Skip to main content

Influenza (Flu) တုပ်ကွေး



1. ဆရာခင်ဗျား ကျွန်တော် တုပ်ကွေးအကြောင်းပြည့်ပြည့်စုံစုံသိချင်ပါတယ်ခင်ဗျား။ အခု H1N1H5N1 တွေလဲ တုပ်ကွေး။ သွေးလွန်တုပ်ကွေးလဲတုပ်ကွေး။ebola လဲတုပ်ကွေး။ ယခုမိုးကာလတွင်လည်းမြန်မာတွင် တုပ်ကွေးနဲ့ နားမရှင်းပါ။ ကျေးဇူးပြု၍ အမျိုးအစား ကွဲပြားပုံအကြောင်း ဖြစ်စေသော virus နှင့် ကုသပုံတို့ကို ရှင်းပြပေးပါခင်ဗျား။

2. “ဟုတ်ကဲ့ပါဆရာ တုပ်ကွေးဖြစ်နေရင် Paracetamol တစ်ခုပဲ သောက်ရတာလား။ အများအားဖြင့် ဆရာတွေက အဲဒီဆေးပဲ ညွန်းကြတယ်ကော၊ ကျေးဇူးတင်ပါတယ်ဆရာ။”

တုပ်ကွေးကလည်း အခုခေတ်မှာ “လေးကောင်ဂျင်ရောဂါ” လား မေးရတော့မယ်။ အကောင်နာမယ်တွေနဲ့ ပြောကြတယ်။ ကြက်-ဝက်-ဆင်-မျောက်။ ဘာနာမယ် ဖြစ်ဖြစ် ဗိုင်းရပ်စ် ကနေဖြစ်တာချည်းပါဘဲ။ ဆရာဝန်တွေ သိပ်မနိုင်သေးတဲ့ အကောင်ပေါ့။ ဒီအကောင်ကို မနိုင်ပေမဲ့ မကူးစေအောင်နဲ့၊ ခံချနိုင်အောင်လောက်တော့ ရပါတယ်။


တုပ်ကွေးက အင်မတန် ကူးစက်မြန်လှတယ်။ RNA virus အုပ်စုထဲက အကောင်တွေကြောင့်ပေါ့။ ငှက်တွေရော နို့တိုက် သတ္တဝါတွေမှာလည်း ကူးတယ်။ အေ၊ ဘီ၊ စီ ဆိုပြီး မတူတာလေးတွေ ရှိသေးတယ်။ Influenzavirus A ထဲကနေမှာ နာမည်ကြီးလာတာက H1N1 ဆိုတဲ့ အကောင်ဘဲ။ ၁၉၁၈ တုံးက စပိန်မှာ စနာမည်ကြီးခဲ့တယ်။ ၁၉၅၇ မှာ အာရှတိုက်၊ ၁၉၆၈ မှာ ဟောင်ကောင်၊ အခုဖြစ်နေတာက တကမ္ဘာလုံး။


မူလလက်ဟောင်း တုပ်ကွေးအကြောင်းဘဲ ရေးပါမယ်။ မလွဲမသွေဖြစ်မှာက ဖျား၊ ချောင်းဆိုးနဲ့ နှာခေါင်း ပွစိပွစိဖြစ်တာ။ ချမ်း၊ ကိုယ်ပူ၊ လည်ချောင်းနာ၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ အားယုတ်၊ မအီမသာဖြစ်၊ ပျို့-အန်။ ဝမ်းပျက်ရင် အစာအိမ်-တုပ်ကွေးလဲ ခေါ်တယ်၊ ၂၄ နာရီ တုပ်ကွေးလဲ ခေါ်တယ်။ သူနဲ့ ရုပ်ချင်းခွဲမရအောင် တူတဲ့ အအေးမိတာထက် ပိုဆိုးသွမ်းတယ်။ အပူချိန် ပိုများတယ်။ အား ပိုယုတ်တယ်။


ရောဂါကူးနည်း ၃ နည်း ရှိတယ်။ (၁) ဖြစ်နေသူ ချောင်းဆိုး-နှာခြေလို့ ထွက်တာတွေ လေထဲပါနေတာကို ရှူမိရင်၊ (၂) ချောင်းဆိုး-နှာခြေတာတွေက တခြားလူရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ထဲ ဝင်မိရင်၊ (၃) လက်ကနေ မျက်စိ-နှာခေါင်း-ပါးစပ်ထဲ ဝင်တာကြောင့်ပါ။ လူတယောက် နှာချေတာထဲမှာ ဝ့၅ ကနေ ၅ μm သာရှိတဲ့ အမှုံပေါင်း လေးသောင်းပါနိုင်တယ်။ μm ဆိုတာ တမီတာရဲ့ တသန်းပုံတပုံသာရှိတာကို ခေါ်တယ်။ ဒါ့အပြင် ရောဂါသည် ငှက်က ချေးပါချတာ ခံရရင်။ ကံ အတော် မကောင်းသူပေါ့ဗျာ။


