Skip to main content

ရေနံ့သာကျေးရွာ ယာမြေဧက ၉၀ ကျော်တွင် ထွန်တုံးတိုက်ပွဲဝင် အောင်ကိုဦး မန္တလေးတိုင...



ရေနံ့သာကျေးရွာ ယာမြေဧက ၉၀ ကျော်တွင် ထွန်တုံးတိုက်ပွဲဝင်



အောင်ကိုဦး



မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာရှိ ကွင်းအမှတ်-၁၅၃နှင့် ကွင်းအမှတ်-၁၅၄ရှိ ယာမြေဧက ၉၀ ကျော် ကို ၁၉၉၁ ခုနှစ်တွင် ကျန်းမာရေး ၀န်ကြီးဌာနက ရေနံ့သာ အနာကြီးရောဂါ ဆေးရုံတိုးချဲ့တည် ဆောက်ရန် သိမ်းယူခဲ့သော်လည်း ယနေ့အချိန်ထိ တည်ဆောက်ခြင်းမရှိဘဲ ဆေးရုံက သီးစားပြန်ချထား နေသဖြင့် အဆိုပါမြေများ ပြန်လည်ရရှိစေရန် မူလပိုင်ရှင် ဒေသခံတောင်သူ ၄၀ ကျော်တို့သည် ဧပြီလ ၈ ရက် နံနက် ၉ နာရီ မှစ၍ ထွန်တုံးတိုက်ပွဲဝင်လျက်ရှိသည်။



“ကိုယ့်မြေကိုယ်ပြန်ယူတာပါ။အခုချိန်ထိ ဆေးရုံမဆောက်ဘဲ ဆေးရုံအုပ်ကြီးက သီးစားချစားနေတယ်။ ဒါကို လုံးဝလက်သင့်မခံဘူး။ ကျွန်တော်တို့တွေသာ ယာမဲ့မြေမဲ့ဖြစ်ပြီး ဆယ်စုနှစ်နှစ်ခုကျော် ဒုက္ခမျိုး စုံကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်တို့ဘ၀တွေကို ပြန်ကြည့်ပေးသင့်ပါတယ်။



“လုပ်ကိုင်ခွင့်လေး ပြန်ရဖို့ အကြိမ်ကြိမ် ဆေးရုံအုပ်ကြီးစီသွားပြီး တောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမြေတွေ က ဆေးရုံကပိုင်တာ ပြန်မပေးနိုင်ဘူးလို့ ပြန်ပြောခဲ့ တယ်။ ၂၀၁၃ အောက်တိုဘာ ၂၂ ရက်ကလည်း သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကို စာတင်ပြီး တောင်းဆိုတာ ဘာမှထူး ခြားမလာဘူး။ ဒါကြောင့် ယာမြေတွေ ပြန် ရအောင် ထွန်တုံးတိုက်ပွဲဝင်ရတာပါ”ဟု ထွန်တုံးတိုက်ပွဲ ဦးဆောင်သူ ဦးစံတူက မဇ္ဈိမကို ပြောသည်။



ကျန်းမာရေးဝန်ကြီးဌာနက မြေများသိမ်းယူခဲ့စဉ်က တောင်သူများအား မြေယာလျော်ကြေးမပေးသည့် အပြင် အရေးယူခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။



ဆေးရုံတည်ဆောက်ရန်သိမ်းယူခဲ့စဉ်က ယာမြေဧက ၁,၉၄၆ ဧကရှိပြီး ဆေးရုံ တည်ဆောက်သော မြေ ဧကမှ ၁၀၀ ကျော်သာ ရှိသည်။ ကျန်မြေများအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဂရိတ်ဝေါ ကုမ္ပဏီနှင့် အကျိုးတူကြံစိုက်ပျိုးရန် သီးစားချထားခဲ့ကြောင်း ဒေသခံတောင်သူ ဦးစံတူက ပြောသည်။



ထိုပိုလျှံနေသော ယာမြေများကို မူလပိုင်ရှင်ထံပြန်ပေးသင့်ကြောင်း၊ ယခုဧက ၉၀ ကျော်ကိုသာ ရေနံ့ သာကျေးရွာမှ ထွန်တုံးတိုက်ပွဲဝင် တောင်းဆိုနေသော်လည်း ပိုလျှံယာမြေအားလုံးပြန်လည် ရရှိအောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ဒေသခံများ၏ဘိုးဘွားပိုင် ပိုင်ဆိုင်မှုအထောက်အထားများ ရှိကြောင်း သိရသည်။



