ရေးဌာနမှ ညွှန်ကြားရေးမှူး ရဲမှူးကြီး ဌေးအောင်က ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။



ယင်းကဲ့သို့ နည်းပညာမြင့် စက်ကိရိယာများဖြင့် အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း စုံစမ်းသိရသည်။



“ရဲတပ်ဖွဲ့နဲ့ ဆက်စပ်ဌာနတွေမှာ နည်းပညာမြင့် လုံခြုံရေးစက်ကိရိယာတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အားလုံးကိုင်နိုင်အောင် တိုးချဲ့ခွင့်ပြုသွားမှာ ဖြစ်တယ်။ အခုလောလောဆယ်တော့ နှစ်အလိုက် ဘဏ္ဍာရေးအခြေအနေ ပေါ်မူတည်ပြီးတော့ တိုးမြ§င့်ဖြည့်ဆည်းသွား မှာဖြစ်ပါတယ်။ နိုင်ငံတကာ အသုံးပြုနေ တဲ့ နည်းပညာမြင့်တဲ့ စက်ကိရိယာတွေကို ဝယ်ယူသွားမှာဖြစ်ပါတယ်။ ဒါတွေအားလုံး ဖြည့်ဆည်းပေးပြီးရင်တော့ ပြစ်မှုဖြစ်စဉ် အများစုကိုလည်း အမြန်ဆုံး ဖော်ထုတ်ဖမ်း ဆီးနိုင်မှာ ဖြစ်သလို၊ ကြိုတင်ကာကွယ်မှု အပိုင်းမှာလည်း အများကြီးတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ထောက်ပံ့ဌာနမှ ညွှန်ကြားရေးမှူးရဲမှူးကြီး ဌေးအောင်က ပြောကြားသည်။



အဆိုပါ နည်းပညာမြင့် ဆက်ကိရိယာများကို ဖြည့်ဆည်းပေးသွားမည့် ဌာနများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။



လုံခြုံရေးအတွက် စစ်ဆေးနိုင်သည့် မိုင်းရှာဖွေရေးကိရိယာများ၊ X-ray စက်များ၊ ခရီးဝေးဆက်သွယ်ရေးပစ္စည်း၊ ခရီးတို ဆက်သွယ်ရေးပစ္စည်း စသည့်ဆက်သွယ်နိုင်သည့် ကိရိယာများပါဝင်ကြောင်း ရဲမှူးကြီး ဌေးအောင်ထံမှ သိရသည်။



ဆက်လက်၍ ရဲမှူးကြီး ဌေးအောင်က “ဒီလိုကောင်းမွန်တဲ့ ဆက်သွယ်ရေး ကိရိယာတွေကို ဝေးလံခေါင်ဖျားတဲ့ နယ်စွန်နယ်ဖျားအထိ ဖြန့်ဝေပေးသွားမှာဖြစ်တယ်။ ထူးခြားဖြစ်စဉ်တွေ၊ ထူးခြားတဲ့ အမှုကြီးဖြစ်စဉ်တွေ အကယ်၍ ဖြစ်လာခဲ့ရင် အမြန်ဆုံး ဆက်သွယ်နိုင်မှာ ဖြစ်တယ်။ ဒါ့အပြင် ဝယ်ယူမယ့် စက်ကိရိယာတွေထဲမှာ ကားတစ်စီး ဖြတ်သွားရင်တောင်မှ အဲဒီကားထဲမှာ ဘာပစ္စည်းတွေပါတယ် ဆိုတာတောင် ရှင်းရှင်းလင်းလင်း စစ်ဆေးနိုင်တဲ့ နည်းပညာမြင့်စက်တွေ ပါဝင်ပါတယ်” ဟု ဩဂုတ် ၁၆ ရက်က ပြောကြားသည်။



၂၀၁၃ ခုနှစ်အတွင်း သံတွဲပဋိပက္ခဖြစ်စဉ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)







from Eleven Media Group's Facebook Wall http://ift.tt/1oRxEAx

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...