တုပ်ကွေးအတွက် (ပါရာစီတမော) တခုထဲတော့ မဟုတ်ပါ။ ဆရာဝန်တွေ ဒိထက်မက တတ်ပါတယ်။ နှာစေးနေရင်၊ (အင်တီဟစ်စ်တမင်း) ပါတဲ့ဆေး၊ ချောင်းဆိုရင် ချောင်းဆိုး ပျောက်ဆေး။ တခါထဲ ပြောပါအုံးမယ်၊ ချောင်းဆိုး ပျောက်ဆေး ဆိုတာ အမျိုးမျိုးရှိတယ်။ တံဆိပ်ကို ပြောတာ မဟုတ်ဘူး။ Dry cough ချောင်းခြောက်ဆိုးတာအတွက်၊ Expectorant ချွဲတွေ ထွက်အောင်အတွက်၊ လေပြွန်ကျဉ်းပြီး Asthma ပန်းနာလို ကြပ်နေတာအတွက်၊ Dissolvent ချွဲပျော်စေအောင်၊ ချောင်းဆိုးပျောက်ဆေး၊ ၃-၄ မျိုးရှိတယ်။ အားယုတ်ရင် ဗီတာမင်နဲ့ အစားအသောက်။ အနေအထိုင် ဂရုစိုက်ဘို့ကလည်း အရေးပါသေးတာ။ ကိုယ့်ဆီကနေ သူများ၊ သူများဆီကနေ ကိုယ့်ဆီ မကူးအောင်။ မရသေးရင် ကျောင်းတွေ ပိတ်ခိုင်းတာလဲ လုပ်ရသေးတယ်။ ကာကွယ်ဆေး ရှိတာမျိုးကြ ထိုးပေါ့။


တုပ်ကွေး Vaccine ကာကွယ်ဆေးလည်း ထိရောက်သင့်သလောက် ထိရောက်နေပါပြီ။ ကူးစက်ခံရနိုင်လောက်သူတွေကို ထိုးပေးသင့်တယ်။ ပေါ်တာ သိပ်မကြာသေးတဲ့ ဗိုင်းရပ်စ် ကုသဆေးကို စောစောပေးရင် ကောင်းတယ်။ Neuraminidase inhibitors နဲ့ M2 inhibitors (Adamantanes) ၂ မျိုးသုံးနေတယ်။


ကိုက်တာ၊ ဖျားတာအတွက် (ပါရာစီတမော) Acetaminophen/Paracetamol သောက်။ ကလေးဖြစ်ဖြစ်၊ လူကြီးမှာ လေနာရှိရှိ သောက်နိုင်လို့ပါ။ သွေးလွန်တုပ်ကွေး အတွက်လဲ စိတ်ချရတယ်။ ကလေးနဲ့ လူငယ်တွေကို Aspirin မပေးသင့်ဘူး။ ပဋိဇီဝဆေး မတိုးပါ။ တခုတော့ရှိတယ် တုပ်ကွေး မိနေရင်း ဗက်တီရီးယားကြောင့် နူမိုးနီးယား ရရင်တော့ ဒါပါပေးရမယ်။


အရက်လျှော့-ရှောင်၊ ဆေးလိပ်လျှော့-ရှောင်ပါ။ တုပ်ကွေးမိရင် နေရောင်က ကောင်းတယ်။ ပိုးကို သေစေနိုင်တယ်။ လက်ဆေး-ကိုယ်လက် သုတ်သင်တာ မကြာမကြာ လုပ်တာ ကောင်းတယ်။ တုပ်ကွေးမိသူ ရေများများ သောက်ရတယ်။


အပြင်းစားနဲ့ ညားရင် နူမိုးနီးယား ဖြစ်တတ်သေးတယ်။ အသက်ငယ်လွန်း၊ ကြီးလွန်းရင် ကံမကောင်း အကြောင်းမလှ ဖြစ်ရတတ်တယ်။ တုတ်ကွေးကင်းတဲ့ ရာစုနှစ်ရောက်ဘို့ ဆရာဝန်တွေ စိတ်ကူးမယဉ်နိုင်ကြသေးပါ။


Dr. တင့်ဆွေ

http://ift.tt/1rGO2aq







from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1rGO0zj

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...