“ကျွန်တော်တို့ မရမချင်း တိုက်ပွဲဝင်သွားမယ်။ ဒီနေ့ ကျွန်တော်တို့ ကျေးရွာပိုင် ဧက ၉၀ ကို သိမ်းယူလိုက် ပါပြီ။ မိုးကျတာနဲ့ ပဲကြဲစိုက်ပျိုးသွားမယ်။ သူတို့ကို အ၀င်မခံတော့ဘူး။ မဖြစ်ဖြစ်တဲ့ နည်းနဲ့ကာကွယ်သွား မှာပါ”ဟု ဦးစံတူက ပြောသည်။



ယာမြေသိမ်းယူခံရသော ဒေသခံတောင်သူများသည် မိမိတို့၏ ဘိုးဘွားပိုင်မြေများကို ပြန်လည်သိမ်းယူကာ ဘိုးဘွားပိုင်မြေမကျူးကျော်ရ ဆိုင်းဘုတ်များကို ယာမြေများပေါ်တွင်စိုက်ထူ၍ ယာမြေဧက ၉၀ ကျော်ပေါ် တွင် အလံနီများ လိုက်လံစိုက်ထားပြီး သိမ်းပိုက်လိုက်ကြောင်း ဒေသခံများက ပြောသည်။



ထွန်တုံးတိုက်ပွဲဝင်ခြင်းကို သက်ဆိုင်ရာကို အသိပေးလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယာသိမ်းခံတောင်သူ များသည် ယာမြေပေါ်တွင် တဲထိုးကာ နေ့စဉ် ထွန်တုံး တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာက အရေးယူလုပ်ဆောင်ပါက တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။



ထိုသို့ ထွန်တုံးတိုက်ပွဲဝင်နေသူများအား တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရေနံ့သာ အနာကြီး ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာက မဇ္ဈိမကို ပြောသည်။



“တရားသောနည်းနဲ့ တောင်းဆိုလို့ ရပါတယ်။ သူတို့ဟာ မှန်ရင် ပြန်ရမှာပေါ့။ အခုဟာက ဆေးရုံပိုင်ဖြစ် နေတယ်။ အဲဒါကြောင့် ဥပဒေအတိုင်းဆောင်ရွက်သွားမှာပါ။“ပိုလျှံနေတဲ့မြေတွေကို ကျန်မတို့ ၀န်ကြီးဌာန က စွန့်လွှတ်ခိုင်းတာနဲ့ ကျွန်မတို့ စွန့်လွှတ်ပေးသွားဖို့အသင့်ပါ။ ကျွန်မတို့ ပိုင်တာလည်း မဟုတ်ဘူး။ ဌာန ပိုင်မြေပါ။ ပိုတယ်မပိုဘူးဆိုတာ ကျွန်မပြောလို့ မရဘူး။ အခုလောလောဆယ် ပိုနေတယ်ဆိုတာ မှန်ပါ တယ်။ ဒါပေမဲ့ အနာဂတ်စီမံကိန်း ဘာရှိမယ်ဆိုတာ ကျွန်မ မသိဘူး။သီးစားချပေးထားတာလည်း ဟုတ်ပါ တယ်။ ဒါက ၀န်ထမ်းသက်သာအတွက်ပါ။ တချို့ ၀န်ထမ်းလည်း ကိုယ်တိုင်စိုက်တာရှိပါတယ်။ ဂရိတ်ဝေါ ကုမ္ပဏီနဲ့က အကျိုးတူကြံစိုက်နေတာပါ”ဟု အဆိုပါဆေးရုံအုပ်ကြီးက ပြောသည်။



ယင်းယာမြေ ၁,၉၄၆ဧကကို ကျန်းမာရေးဝန်ကြီးဌာနက တိုက်ရိုက်သိမ်းယူခဲ့ ခြင်းမဟုတ်ဘဲ ဗာဂျီးနီးယား ထုတ်စက်ရုံက ဗာဂျီးနီးယားစိုက်ပျိုးရန်သိမ်းယူခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်ကြောင်း ဒေါက်တာမြတ်သီတာက ရှင်းပြသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/Q4zeFM

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...